၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်
ဗုဒ္ဓဟူးနေ့ ရွှေဈေးငွေဈေး
ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည်
အမေရိကန်တစ်ဒေါ်လာကျပ် 1900~1930 ဝန်းကျင်ဖြစ်သည်။
ဗဟိုဘဏ် ရည်ညွှန်းဈေး 1,778.0(±0.5) ဖြစ်ပါသည်။
အခြားငွေကြေး ငွေလဲနှုန်းများမှာ
ယူရို ဒေါ်လာ 2060 ကျပ်၊
စင်ကာပူ ဒေါ်လာ 1365 ကျပ်၊
မလေးရှား ရင်းဂစ် 430 ကျပ်၊
ထိုင်း ဘတ် 56.9 ကျပ်၊
ဂျပန် ယန်း 15.9 ကျပ်
တရုတ် ယွမ် 305 ကျပ်၊
တို့ ဖြစ်သည်။
(၉.၁.၂၀၂၂) ရက်နေ့ (၀၀:၀၀:၀၁)နာရီမှ
(၁၅.၁.၂၀၂၂) ရက်နေ့ (၂၄:၀၀:၀၀)နာရီအထိ
အခွန်အရပ်ရပ်စည်းကြပ်ကောက်ခံရာတွင်
တွက်ချက်ရာ၌ အသုံးပြုမည့်
ငွေလဲလှယ်နှုန်းများ
ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA)
အသင်းနှစ်ပတ်လည် အစည်းအဝေးကို
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၈ ရက်နေ့တွင်
ပြည်သူ့ရင်ပြင်၌ ကျင်းပမည်။
ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1,814 ဝန်းကျင်ရှိပြီး
ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -
အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး
အဖွင့်စျေး 1,824,000
နေ့လယ်ပိုင်း 1,823,600
အပိတ်ဈေး 1,822,000
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ 1,718,500 ဝန်းကျင်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ရွှေဈေးကွက်အတွင်း တစ်ရက်လျှင် ရွှေပိသာချိန် ၅၀ အရောင်းအဝယ်ဖြစ်လျက်ရှိ
ရန်ကုန်တိုင်းဒေသကြီး၏ ရွှေဈေးကွက်အတွင်း တစ်ရက်လျှင် ရွေပိန်သာချိန် ၅၀ ခန့် အရောင်းအဝယ် ဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ဆင်ဟွာ သို့ ဇန်နဝါရီ ၄ ရက်တွင် ပြောသည်။
“အခုကရွှေဆိုင်တွေလည်း အကုန်လုံးနီးပါး ပြန်ဖွင့်လာပြီ။ ဒါကြောင့် ရွှေပြန်ရောင်းသူတွေဆီကလည်း ရွှေပြန်ရတယ်။ ရွှေတွင်းတွေကလည်း ရွှေတွေ ထွက်လာပြီဆိုတော့ ဈေးကွက်ထဲ မှာ ရွှေကုန်ကြမ်း အလုံအလောက်ရှိနေပြီး နေ့စဉ် ရွှေပိသာချိန် ၅၀ လောက် အရောင်းအဝယ်ဖြစ်နေတယ်’’ ဟု ၎င်းက ပြောသည်။
၂၀၂၁ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်လောက်ကစတင်ပြီး ရွှေဈေးနှုန်း အတက်အကျ တည်ငြိမ်လာကြောင်း နှင့် ဈေးကွက် မှာ တဖြည်းဖြည်းပုံမှန် အနေအထားသို့ ပြန်ရောက်လာကြောင်း ၎င်းဆိုသည်။ လက်ရှိ အနေအထားအရ ရွှေဈေးအတက် အကျမှာ ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးပေါ်တွင်သာ မူတည်ကြောင်းသိရသည်။
“ကောလာဟလ သတင်းအမှား တွေကို ယုံကြည်ပြီး အရောင်းအဝယ်မလုပ်ကြဖို့လည်း ကျွန်တော်တို့ အသင်းအနေနဲ့ အသိပေးကြေညာထားပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ ကောလာဟလ ကြောင့် ရွှေကို အလုအယက်ဝယ်တာတော့ သိပ်မရှိတော့ပါဘူး’’ ဟု ၎င်းက ဆက်ပြောသည်။
ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် လက်ရှိ တွင် အခြားနှစ်များက အတိုင်း ရွှေအဝင်များ ပုံမှန် အတိုင်းရှိကြောင်း သိရသည်။ ဇန်နဝါရီ ၄ ရက်ညနေဘက်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် ၁၈၀၆ ဒေါ်လာရှိပြီး၊ မြန်မာရွှေဈေးတစ်ကျပ်သားလျှင် ၁,၈၂၅,၀၀၀ ကျပ် ပေါက်ဈေးရှိနေကြောင်းသိရသည်။
(Xinhua)