ကုလသမဂ္ဂ၏ အထူးပြု အေဂျင်စီတစ်ခု ဖြစ်သော World Intellectual Property Organization (WIPO) က Global Innovation Index (GII ) ကို ၂၀၂၁ ခုနှစ်အတွက် ထုတ်ပြန်ခဲ့သည်။
နိုင်ငံစီးပွားရေး ၁၃၂ ခုကို ဆန်းစစ်ပြီး ထုတ်ပြန်ထားသော ထီတွင်ဆန်းသစ်မှုအညွှန်းဖြစ်သည်။
GII 2021 တွင် ထိပ်တန်း ၅ နိုင်ငံမှာ
၁။ ဆွစ်ဇာလန်
၂။ ဆွီဒင်
၃။ အမေရိကန်
၄။ ယူနိုက်တက်ကင်းဒမ်း
၅။ တောင်ကိုရီးယား
တို့ ဖြစ်ပါသည်။
မြန်မာနိုင်ငံသည် အဆင့် (၁၂၇၀ ဖြစ်ပါသည်။
တောင်ကိုရီးယားသည် ထိပ်တန်း နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်သူ ငါးနိုင်ငံတွင် ပထမဆုံးအကြိမ် ပါဝင်ခြင်း ဖြစ်သည်။ ယခင် အဆင့် (၁၀) မှ ယခုနှစ် Global Innovation Index တွင် အဆင့်(၅) သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
အာရှနိုင်ငံ တစ်ခုဖြစ်သော စင်ကာပူနိုင်ငံသည် အဆင့်(၈) တွင် ရှိနေသည်။ ယခင်နှစ်ကလည်း အဆင့်(၈) တွင် ရှိခဲ့သည်။
တရုတ်နိုင်ငံသည် အဆင့် (၁၄)မှ အဆင့် နှစ်ဆင့်မြင့်တက်ပြီး အဆင့် (၁၂) သို့ ရောက်ရှိသည်။
ဂျပန်နိုင်ငံသည် အဆင့် (၁၆) မှ အဆင့် (၁၃) သို့ မြင့်တက်လာသည်။
ကိုဗစ်ကပ်ရောဂါ ကျရောက်နေသော်လည်း သုတေသနနှင့် ဖွံ့ဖြိုးရေး ကြိုးပမ်းမှုများသည် တစ်ကမ္ဘာလုံး အတိုင်းအတာအရ အားကောင်းနေဆဲ ဖြစ်သည်ဟု GII အစီရင်ခံစာတွင် ဖော်ပြထားသည်။
WIPO မှ တစ်ဆင့် မူပိုင်ခွင့် လျှောက်ထား ရယူခြင်းများသည် ၃.၅% မြင့်တက်ခဲ့ရာ စံချိန်သစ်တစ်ခုဖြစ်ပြီး ဆေးဘက်ဆိုင်ရာ နည်းပညာ၊ ဆေးဝါးနှင့် ဇီဝနည်းပညာတို့က အများစု ဖြစ်သည်။
ထိပ်တန်း (၅၀) နိုင်ငံစာရင်းသို့ အသစ်ရောက်လာသည့် နိုင်ငံများမှာ တူရကီ၊ ထိုင်း၊ ဗီယက်နမ်နှင့် အိန္ဒိယ နိုင်ငံများ ဖြစ်သည်။
သိသိသာသာ တိုးတက်ဖြစ်ပေါ်မှုများ ရှိခဲ့သည့် အာရှနိုင်ငံများမှာ တူရကီ၊ ဗီယက်နမ်၊ အိန္ဒိယနှင့် ဖိလစ်ပိုင် နိုင်ငံများ ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။
GII 2021 အဆင့်အုပ်စုအလိုက် အာရှနိုင်ငံများ
(အာရှအနောက်ပိုင်းမှအပ)
Rank Top 15
5 တောင်ကိုရီးယား
8 စင်ကာပူ
12 တရုတ်
13 ဂျပန်
14 ဟောင်ကောင်
Rank Top 50
36 မလေးရှား
43 ထိုင်း
44 ဗီယက်နမ်
46 အိန္ဒိယ
Rank Top 60
51 ဖိလစ်ပိုင်
58 မွန်ဂိုလီယား
60 အီရန်
Rank Top 100
79 ကာဇက်စတန်
82 ဘရူနိုင်
86 ဥဘက္ကစ္စတန်
87 အင်ဒိုနီးရှား
95 သီရီလင်္ကာ
98 ကီရာဂစ္စတန်
99 ပါကစ္စတန်
Rank Top 130
103 တာဂျီကစ္စတန်
109 ကမ္ဘောဒီးယား
111 နီပေါ
116 ဘင်္ဂလားဒေ့ရှ်
117 လာအို
127 မြန်မာ
Source: Global Innovation Index Database, WIPO, 2021