၂၀၂၁ ခုနှစ် အောက်တိုဘာ ၁၈ ရက် တနင်္လာနေ့တွင်
ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည်
အမေရိကန်တစ်ဒေါ်လာကျပ် ၂၀၇၀ ဝန်းကျင်ဖြစ်သည်။
မွန်းလွဲ ၃ နာရီခွဲ ရန်ကုန် စျေးကွက်အတွင်း
အခြားနိုင်ငံခြားငွေကြေးများလဲလှယ်မှု နှုန်းထားများမှာ
ယူရို ၂၂၀၀ ကျပ်၊
စင်ကာပူ ဒေါ်လာ ၁၄၀၀ ကျပ်၊
မလေးရှားရင်းဂစ် ၄၃၅ ကျပ်၊
ထိုင်းဘတ် ၅၉ ကျပ်၊
ဂျပန်ယန်း ၁၇.၅ ကျပ်
တရုတ်ယွမ် ၃၀၅ ကျပ်၊
အိန္ဒိယ ရူပီ ၂၃ ကျပ်
ဩစတေးလျ ဒေါ်လာ ၁,၄၀၀ ကျပ်
ဗြိတိန် ပေါင် ၂၆၀၀ ကျပ်
တို့ ဖြစ်သည်။
Source: wk
၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၈ ရက်တွင် ဗဟိုဘဏ်မှ အမေရိကန်ဒေါ်လာ သိန်း၅၀၀ ကို စံချိန်သစ်တင်ရောင်းချခဲ့သည်။
ပျမ်းမျှငွေလဲနှုန်းမှာ ၁၈၂၀ ကျပ် ဖြစ်သည်။
မ္ဘာ့ရွှေစျေး တစ်အောင်စ ဒေါ်လာ ၁၇၆၂ ဝန်းကျင်ရှိပြီး ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ ကျပ် ၁၈၄၀,၀၀၀ သို့ ဆက်လက်ကျဆင်းခဲ့သည်။
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ ၁,၇၃၁,၀၀၀ ဝန်းကျင်ဖြစ်သည်။
ရွှေတွေကို ဘဏ်ကနေ ရောင်းချပေးတဲ့အခါ
ဘဏ်အကောင့်အဟောင်းကငွေနဲ့ ဝယ်ယူလို့မရ
ရွှေစျေးနူန်းထိန်းဖို့အတွက်ဆိုပြီး ၉၉.၉၉ ရာခိုင်နူန်းပြည့်ရွှေတွေကို ဘဏ်တွေနဲ့ချိတ်ဆက်ကာ ပြည်သူတွေဆီကို တိုက်ရိုက်ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း YGEA ဥက္ကဋ္ဌဦးမျိုးမြင့်ကပြောပါတယ်။
အဲ့ဒီလိုရောင်းချရာမှာ အရင်ကဖွင့်ထားတဲ့ ဘဏ်အကောင့်က ငွေတွေနဲ့ ဝယ်ယူလို့ မရနိုင်ဘဲ အကောင့်အသစ်ဖွင့်ပြီးမှ ငွေသားနဲ့ဝယ်ယူလို့ရနိုင်မယ်လို့ သိရပါတယ်။
"ဘဏ်ကနေ ရွှေကိုဝယ်ယူမယ်ဆိုရင် လက်ရှိဖွင့်လှစ်ထားပြီးတဲ့ ဘဏ်အကောင့်ထဲမှာရှိတဲ့ငွေသားနဲ့ ပေးချေလို့မရဘဲ အကောင့်အသစ်နဲ့ ငွေသားပေးချေရမှာဖြစ်တယ်၊ အဲ့ဒီ စနစ်အဟောင်းကကျန်ခဲ့ပြီ အခုက စနစ်သစ်၊ အကုန်အကောင့်အသစ်တွေနဲ့ အကုန်သွားတာပဲ။အကောင့်အသစ်ဖွင့်ရမယ်၊ရွှေရော သွင်းလို့ထုတ်လို့ရမယ်။စနစ်ဟောင်းကတော့ တဖြည်းဖြည်းချင်းသွားပါလိမ့်မယ်။ cash ပေးချေရမယ့်သဘောပါပဲ။ " လို့ YGEAဥက္ကဋ္ဌ ဦးမျိုးမြင့်ကပြောပါတယ်။
ရောင်းချပေးမယ့် ရွှေတွေကိုတော့ YGEA အသင်းက ဘဏ်မှာအပ်ပေးထားမှာဖြစ်ပြီး အဲ့ဒီရွှေတွေကို ပြည်သူလူထုက ဘဏ်မှာတိုက်ရိုက်ဝယ်ယူနိုင်မှာဖြစ်ကြောင်း၊ ဝယ်ယူပြီးနောက် ရွှေတွေကို ဘဏ်မှာပဲပြန်လည်အပ်နှံနိုင်သလို ရွှေသားကို ရယူလိုပါကလည်း တခါတည်း ရယူနိုင်တယ်လို့ သိရပါတယ်။
ရွှေကို ဘဏ်တွေနဲ့ချိတ်ဆက်ရောင်းချမယ့်အပေါ် ပြည်သူတယောက်ကတော့ " လက်ရှိ ကိုယ့်ငွေတောင် ပြန်ထုတ်ဖို့ခက်နေတာ ဘယ်သူက ဘဏ်ကိုယုံပြီးဝယ်မှာလဲ ။ ဝယ်ချင်ရင် ဆိုင်မှာပဲဝယ်မှာပေါ့။ ပြီးတော့ ဘဏ်အကောင့်ထဲကငွေနဲ့လည်း ဝယ်မရဘူးဆိုတော့ ဘာလုပ်ရမှာလဲ" လို့ ဝေဖန်ပြောဆိုပါတယ်။
လက်ရှိမှာYGEAကတော့ အဲ့ဒီအစဉ်အစီကို စတင်နိုင်ဖို့အတွက် ရွှေဘဏ်နဲ့ဆွေးနွေးညှိနိူင်းမှုတွေပြုလုပ်ပြီးဖြစ်ကြောင်း၊ စတင်ဖို့အတွက်လည်း YGEA အနေနဲ့ အဆင်သင့်ဖြစ်နေပြီလို့ ဥက္ကဋ္ဌကပြောပါတယ်။
စက္ကူရွှေကို ဘဏ်မှတဆင့်ရောင်းချရန်
YGEAနှင့် Shwe Bank ဆွေးနွေး
အောက်တိုဘာလ ၁၆ ရက်နေ့ စနေနေ့က စက္ကူရွှေ (Gold Paper) ကို ဘဏ်မှတစ်ဆင့် ရောင်းချနိုင်ရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YEGA) နှင့် Shwe Bank တို့ ဆွေးနွေးခဲ့ကြတယ်လို့ YEGA က ထုတ်ပြန်ထားပါတယ်။
စက္ကူရွှေ (Gold Paper) ဆိုတာကတော့ ကိုယ့်မှာရှိနေတဲ့ ရွှေကို ဘဏ်မှာ အပ်ထားနိုင်ပြီး ရွှေဝယ်ယူလိုပါကလည်း ဘဏ်တွေမှာလည်း ရွှေဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။
YEGA အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က“Gold Paper ကတော့ဘဏ်နဲ့လုပ်ထုံးလုပ်နည်းတွေ ညှိတုန်းပဲရှိသေးတယ်။တစ်ယောက်နဲ့တစ်ယောက်ပေါ့။ သူ့ဘက်ကလည်း လိုချင်တဲ့ပုံစံတွေညှိမယ်။ကိုယ့်ဘက်ကလည်း လိုချင်တဲ့ပုံစံတွေညှိမယ်။ညှိပြီးတော့မှ ဗဟိုဘဏ်ကို ပြန်တင်ပြမယ်ပေါ့။ ဗဟိုဘဏ်နဲ့တော့တစ်ကြိမ်ဆွေးနွေးထားပြီးပြီ”လို့ပြောပါတယ်။
Gold Paper ဆိုသည်နှင့်ပတ်သက်ပြီး ဦးမျိုးမြင့်က“ကိုယ့်ဘာသာကိုယ်ရွှေဝယ်တယ်ပေါ့။ ကိုယ်က ရွှေ ၅ ပိဿာရှိတယ်ဆိုရင် ဘဏ်မှာသွားအပ်ထားမယ်။ ဘဏ်ကနေပြီးတော့ ထိန်းသိမ်းပေးမယ်။ ဘဏ်က ဂရန်တီကတ်ထုတ်ပေးမယ်ပေါ့။အဲဒါနဲ့ အသင်းရုံးမှာပြန်ရောင်းပေါ့။
အဓိကကတော့ ရွှေစျေးကွက်ကို ကမ္ဘာ့ရွှေစျေးကွက်အတိုင်း ဖြစ်စေချင်တာပေါ့။တစ်ကမ္ဘာလုံးမှာ ဘဏ်တွေက ရွှေရောင်းပေးတယ်။ဒီမှာကဒေါ်လာပဲရောင်းပေးတယ်။ရွှေကိုရောင်းမပေးနိုင်ဘူးပေါ့။ ရွှေကို ဝယ်တဲ့သူတစ်ယောက်က အသင်းသားဆိုရင်တော့ အသင်းမှာ လာဝယ်တာက မြန်တာပေါ့။
ကျန်တဲ့လုပ်သားပြည်သူကျတော့အသင်းသားမဟုတ်တဲ့အတွက် ဘဏ်မှာလည်းသွားဝယ်လို့ရမယ်။နောက်ပြီးရွှေဆိုင်မှာလည်းဝယ်လို့လည်းရမယ်။ နောက်အသင်းဝင်တွေဆီမှာလည်း ဝယ်လို့လည်းရမယ်။တွင်းတူးတဲ့သူဆီမှာလည်းဝယ်လို့ရမယ်။ရွှေဆိုင်များသွားတဲ့ သဘောပါပဲ”လို့ဆိုပါတယ်။
လက်ရှိတွင်ရွှေဘဏ်မှ ယင်းလုပ်ငန်းကိုလုပ်ကိုင်ရန်စိတ်ဝင်စားသဖြင့် ရွှေအသင်းတာဝန်ရှိသူများနှင့်လာရောက်ညှိနှိုင်းဆွေးနွေးခြင်းဖြစ်တယ်လို့သိရှိရပါတယ်။