ရွှေတင်ပို့မှု တန် ၂၀ အထိ မြင့်တက်နိုင်


05 August, 2018

တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ကာ အစိုးရအတွက် ဝင်ငွေပိုရစေရန်အတွက် စီး ပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနကရွှေနှင့်ကျောက်မျက်ရတနာတင်ပို့ ခြင်း၊ တင်သွင်းခြင်းကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ခွင့်ပြုခဲ့သည်။ ပြည်ပသို့ ရွှေရောင်းချမှုစည်း မျဉ်းများကို ဖြေလျှော့လိုက်ပြီးနောက် ပြည် တွင်းရွှေကုန်သည်များသည် ရွှေပို့ကုန်သွင်း ကုန်လုပ်ငန်းများတည်ထောင်ရန် စီစဉ်လာ ကြသည်။

ဆယ်စုနှစ် ၅ ခုအတွင်း ပထမဆုံးအဖြစ် ယခုကဲ့သို့် ရွှေတင်ပို့မှုကို ခွင့်ပြုခဲ့ခြင်း ဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင် ရွှေတန်ချိန် ၂၀ အထိ ပေးပို့နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။

ယခုလို တရားဝင် တင်ပို့ခြင်းဖြင့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ မှောင်ခိုကုန်သွယ်မှု နည်းလမ်းဖြင့် ထွက်ခွာခြင်း အနည်းနှင့်အများ လျော့ကျသွားနိုင်သည်။ ရွှေမိုင်းတွင်းလုပ်ငန်းနှင့် ရွှေသန့်စင်ခြင်းလုပ်ငန်းများကို တရားဝင်လုပ်ကိုင်ပြီး ဝင်ငွေ ရှာဖွေခွင့်လည်း ရှိနေပေရာ ရွှေပြည်ပပို့ကုန်လုပ်ငန်း ဖွံ့ဖြိုးလာလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

Myanmar Gold Development Public Co Ltd မှ အကြီးတန်း အတိုင်ပင်ခံ Marcus Loke က အစစအရာရာ အဆင်ပြေချောမွေ့မည်ဆိုလျှင် လာမည့်နှစ်တွင် ရွှေတန်ချိန် ၁၀ မှ ၂၀ အထိ ပြည်ပသို့ တင်ပို့နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် အိန္ဒိယသည် ရွှေဝယ်ယူသုံးစွဲမှု အများဆုံးနိုင်ငံဖြစ်ပြီး ဒုတိယနေရာတွင် တရုတ်နိုင်ငံ ရောက်ရှိနေသည်။ ထိုနှစ်နိုင်ငံစလုံးသည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ခြင်း ထိစပ်နေသော အိမ်နီးနားချင်းနိုင်ငံများ ဖြစ်နေသဖြင့် ပြည်တွင်းထွက်ရွှေများ တင်ပို့ရန် အရည်အသွေး မှတ်ကျောက်တင်ပေးသည် ဓာတ်ခွဲခန်း ထောက်ခံချက်လက်မှတ်များ ရရှိနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေကြသည်ဟု သိရသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံသို့ ကီလိုဂရမ် အနည်းသာ ရွှေများ တင်ပို့နိုင်ခဲ့သည်။ ပြည်တွင်းထက် ရွှေ၏ အရည်အသွေး ပြည့်မီမှုအပေါ် သံသယရှိနေခြင်းက အဟန့်အတားတစ်ခု ဖြစ်နေသည်။

မြန်မာနိုင်ငံတွင် ရိုးရာနည်းလမ်းများဖြင့် ရွှေကျင်ခဲ့ကြသည်မှာ ရာစုနှစ်များ ကြာမြင့်စွာကတည်းက ဖြစ်သည်။ ထိုနည်းလမ်းများတွင် ကောင်းမွန်သော စံများ မရှိကြချေ။ သို့ဖြစ်ရာ အရည်အသွေးကောင်းသော ရွှေကို ထုတ်လုပ်နိုင်ခြင်း မရှိပေ။ သို့ဖြစ်ရာ နိုင်ငံတကာ စံသတ်မှတ်ချက် ပြည့်မီအောင် လုပ်ကိုင်ဖို့ လိုမည်ဖြစ်သည်ဟု ကျွမ်းကျင်သူတို့က မှတ်ချက်ပြုထားကြသည်။

မြန်မာနိုင်ငံတွင် ရွှေသိုက်များသည် ရွှေသတ္တု အရိုင်း တန်ချိန် ၁ ဒဿမ ၃ ဘီလျံ ရှိမည်ဟု ခန့်မှန်းတွက်ချက်ထားကြပြီး ၎င်း၏ ၅ ရာခိုင်နှုန်းကို တရားဝင်နှင့် တရားမဝင် ရွှေရှာခြင်းများဖြင့် ရယူပြီးပြီဟုလည်း ခန့်မှန်းထားကြသည်။

Easterneye.biz

Local News Read 5429 times