၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၆ ရက် စနေနေ့တွင်
ကမ္ဘာ့ ဒေါ်လာစျေး အညွှန်းကိန်း ၉၃ ပွိုင့်ဝန်းကျင် ရှိပြီး
နိုင်ငံခြားငွေလဲနှုန်းသည်
အမေရိကန်တစ်ဒေါ်လာကျပ် ၂၀၉၀ ဝန်းကျင်ဖြစ်သည်။
မွန်းလွဲ ၁ နာရီခွဲ ရန်ကုန် စျေးကွက်အတွင်း အခြားနိုင်ငံခြားငွေကြေးများလဲလှယ်မှု နှုန်းထားများမှာ
ယူရို ၂၂၂၅ ကျပ်၊
စင်ကာပူ ဒေါ်လာ ၁၄၀၀ ကျပ်၊
မလေးရှား ရင်းဂစ် ၄၄၀ ကျပ်၊
ထိုင်း ဘတ် ၆၀ ကျပ်၊
ဂျပန် ယန်း ၁၇ ကျပ်
တရုတ် ယွမ် ၃၀၀ ကျပ်၊
အိန္ဒိယ ရူပီ ၂၆ ကျပ်
ဩစတေးလျ ဒေါ်လာ ၁,၄၀၀ ကျပ်
ဗြိတိန် ပေါင် ၂၆၀၀ ကျပ်
တို့ ဖြစ်သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၆ ရက် စနေနေ့တွင်
ကမ္ဘာ့ရွှေစျေး တစ်အောင်စ ဒေါ်လာ ၁၇၆၇ ဝန်းကျင်ရှိပြီး ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ ကျပ် ၁၈၄၄၀၀၀ ဝန်းကျင်သို့ ဆက်လက်ကျဆင်းခဲ့သည်။
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁၇၃၁၅၀၀ ဝန်းကျင်ဖြစ်သည်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) အစည်းအဝေးကျင်းပ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) လပတ် အလုပ်အမှုဆောင်အစည်းအဝေးကို အောက်တိုဘာလ (၁၆)ရက်နေ့ မနက်ပိုင်းက အသင်းရုံးအစည်းဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။
အစည်းအဝေး အဖွင့်အမှာစကားကို အသင်းနာယက ဦးစန်းလွင်က ပြောကြာပြီးနောက် အသင်းဥက္ကဋ္ဌဦးမျိုးမြင့်က အမှာစကားပြောကြားခဲ့သည်။
ထိုနောက် အသင်းအထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က အလှူဒါန ရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အသင်းဝင်များထံမှအတည်ပြုချက် ရယူသည်။
အစည်းအဝေးတွင် Paper Gold (စက္ကူရွှေ) အကြောင်းကို အသင်း၏ စီးပွားရေးအကြံပေး ဦးဇော်မင်းလတ် နှင့် ရွှေဘဏ်မှ တာဝန်ရှိသူများက power point slideများဖြင့် ပြည့်ပြည့်စုံစုံရှင်းလင်းတင်ပြခဲ့သည်။
အသင်း၏ ဒုတိယဥက္ကဌ ဦးမောင်မောင်ထွေး (ရွှေလီရွှေဆိုင်)က သိရှိလိုသည့်အချက်များအား မေးမြန်းရာ အသင်း၏ စီးပွားရေးအကြံပေးက ပြန်လည်ဖြေကြားပေးခဲ့သည်။
ယနေ့ကျင်းပသည့်အစည်းအဝေးတွင်
Paper Gold
ရွှေကို ဘဏ်တွင်အပ်ထားပြီး ဘဏ်မှထုတ်ပေးသည့် အာမခံကတ်ကို အရောင်းအဝယ်ပြုလုပ်သည့် Paper Gold ဖြင့် အရောင်းအဝယ်ပြုလုပ်သည့် စနစ်ဖြစ်သည်။ လုပ်ငန်းရှင်တစ်ဦးအနေဖြင့် ရွှေကို ဘဏ်တွင် အပ်နှံထားပြီး အာမခံကုမ္ပဏီတစ်ခု ၊ ဘဏ်ရှိရာဖြတ်တို့၏ စစ်ဆေးမှုခံယူပြီးမှသာ အပ်နှံမှုအလိုက် သက်ဆိုင်ရာကုတ်နံပါတ်ဖြင့် အာမခံကတ်ကို ထုတ်ပေးကြောင်း သိရသည်။
အဆိုပါ Paper Gold ဖြင့် ရွှေများ အရောင်းအဝယ်လုပ်ခြင်းကို နိုင်ငံတကာတွင်လည်း လုပ်ကိုင်ဆောင်ရွက်နေပြီး မြန်မာနိုင်ငံတွင်လည်း အကောင်အထည်ဖော်သွားမည်ဟု သိရသည်။