၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်  သောကြာနေ့ ရွှေဈေးငွေဈေး


31 December, 2021

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် 
သောကြာနေ့ ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာကျပ်  1900~1930  ဝန်းကျင်ဖြစ်သည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး 1,778.0(±0.5)   ဖြစ်ပါသည်။ 

အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2065 ကျပ်၊ 
စင်ကာပူ ဒေါ်လာ  1365 ကျပ်၊ 
မလေးရှား ရင်းဂစ်  430 ကျပ်၊ 
ထိုင်း ဘတ်   56.9 ကျပ်၊ 
ဂျပန် ယန်း   16 ကျပ် 
တရုတ် ယွမ်   300 ကျပ်၊ 
တို့ ဖြစ်သည်။

မှတ်ချက်။ ယနေ့ ငွေလဲဆိုင်အတော်များများး စောပိတ်ကြပါသည်။


ဒေါ်လာအစား ယွမ် အစားထိုး သုံးစွဲရန် အစည်းအဝေးကျင်းပ
 
တရုတ်နိုင်ငံမှ BOC ဘဏ် နဲ့ ICBC ဘဏ် တို့ နယ်စပ်ကုန်သွယ်ရေး  အကောင့်ဖွင့်ခြင်း ငွေလွှဲခြင်း ကိစ္စ များကို မူဆယ်မြို့စုပေါင်း ရုံးမှာ ဒီဇင်ဘာ ၂၉ရက်နေ့ ညနေ ၄နာရီ မှာ အစည်းဝေးပြုလုပ်ခဲ့ပါတယ်။
အစည်းဝေး ကို နယ်စပ်ကုန်သွယ်ရေးညွန်ချုပ် ဦးမြင့်သူရ နဲ့ မူဆယ် ဇုန်တာဝန်ခံအသစ် ညွန်မှူး၊ အကောက်ခွန်ညွန်မှူး၊ ဘဏ်ပြည်နယ်မန်နေဂျာ နဲ့ ကုန်သည်အသင်းမှ ကုန်သည်များ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။


ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1,817  ဝန်းကျင်ရှိပြီး 
ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ -

အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေး

အဖွင့်စျေး    1,824,000
နေ့လယ်ပိုင်း 1,820,500
အပိတ်ဈေး   1,821,500

၁၅ ပဲရည် ရွှေစျေးနှုန်းမှာ1,717,500 ဝန်းကျင်ဖြစ်သည်။     

 

Banking & Loan Read 9355 times