ဂျာမန်အဖွဲ့မှ မြန်မာ့နှမ်းကို အဆင့်မြှင့်စိုက်ပျိုးထုတ်လုပ်ကာ ပြည်ပဈေးကွက် တင်ပို့မည်


15 May, 2019

ဂျာမနီနိုင်ငံမှ နိုင်ငံတကာ အထောက်အကူပေးရေးအဖွဲ့အနေဖြင့် မြန်မာ့နမ်းကို အဆင့်မြှင့်စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကြိတ်ခွဲခြင်းများပြုလုပ်ကာ ပြည်ပဈေးကွက်တင်ပို့မှာဖြစ်ကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ဦးစီးအရာရှိ ဒေါ်သက်သက်နိုင်၏ ပြောကြားချက်အရ သိရပါတယ်။

အဆိုပါအဖွဲ့အနေဖြင့် နှမ်းနဲ့ပတ်သက်တဲ့ ထုတ်လုပ်မှုဖွံ့ဖြိုးရေးလုပ်ငန်းများကို မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အဆိုပြုချက်အရ ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။

ဂျာမနီနိုင်ငံက လုပ်ပေးမှာဆိုတော့ ဆီထွက်သီးနှံကဏ္ဍမှာ အရင်ကထက်ပိုကောင်းလာမယ့် အနေအထားရှိတယ်။ အရင်ကလည်း မြေပဲနဲ့ ပတ်သက်တဲ့ စီမံချက်တစ်ရပ် လုပ်ဆောင်ထားတာ ရှိပါတယ်။ မြန်မာ့နှမ်းဈေးကွက်က ကမ္ဘာ့ ဈေးကွက်မှာ ဝယ်လိုအားမကောင်းမွန်တဲ့ သီးနှံအမျိုးအစားပါလို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

မြန်မာ့နမ်းကို ဝယ်ယူမှုအများဆုံးမှာ တရုတ်နိုင်ငံ ဖြစ်ပေမယ့်လည်း ဥရောပနိုင်ငံဈေးကွက်များကို တိုးချဲ့တင်ပို့ခဲ့ရာ အောင်မြင်မှုရှိခဲ့သောကြောင့် အလားအလာကောင်းမွန်တဲ့ ပို့ကုန်တစ်ခုအဖြစ် သတ်မှတ်ခံထားရပြီး နိုင်ငံတကာအဆင့်မီ ဖြစ်လာစေရန် ထုတ်လုပ်မှု အဆင့်အတန်းမြင့်မားရေး၊ ကြိတ်ခွဲခြင်း၊ ဈေးကွက်တင်ပို့ခြင်း အစရှိတဲ့ နည်းပညာအကူအညီများ ပေးသွားမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ပေါ်မှာ နှမ်းစိုက်ပျိုးမှု ဒုတိယအများဆုံးနိုင်ငံဖြစ်သလို နမ်းစိုက်ပျိုးတဲ့အခါမှာလည်း ဓာတုပစ္စည်း အသုံးပြုမှု အနည်းဆုံးဖြစ်သဖြင့် ဥရောပနိုင်ငံများကို တင်ပို့နိုင်ခြင်းဖြစ်ပါတယ်။

Pyi Myanmar

Export, Import Read 536 times