၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်
သောကြာနေ့ ရွှေဈေးငွေဈေး
ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည်
အမေရိကန်တစ်ဒေါ်လာကျပ် 1910~1940 ဝန်းကျင်ဖြစ်သည်။
ဗဟိုဘဏ် ရည်ညွှန်းဈေး 1,778.0(±0.5) ဖြစ်ပါသည်။
အခြားငွေကြေး ငွေလဲနှုန်းများမှာ
ယူရို ဒေါ်လာ 2065 ကျပ်၊
စင်ကာပူ ဒေါ်လာ 1365 ကျပ်၊
မလေးရှား ရင်းဂစ် 432 ကျပ်၊
ထိုင်း ဘတ် 57 ကျပ်၊
ဂျပန် ယန်း 15.9 ကျပ်
တရုတ် ယွမ် 307 ကျပ်၊
တို့ ဖြစ်သည်။
ဒေါ်လာ အတက်ဘက်ရောက်နေ
၆ ဇန်နဝါရီ ၂၀၂၂
၂၀၂၁ ရဲ့ဒိဇင်ဘာလဆန်းကနေ စခဲ့သည့် အမေရိကန်ဒေါ်လာ/မြန်မာကျပ် USD/MMK ဖလှယ်နူန်း အတက်သည် ၂၀၂၂ အပြောင်း ဇန်နဝါရီလ ပထမပတ်အထိ မရပ်မနား ရဲတင်းစွာဖြင့် အတက် ဈေးဘက်သွားနေပါသည်။
Earning (ခေါ်) ပို့ကုန်ရငွေ ဈေးနှုန်းသည် ပုံမှန်အားဖြင့် ဒေါ်လာအရွက်(ဒေါ်လာငွေစက္ကူ)ဈေးနှုန်းထက် ပိုများပါသည်။
Earning သည် မူလနေရာဖြစ်သော ဒေါ်လာအရွက်(ဒေါ်လာငွေစက္ကူ)ဈေးအထက် အပေါ်သို့ တစ်ကျော့ပြန်ပြီး နေရာမှန်သို့ ရောက်ရှိနေပြန်ပါသည်။
ဒေါ်လာအရွက် ဈေးနှုန်း
1USD = 1925~1930 MMK
ပို့ကုန်ရငွေ earning ဈေးနှုန်း
1USD = 1935~1940 MMK
ခိုင်မြဲမလားဆိုသည်ကတော့ ဘာမဆိုင်ညာမဆိုင်ဒေါ်လာထွတ်ဝယ်သူများ မကြောက်မရွံ့တိုးလာပါက ဒေါ်လာအရွက်ဈေးနှုန်းအောက်သို့ ပို့ကုန်ရငွေ ရောင်းဈေးနှုန်း ပြန်ရောက်သွားနိုင်ပါသည် ။
သွင်းကုန်တွေကတော့ ဒေါ်လာအတက်မှာ ဈေးချက်ချင်း တက်မည်ဖြစ်သည်။
Crd OK Rice Sales Center
ဗဟိုဘဏ် အမေရိကန်ဒေါ်လာ ၁၅,၀၀၀,၀၀၀ ရောင်းချ
=====
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ ၁၅,၀၀၀,၀၀၀ ကို ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁,၇၇၈.၀ ကျပ် ဖြင့် ရောင်းချခဲ့ပါသည်။
ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)
အသင်းနှစ်ပတ်လည် အစည်းအဝေးကို
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့ မနက်ဖြန်တွင်
ပြည်သူ့ရင်ပြင်၌ ကျင်းပမည်။
ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး
အဖွင့်စျေး 1,823,000
နေ့လယ်ပိုင်း 1,822,500
အပိတ်ဈေး 1,824,500
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ 1,720,500 ဝန်းကျင်ဖြစ်သည်။
ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1,792 ဝန်းကျင်ရှိပါသည်။