၂၀၂၀ ခုနှစ် တစ်နှစ်တာကာလအတွင်း ကမ္ဘာတစ်လွှား စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၂ ထရီလီယံ ရှိတယ်လို့ Stockholm International Peace Research Institute စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ကမ္ဘာတစ်လွှား စစ်အသုံးစရိတ် ပုံမှန်စာရင်းပြုစုခြင်းကို ၁၉၈၈ ခုနှစ်မှာ စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ်ဟာ စစ်အသုံးစရိတ် အများဆုံးသုံးစွဲခဲ့တဲ့ နှစ်ဖြစ်ပါတယ်။ ယမန်နှစ်ကထက် ၂.၆% ပိုများခဲ့ပါတယ်။
စစ်အသုံးစရိတ် အများဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ အမေရိကန်က ပထမနေရာမှာ ရှိပါတယ်။ အမေရိကန်ဒေါ်လာ ၇၇၈ ဘီလျံ သုံးစွဲခဲ့တယ်။
ဒုတိယနေရာမှာ တရုတ်နိုင်ငံ ရှိနေပြီး အမေရိကန်ဒေါ်လာ ၂၅၂ ဘီလျံ သုံးစွဲခဲ့ပါတယ်။
အိန္ဒိယနိုင်ငံက တတိယနေရာမှာ ရှိနေပြီး အမေရိကန်ဒေါ်လာ ၇၂.၉ ဘီလျံ သုံးစွဲခဲ့ပါတယ်။
စတုတ္တကနေ ဒသမနေရာအထိ အစဉ်အလိုက်အားဖြင့် ရုရှား၊ ဗြိတိန်၊ ဆော်ဒီအာရေဗျ၊ ဂျာမနီ၊ ပြင်သစ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပါဝင်ကြတယ်။
ထိပ်တန်း ၁၅ နိုင်ငံတို့ရဲ့ စစ်အသုံးစရိတ် စုစုပေါင်း ပမာဏဟာ တစ်ကမ္ဘာလုံး သုံးစွဲတဲ့ စစ်အသုံးစရိတ်စုစုပေါင်း ပမာဏရဲ့ ၈၁% ရှပြီး ထိပ်တန်း ၁၀ နိုင်ငံတို့ရဲ့ စစ်အသုံးစရိတ် စုစုပေါင်း ပမာဏဟာ ၇၅% ရှိပါတယ်။
စစ်အသုံးစရိတ် ထိပ်တန်း ၁၀ နိုင်ငံတို့ရဲ့ စာရင်းကို ယမန်နှစ်နဲ့ ယှဉ်ကြည့်ရင် နေရာအနည်းအငယ် ပြောင်းလဲမှုသာ ရှိပြီး ပါဝင်ကြတဲ့ ၁၀ နိုင်ငံ အတူတူပဲ ဖြစ်တာ တွေ့ရတယ်။
Ranking |
2020 ($ billion) |
2019 |
1 |
United States (778) |
United States |
2 |
China (252; estimated) |
China |
3 |
India (72.9) |
India |
4 |
Russia (61.7) |
Russia |
5 |
Britain (59.2) |
Saudi Arabia |
6 |
Saudi Arabia (57.5; estimated) |
Britain |
7 |
Germany (52.8) |
France |
8 |
France (52.7) |
Germany |
9 |
Japan (49.1) |
Japan |
10 |
South Korea (45.7) |
South Korea |
Created by Nippon.com based on data from the Stockholm International Peace Research Institute.