အောက်တိုဘာ ၁၁-၁၆ တစ်ပတ်တာ
အမေရိကန် ၁ ဒေါ်လာ ငွေလဲနှုန်းများ
တစ်ပတ်တာ ရွှေဈေး
၂၀၂၁ ခုနှစ် ၁၇ ရက် တနင်္ဂနွေနေ့ တွင်
နိုင်ငံခြားငွေလဲနှုန်းသည် အမေရိကန်တစ်ဒေါ်လာကျပ် ၂၀၉၀ ဝန်းကျင်ဖြစ်သည်။
မွန်းလွဲ ၁ နာရီဝန်းကျင် ရန်ကုန် စျေးကွက်အတွင်း အခြားနိုင်ငံခြားငွေကြေးများလဲလှယ်မှု နှုန်းထားများမှာ
ယူရို ၂၂၀၀ ကျပ်၊
စင်ကာပူ ဒေါ်လာ ၁၄၀၀ ကျပ်၊
မလေးရှားရင်းဂစ် ၄၃၀ ကျပ်၊
ထိုင်းဘတ် ၆၀ ကျပ်၊
ဂျပန်ယန်း ၁၇ ဒသမ ၅ ကျပ်
တရုတ်ယွမ် ၃၀၅ ကျပ်၊
အိန္ဒိယ ရူပီ ၂၆ ကျပ်
ဩစတေးလျ ဒေါ်လာ ၁,၄၀၀ ကျပ်
ဗြိတိန် ပေါင် ၂၆၀၀ ကျပ်
တို့ ဖြစ်သည်။
Source: wk exchange
စက္ကူရွှေ
စက္ကူရွှေကို ဘဏ်မှတစ်ဆင့် ရောင်းချနိုင်ရန် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းနှင့် ရွှေဘဏ်တို့ ဆွေးနွေးခဲ့ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
“Gold Paper ကတော့ ဘဏ်နဲ့လုပ်ထုံးလုပ်နည်းတွေ ညှိတုန်းပဲရှိသေးတယ်။ တစ်ယောက်နဲ့တစ်ယောက်ပေါ့။ သူ့ဘက်ကလည်း လိုချင်တဲ့ပုံစံတွေညှိမယ်။ ကိုယ့်ဘက်ကလည်း လိုချင်တဲ့ပုံစံတွေညှိမယ်။ ညှိပြီးတော့မှ ဗဟိုဘဏ်ကို ပြန်တင်ပြမယ်ပေါ့။ ဗဟိုဘဏ်နဲ့တော့ တစ်ကြိမ်ဆွေးနွေးထားပြီးပြီ” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
Gold Paper ဆိုသည်နှင့်ပတ်သက်ပြီး ဦးမျိုးမြင့်က “ကိုယ့်ဘာသာကိုယ် ရွှေဝယ်တယ်ပေါ့။ ကိုယ်ကငါးပိဿာရှိတယ်ဆိုရင် ဘဏ်မှာသွားအပ်ထားမယ်။ ဘဏ်ကနေပြီးတော့ ထိန်းသိမ်းပေးမယ်။ ဘဏ်က ဂရန်တီကတ် ထုတ်ပေးမယ်ပေါ့။ အဲဒါနဲ့ အသင်းရုံးမှာ ပြန်ရောင်းပေါ့။ အဓိကကတော့ ရွှေစျေးကွက်ကို ကမ္ဘာ့ရွှေစျေးကွက်အတိုင်း ဖြစ်စေချင်တာပေါ့။ တစ်ကမ္ဘာလုံးမှာ ဘဏ်တွေက ရွှေရောင်းပေးတယ်။ ဒီမှာကဒေါ်လာပဲ ရောင်းပေးတယ်။ ရွှေကိုရောင်းမပေးနိုင်ဘူးပေါ့။ ရွှေကို ဝယ်တဲ့သူတစ်ယောက်က အသင်းသားဆိုရင်တော့ အသင်းမှာ လာဝယ်တာက မြန်တာပေါ့။ ကျန်တဲ့လုပ်သားပြည်သူကျတော့ အသင်းသားမဟုတ်တဲ့အတွက် ဘဏ်မှာလည်း သွားဝယ်လို့ရမယ်။ နောက်ပြီး ရွှေဆိုင်မှာလည်း ဝယ်လို့လည်းရမယ်။ နောက်အသင်းဝင်တွေဆီမှာလည်း ဝယ်လို့လည်းရမယ်။ တွင်းတူးတဲ့သူဆီမှာလည်း ဝယ်လို့ရမယ်။ ရွှေဆိုင်များသွားတဲ့ သဘောပါပဲ” ဟု ပြောကြားသည်။
လက်ရှိတွင် ရွှေဘဏ်မှ ယင်းလုပ်ငန်းကို လုပ်ကိုင်ရန် စိတ်ဝင်စားသဖြင့် ရွှေအသင်းတာဝန်ရှိသူများနှင့် လာရောက်ညှိနှိုင်း ဆွေးနွေးခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။
“ဒါက တကယ်လုပ်ရင်လည်း ကျယ်ပြန့်တယ်။ ဆော့ဝဲလ်တွေ ဘာတွေနဲ့ သီးခြားလုပ်ရမှာ။ ရွှေအတွက် အကောင့်ကနေ ပြန်လွှဲပေးတာတို့ ဘာတို့ပေါ့” ဟု ၎င်းကဆက်လက် ပြောကြားသည်။
Source: news eleven.com