၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃ ရက်
ဗုဒ္ဓဟူးနေ့ ရွှေဈေးငွေဈေး
ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည်
အမေရိကန်တစ်ဒေါ်လာကျပ် 1920~1950 ဝန်းကျင်ဖြစ်သည်။
မွန်းလွဲ ၁ နာရီ ရန်ကုန် စျေးကွက်အတွင်း
အခြားနိုင်ငံခြားငွေကြေးများလဲလှယ်မှု နှုန်းထားများမှာ
ယူရို 2075 ကျပ်၊
စင်ကာပူ ဒေါ်လာ 1350 ကျပ်၊
မလေးရှား ရင်းဂစ် 430 ကျပ်၊
ထိုင်း ဘတ် 57 ကျပ်၊
ဂျပန် ယန်း 17 ကျပ်
တရုတ် ယွမ် 290 ကျပ်၊
အိန္ဒိယ ရူပီ 25 ကျပ်
ဩစတေးလျ ဒေါ်လာ 1375 ကျပ်
ဗြိတိန် ပေါင် 2550 ကျပ်
တို့ ဖြစ်သည်။
ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1781 ဝန်းကျင်ရှိပြီး
ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး
အဖွင့်စျေး 1,780,000
နေ့လယ်ပိုင်း 1,787,000
အပိတ်ဈေး 1,787,000
Source YGEA
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ 1,688,000 ဝန်းကျင်ဖြစ်သည်။
ကမ္ဘာ့ရွှေကောင်စီ World Gold Council (WGC) ထုတ်ပြန်ချက်
တတိယ သုံးလပတ်(ဇူလိုင်- စက်တင်ဘာ) ကာလအတွင်း ယခင် သုံးလပတ် ( ဧပြီ-ဇွန်) ထက် ကမ္ဘာ့ရွှေဝယ်လိုအား ၁၃% ကျဆင်းခဲ့တယ်လို့ ကမ္ဘာ့ရွှေကောင်စီ World Gold Council (WGC) က ထုတ်ပြန်ပါတယ်။
ရွှေချောင်း ရောင်းဝယ်ဖလှယ်တဲ့ ရန်ပုံငွေများ gold exchange-traded funds (ETFs) မှာလည်း အရောင်းပိုများခဲ့တယ်။
ရွှေကုန်သည်တွေ မှန်းဆထားတာကတော့ အမေရိကန်မှာ ငွေဖောင်းပွမှု ဖြစ်ပေါ်တဲ့အလျောက် ရွှေဈေး လိုက်တက်လိမ့်မယ်။
လက်ကြီးသမား ရင်းနှီးမြှုပ်နှံသူတွေက gold exchange-traded funds တွေမှာ သူတို့ ငွေချေထားတဲ့ ရွှေချောင်းတွေ ပြန်ရောင်းပြီး ပြန်အမ်းငွေ ရယူနေကြချိန်မှာ လက်ဝတ်ရတနာ လုပ်ကိုင်နေသူများ၊ ဗဟိုဘဏ်များ၊ ကုမ္ပဏီငယ်များ၊ လက်လီရွှေဝယ်ပြီး ရင်းနှီးမြှုပ်နှံသူများ အကြားမှာတော့ ဝယ်လိုအား ဆက်လက် အားကောင်းနေတယ်။
ကမ္ဘာတစ်လွှားရှိ ဗဟိုဘဏ်တွေက ကိုဗစ်ကြောင့် ရွှေအဝယ်နှေးခဲ့ကြတယ်။ လုပ်ငန်းအများအပြား မလွှဲမရှောင်သာ ပိတ်ထား ကြရတာကြောင့် အလုပ်လက်ရှိ လူဦးရေ လျော့ကျသွားလို့ ရွှေဝယ်နိုင်စွမ်း လျော့နည်း သွားတယ်။ လက်ဝတ်လက်စား ရွှေထည် အရောင်း လျော့ကျတယ်။ အထူးသဖြင့် အာရှမှာ လျော့ကျခဲ့ပါတယ်လို့ WGC က ပြောကြားပါတယ်။
ဒါပေမဲ့ လုပ်ငန်းတွေ ရပ်ထားရပြီး လက်ထဲရှိနေတဲ့ငွေတွေ ကိုင်မထားချင်လို့ ရွှေကို စိတ်ချရတဲ့ ပိုင်ဆိုင်မှုတစ်မျိုးအဖြစ် ဝယ်ယူကြတာ များပြားခဲ့တယ်။
ရွှေစီးပွားရေး ပြန်နာလန်ထလာနေပြီး ဗဟိုဘဏ်တွေကလည်း ရွှေတွေပြန်ဝယ်လာကြတယ်။ လက်လီရွှေဝယ်စုသူတွေလည်း ပိုများလာနေတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ လက်ကြီးသမားရင်းနှီးမြှုပ်နှံသူတွေကတော့ gold exchange-traded funds တွေမှာ မဝယ်ကြသေးလို့ အားလုံးကို ခြုံငုံကြည့်ရင် ကမ္ဘာ့ရွှေ ဝယ်လိုအား ကျဆင်းနေပါတယ်။
ကမ္ဘာ့ရွှေကောင်စီ World Gold Council (WGC) က ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ်မှာ လက်ဝတ်လက်စား အတွက် ဝယ်ယူမှု ရွှေတန်ချိန် ၁၇၀၀~၁၈၀၀ ရှိမယ်။ ဗဟိုဘဏ်များမှ ဝယ်ယူမှု တန်ချိန် ၄၅၀ ကျော် ရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
tnt