၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်  ကြာသပတေးနေ့ ရွှေဈေးငွေဈေး


30 December, 2021

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် 
ကြာသပတေးနေ့ ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာကျပ်  1900~1930  ဝန်းကျင်ဖြစ်သည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး 1,778.0(±0.5)   ဖြစ်ပါသည်။ 

အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2065 ကျပ်၊ 
စင်ကာပူ ဒေါ်လာ  1365 ကျပ်၊ 
မလေးရှား ရင်းဂစ်  430 ကျပ်၊ 
ထိုင်း ဘတ်   56.9 ကျပ်၊ 
ဂျပန် ယန်း   16 ကျပ် 
တရုတ် ယွမ်   301 ကျပ်၊ 
တို့ ဖြစ်သည်။


ဗဟိုဘဏ် အမေရိကန်ဒေါ်လာ ၁၅,၀၀၀,၀၀၀ ထပ်မံ ရောင်းချ
=====
၂၀၂၁ ခုနှစ်ဒီဇင်ဘာလ  ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေ ဈေးပြိုင်လေလံဖြင့် အမေရိကန်ဒေါ်လာ ၁၅,၀၀၀,၀၀၀ ကို ပျမ်းမျှငွေလဲလှယ်နှုန်း ၁,၇၇၈.၀ ကျပ် ဖြင့် ရောင်းချခဲ့ပါသည်။


 
ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1,799  ဝန်းကျင်ရှိပြီး 
ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -

အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး

အဖွင့်စျေး    1,820,000
နေ့လယ်ပိုင်း 1,820,000
အပိတ်ဈေး   1,816,500

၁၅ ပဲရည် ရွှေစျေးနှုန်းမှာ 1,716,500  ဝန်းကျင်ဖြစ်သည်။     


မြန်မာ့ရွှေဈေး ထပ်မံမြင့်တက်

ကမ္ဘာ့ရွှေဈေး ပြန်လည်ကျဆင်းခဲ့ပေမဲ့ မြန်မာ့ရွှေဈေးကတော့ ဆက်လက်မြင့်တက်နေပြီး ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းရဲ့  ဒီဇင်ဘာလ ၂၉ ရက် ဒီနေ့ညနေပိုင်း ဈေးအရ  အကယ်ဒမီ မီးလင်းရွှေအဖွင့်ဈေး တစ်ကျပ်သားကို ၁၈၂၃,၀၀၀ ကျပ်အထိ ရောက်ရှိနေပါတယ်။

မနေ့ မနက်ပိုင်းက တစ်ကျပ်သားကို ၁၈၁၂,၅၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့တာဖြစ်လို့ ၂ ရက် အတွင်း တစ်ကျပ်သားကို ကျပ် တစ်သောင်းကျော် ဈေးမြင့်တက်ခဲ့တာပါ။

ကမ္ဘာ့ရွှေဈေးကတော့   ဒီဇင်ဘာ ၂၈ ရက်  နေ့လယ်ပိုင်းက တစ်အောင်စကို ၁၈၁၅ ဒေါ်လာရှိခဲ့ပြီး၊ ဒီနေ့ ညနေပိုင်းမှာတော့ တစ်အောင်စကို ၁၈၀၃ ဒေါ်လာကို ပြန်လည်ကျဆင်းခဲ့တာတွေ့ရပါတယ်။

မြန်မာ့ရွှေဈေးက  အောက်တိုဘာလနှောင်းပိုင်းကစတင်ပြီး တစ်ကျပ်သားကို ကျပ် ၁၈ သိန်းအောက် ပြန်ကျဆင်းခဲ့ပြီး  အကြမ်းဖျင်း  တစ်ကျပ်သားကို ကျပ် ၁၇၇၀,၀၀၀ နဲ့ ကျပ် ၁၈ သိန်း အကြား မှာပဲ အတက်ဈေးနဲ့ လအတန်ကြာ ငြိမ်နေခဲ့တာပါ။

ရန်ကုန်လေဆိပ်ကို ငွေစက္ကူကုန်ကြမ်းတွေ ရောက်လာတယ်ဆိုတဲ့ သတင်းတွေကြောင့်  အတက်ဈေးနဲ့ လအတန်ကြာ ငြိမ်နေခဲ့တဲ့ မြန်မာရွှေဈေးဟာ  အခု ဒီဇင်ဘာ ဒုတိယအပတ်မှာ ကျပ် ၁၈ သိန်း အထက်ကို တစ်ကြိမ် ပြန်လည်ရောက်ရှိခဲ့ပါတယ်။

အဲဒီနောက် ရက်အနည်းငယ်အတွင်း ဈေးပြန်လည်ကျဆင်းသွားပြီး တစ်ကျပ်သားကို ကျပ် ၁၇၉၀,၀၀၀ ဝန်းကျင်မှာပဲ ရက်အတန်ကြာ ဆက်ရှိနေခဲ့ကာ အခုလတတိယပတ်မှာတော့  ကျပ် ၁၈ သိန်းအထက်ကို ပြန်လည်ဦးမော့လာတာဖြစ်ပါတယ်။

ဒီဗီဘီသတင်း
 

Banking & Loan Read 8833 times