၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်  စနေနေ့ ရွှေဈေးငွေဈေး


15 January, 2022

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၅ ရက် 
စနေနေ့ ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင်
အရွက်ဈေး  ကျပ်  1970~2000  ဝန်းကျင်ဖြစ်သည်။ 
ပို့ကုန်ရငွေ Earning ဘဏ်ပိတ်ရက် ဖြစ်ပါသည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1,778.0(±0.5)   ဖြစ်ပါသည်။  
    
အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2100 ကျပ်၊ 
စင်ကာပူ ဒေါ်လာ  1400 ကျပ်၊ 
မလေးရှား ရင်းဂစ်  437 ကျပ်၊ 
ထိုင်း ဘတ်   58. ၃ ကျပ်၊ 
ဂျပန် ယန်း   16.5 ကျပ် 
တရုတ် ယွမ်   309 ကျပ်၊ 
တို့ ဖြစ်သည်။



ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -

အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး

အဖွင့်စျေး     1,860,000
နေ့လယ်ပိုင်း 1,858,000
အပိတ်ဈေး   1,859,000

၁၅ ပဲရည် ရွှေစျေးနှုန်းမှာ 1,752,500 ဝန်းကျင်ဖြစ်သည်။ 


        


ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1,816  ဝန်းကျင်ရှိပါသည်။

ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ 

   WORLD GOLD PRICE   


ရွှေနှင့် ဒေါ်လာ ဈေးတက်

အမေရိကန်တဒေါ်လာကို ပြင်ပမှာလဲရင် မြန်မာကျပ်ငွေ ၂,၀၀၀ နီးပါးဈေးတက် လာတဲ့အတွက် ရွှေဈေးကလည်း တကျပ်သားကို ကျပ် ၁,၈၇၀,၀၀၀ လောက်ဈေးတက်နေပါတယ်။ အမေရိကန်ဒေါ်လာဈေးတက်တဲ့အတွက် ရွှေနဲ့ စက်သုံးဆီအပါအဝင် တခြားသွင်းကုန်တချို့လည်း ဈေးတွေတက်နေပါတယ်။

မြန်မာ့နိုင်ငံမှာ ရွှေဈေးနှုန်း တပတ်အတွင်းမှာ ကျပ် ၅၀,၀၀၀ လောက် တက်လာခဲ့တာမှာ ဒီနေ့ ဇန်နဝါရီလ ၁၁ ရက်မှာ အခေါက်ရွှေ တကျပ်သားကို ၁,၈၇၀,၀၀၀ ကျပ် ဝန်းကျင်ဈေးအထိဖြစ်နေပါတယ်။ ရွှေအဝယ်လိုက်လို့ ဈေးတက်တာမျိုး မဟုတ်ဘဲ အမေရိကန် ဒေါ်လာ ပြင်ပေပေါက်ဈေးတက်လာတဲ့အတွက်ကြောင့်လို့ ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူ ဦးမျိုးမြင့်က ဗွီအိုအေကို ပြောပါတယ်။

“ရွှေကတော့ ကျနော်တို့ဆီမှာ ရွှေပေါနေတယ်ဗျ၊ ဈေးကတော့ ပြည်တွင်းဒေါ်လာ ဈေးတက်လို့ တက်တာပါပဲ၊ ဒီရက်ထဲမှာ တအားတက်လာတယ်။ အရင်လို လုယက်ဝယ်နေလို့၊ ရွှေရှားလို့မဟုတ်ဘူး၊ ပြည်တွင်းဒေါ်လာဈေးကြောင့် တက် သွားတာဗျ။”

ကမ္ဘာရွှေဈေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁,၇၅၀ နဲ့ ၁,၈၀၀ ဝန်းကျင်မှာပဲ အတက်အကျ ဖြစ်နေပါတယ်။ မကြာခင်ရောက်လာတော့မယ့် တရုတ်နှစ်သစ်ကူးချိန်မှာ ကမ္ဘာ့ရွှေဈေးလည်း အနည်းငယ် တက်နေချိန်ဖြစ်ပါတယ်။

ဒီရက်ပိုင်း မြန်မာနိုင်ငံမှာ ဒေါ်လာဈေးတက်လာတာက ပြည်ပပို့ကုန်ကဝင်ငွေ ပြန်အဝင်နည်းသွားတာကြောင့်လို့ ရွှေလုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့ ဗဟိုဘဏ်သတ်မှတ်ထားတဲ့ ဒေါ်လာပေါက်ဈေးက ၁ ဒေါ်လာကို ၁,၇၇၈ ကျပ်ဈေးဖြစ်ပြီး ပြင်ပမှာ ၂,၀၀၀ ကျပ်ဝန်းကျင်နဲ့ အရောင်းအဝယ်လုပ်နေကြပါတယ်။ တရားဝင် ငွေလဲကောင်တာတွေမှာ ဒေါ်လာလိုသလောက် ဝယ်မရသူတွေကတော့ ပြင်ပမှာ ပေါက်ဈေးပေးပြီး ဝယ်နေကြရပါတယ်။

ဗွီအိုအေ

Banking & Loan Read 11855 times