၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက် ကြာသပတေးနေ့ ရွှေဈေးငွေဈေး


21 October, 2021

၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၁ ရက် 
ကြာသပတေးနေ့ ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော နိုင်ငံခြားငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာကျပ် 2040 ဝန်းကျင်ဖြစ်သည်။ 

နံနက် ၁၁ နာရီ ရန်ကုန် စျေးကွက်အတွင်း 
အခြားနိုင်ငံခြားငွေကြေးများလဲလှယ်မှု နှုန်းထားများမှာ 

ယူရို 2180 ကျပ်၊ 
စင်ကာပူ ဒေါ်လာ 1400 ကျပ်၊ 
မလေးရှား ရင်းဂစ် 430 ကျပ်၊ 
ထိုင် းဘတ် 58 ကျပ်၊ 
ဂျပန် ယန်း 17 ကျပ် 
တရုတ် ယွမ် 305 ကျပ်၊ 
အိန္ဒိယ ရူပီ  26 ကျပ် 
ဩစတေးလျ ဒေါ်လာ 1380 ကျပ်
ဗြိတိန် ပေါင် 2500 ကျပ်
တို့ ဖြစ်သည်။

Source: wk

ကမ္ဘာ့ရွှေစျေး တစ်အောင်စ ဒေါ်လာ  1783 ဝန်းကျင်ရှိပြီး ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော ရွှေစျေးနှုန်းမှာ 


အကယ်ဒမီမီးလင်း​ရွှေ 

အဖွင့်​စျေး      1,835,000
နေ့လယ်ပိုင်း  1,830,000
အပိတ်စျေး    1,831,000

Source: YGEA

၁၅ ပဲရည် ရွှေစျေးနှုန်းမှာ  1717500  ဝန်းကျင်ဖြစ်သည်။ 


ငွေဈေးရွှေဈေး သုံးသပ်ချက်များ

ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၅၀ ကို သွင်းကုန်လုပ်ငန်းအမျိုးအစား သုံးခုအတွက် ထုတ်ရောင်းထားတဲ့အတွက် ပုဂ္ဂလိက ဘဏ်တွေမှာ ဒေါ်လာငွေလဲနှုန်း အနည်းငယ်ကျ သွားတယ်ဆိုပေမဲ့ ပြင်ပဈေးကွက်မှာတော့ ကျပ် ၂၀၀၀ အထက်မှာပဲ ရှိနေတုန်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ရွှေဈေးနှုန်းဟာ ၁၈ သိန်းအောက်ကို မရောက်နိုင်သေးဘဲ ဒီဝန်းကျင်မှာ ရှိနေဦးမယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောလိုက်ပါတယ်။

မြန်မာနိုင်ငံ ဗဟိုဘဏ်က ၁ ဒေါ်လာကို ကျပ် ၁၈၂၀ နှုန်းနဲ့ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အောက်တိုဘာ ၁၈ ရက်က ထုတ်ရောင်းခဲ့ပါတယ် ဒါဟာ ဗဟိုဘဏ်ထုတ်ရောင်းပေးတဲ့ထဲမှာ ပမာဏ အများဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဒေါ်လာသန်း ၅၀ ကို စားသုံးဆီ၊ လောင်စာဆီနဲ့ ဆေးဝါးတင်းသွင်းတဲ့ လုပ်ငန်းရှင်တွေအတွက်ပဲ ထုတ်ရောင်းပေးတာဖြစ်လို့ ပြင်ပဒေါ်လာဈေးကွက် အပေါ်ကိုတော့ သက်ရောက်မှု မရှိခဲ့ပါဘူး။

လောင်စာဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တယောက်ကတော့ သူတို့အသင်းအနေနဲ့ ဒေါ်လာ ၃ သန်းပဲ ဝယ်လို့ရခဲ့တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ တခြားသွင်းကုန်လုပ်ငန်းတွေလုပ်နေကြတဲ့ လုပ်ငန်းရှင်တွေလည်း အမေရိကန် ဒေါ်လာကို လိုသလောက်ဝယ်ဖို့ အခက်အခဲ ဖြစ်နေဆဲမို့ ပြင်ပငွေလဲဈေးကွက်မှာတော့ အမေရိကန် ၁ ဒေါ်လာကို ကျပ် ၂၀၀၀ အထက်မှာ ရှိနေတုန်းဖြစ်ပါတယ်။ ဒါကြောင့် ပြင်ပပေါက်ဈေးနဲ့ တွက်ချက်ထားတဲ့ မြန်မာ့ရွှေဈေးနှုန်းကလည်း ၁၈ သိန်းအထက်မှာပဲ ရှိနေတုန်းပါ။ ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဒီနေ့ ရွှေဈေးကွက်အခြေအနေကို အခုလိုပြောပါတယ်။ပြီးတော့ ကမ္ဘာ့ရွှေဈေးနှုန်းကလည်း ဒီရက်ပိုင်းမှာ ပြန်တက်လာတယ်လို့ သူကပြောတာပါ။

“ကမ္ဘာ့ဈေး ကျရင်တော့ ကျလို့ရပါတယ်။ ဒေါ်လာက ထုတ်ရောင်းတယ်ဆိုတာက ကျနော်တို့ရောင်း၊ ဈေးကွက်ကို ရောင်းပေးတာ မဟုတ်ဘူး၊ သူကကုမ္ပဏီတွေကို ဘဏ်တွေကို ရောင်းပေးတာပေါ့။ အဲဒီတော့ အပြင်မှာက ဒေါ်လာကဝယ်လို့ မရဘူး၊ ၂၀၀၀ ကျော်အနည်းဆုံး ဝယ်နေရတော့။ အမှန်မှာတော့ အရင်လိုပဲ တယောက်ကို ၁၀၀၀ ရောင်းနိုင် ရောင်းနိုင်၊ ၅၀၀ ပဲရောင်းနိုင် ရောင်းနိုင်money changer တွေကနေပြီးတော့ ရောင်းပေးလိုက်ရင်တော့ ကျနော်တို့ အစိုးရရောင်းပေးတဲ့ ဈေးနည်းရတယ်ဆိုရင် ဒီဘက်ရွှေဈေးတွက်တဲ့အခါကျ ကုန်သည်က အဲလိုတွက်ကြတာပေါ့။ ကျနော်တို့လည်း ကျတဲ့အပိုင်းကိုပဲ သွားချင်ပါတယ်။ ရွှေကျမှ ကျန်တဲ့ပစ္စည်းတွေလည်း ကျမှာ။”

၂၀၂၁ ဇန်နဝါရီလတုန်းက အမေရိကန် ဒေါ်လာငွေလဲနှုန်းဟာ ၁ ဒေါ်လာကို ပြင်ပပေါက်ဈေး ကျပ် ၁၃၃၀ ပဲရှိပါတယ်။ အခုလက်ရှိဆိုရင်တော့ အောက်တိုဘာ ၁၈ ရက်နေ့က ဗဟိုဘဏ်သတ်မှတ်တဲ့ ငွေလဲနှုန်းဟာ အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၁၈၂၀ ကျပ်ဖြစ်ပြီး ရန်ကုန်မြို့ ကပြင်ပ တရားဝင် ငွေလဲ ကောင်တာတွေမှာတော့ ဝယ်ဈေး ၂၀၀၀ ကျပ်၊ ရောင်းဈေး ၂၀၄၀ ကျပ် အထိ ရှိခဲ့ပါတယ်။ ရွှေဈေးကတော့ အခေါက်ရွှေ တကျပ်သားကို ရန်ကုန် မှာ ၁၈၃၅၀၀၀ ကျပ်ဈေးဖြစ်နေပါတယ်။

ဗီအိုအေ
 

Banking & Loan Read 18709 times