ပြည်တွင်းရွှေဈေးနှုန်း ယခင်အမြင့်ဆုံးစံချိန်ကို ကျော်လွန်ပြီး ကျပ် ၁၀၄၈၅၀၀ ဖြင့် စံချိန်သစ်ထပ်တင်


18 January, 2019

ကမ္ဘာ့ရွှေဈေးသည် ဇန်နဝါရီ ၃ ရက်တွင် ဒေါ်လာ ၁၂၉၀ ကျော်အထိ ဆက်လက်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေဈေးနှုန်း ယင်အမြင့်ဆုံးစံချိန်ကို ကျော်လွန်ပြီး ကျပ် ၁၀၄၈၅၀၀ ဖြင့် စံချိန်သစ် ထပ်တင်ခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးသည် ပြီးခဲ့သည့် ၂၀၁၇ ဇူလိုင် ၂၁ ရက်မှ စတင်ကာ ကျပ် ၉၀၀၀၀၀ အထက် ရောက်ခဲ့ပြီး ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ်လအတွင်းနှင့် စက်တင်ဘာလလယ်အထိ ဆက်တိုက်မြင့်တက်ခဲ့သည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် ၉၅၇၈၀၀ ဖြင့် တင်ထားသော စံချိန်ကို သြဂုတ် ၂၃ ရက်မှစတင် ကျော်လွန်ခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ကျပ် ၉၈၅၀၀၀ အထိ အမြင့်ဆုံးဖြစ်ပေါ်သည်။ ထို့ နောက် သြဂုတ် ၃၀ ရက်တွင် ကျပ် ၉၆၉၀၀၀ အထိ ပြန်လည်ကျဆင်းခဲ့ပြီး စက်တင်ဘာ ၁၁ မှစတင်ကာ ရွှေဈေးနှုန်းစံချိန်သစ်များ ထပ် တင်ခဲ့ကာ စက်တင်ဘာ ၂၀ ရက်တွင် အမြင့်ဆုံးစံချိန်အဖြစ် ကျပ် ၁၀၄၇၇၀၀ အထိမြင့် တက်ခဲ့သည်။

ထို့နောက် ၂၀၁၇ ခုနှစ် အောက်တိုဘာလဆန်းနောက်ပိုင်း အနိမ့်ဆုံး ဈေးနှုန်းအဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၉၈၇၀၀၀ အထိ ကျဆင်းခဲ့သည်။ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးနှုန်း လိုက်ပါမြင့်တက်ခဲ့ရာ ဒီဇင်ဘာ ၆ ရက်တွင် ကျပ် ၁၀၂၅၅၀၀၊ ဒီဇင်ဘာ ၈ ရက်တွင် ကျပ် ၁၀၂၈၀၀၀၊ ဒီဇင်ဘာ ၁၀ ရက်တွင် ကျပ် ၁၀၃၃၀၀၀၊ ဒီဇင်ဘာ ၁၂ ရက်တွင် ကျပ် ၁၀၄၂၀၀၀၊ ၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီ ၂ ရက်တွင် ၁၀၄၅၈၀၀ ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ဇန်နဝါရီ ၃ ရက်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၂၀ ရက်၌ဖြစ်ပေါ်ခဲ့သော ကျပ် ၁၀၄၇၇၀၀ စံချိန်ကို ကျော်ဖြတ်ခဲ့ပြီး ကျပ် ၁၀၄၈၅၀၀ အထိ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သုံးလက ရွှေဈေးကို ပြန်ကြည့်ပါက အောက်တိုဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးနှုန်း ကျပ် ၉၆၉၀၀၀ (အောက်တိုဘာ ၁ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၁၀၄၀၀၀၀ (အောက်တိုဘာ ၃၁ ရက်၊ နိုဝင်ဘာ လအတွင်း ပြည်တွင်းရွှေဈေးနှုန်းအနိမ့်ဆုံးနှုန်း ကျပ် ၁၀၂၇၁၀၀ (နိုဝင်ဘာ ၃၀ ရက်)၊ အမြင့်ဆုံးနှုန်း ကျပ် ၁၀၄၄၅၀၀ (နိုဝင်ဘာ ၂ ရက်)၊ ဒီဇင်ဘာလအတွင်း ပြည်တွင်းရွှေဈေး အနိမ့်ဆုံးဈေးနှုန်း ကျပ် ၉၈၇၀၀၀ (ဒီဇင်ဘာ ၄ ရက်)၊ အမြင့်ဆုံးဈေးနှုန်း ကျပ် ၁၀၄၃၀၀၀ (ဒီဇင်ဘာ ၂၉ ရက်)၊ တို့ဖြစ်သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၇ ခုနှစ်ဧပြီလမှစ၍ အတက်အဆင်း ကြမ်းလျက်ရှိပြီး လတစ်လအတွင်း အမြင့်ဆုံးနှင့် အနိမ့်ဆုံးနှုန်းသည် ဒေါ်လာ ၃၀ ခန့်မှ ဒေါ်လာ ၇၀ ခန့်အထိ ကွာခြားခဲ့သည်။ လအလိုက် ဖြစ်ပေါ်ခဲ့သော အနိမ့်ဆုံးနှင့် အမြင့်ဆုံး ကမ္ဘာ့ရွှေဈေးနှုန်းများမှာ ၂၀၁၈ ခုနှစ် မေတွင် ၁၂၈၈-၁၃၁၉၊ ဇွန်တွင် ၁၂၅၂- ၁၂၉၉၊ ဇူလိုင်တွင် ၁၂၁၁-၁၂၅၈၊ သြဂုတ် တွင် ၁၁၇၄- ၁၂၂၁ ၊ စက်တင်ဘာတွင် ၁၁၈၂ -၁၂၀၆၊ အောက်တိုဘာတွင် ၁၁၈၅-၁၂၃၅ ဒေါ်လာ၊ နိုဝင်ဘာတွင် ၁၁၉၈-၁၂၃၅ ဒေါ်လာ၊ ဒီဇင်ဘာတွင် ၁၂၂၁-၁၂၈၁ ဝန်းကျင် ဖြစ်ပေါ်ခဲ့ပြီး ကွာဟချက် ဒေါ်လာ ၃၀ ဝန်းကျင်မှ ၆၀ ဝန်းကျင်အထိ ရှိခဲ့သည်။

Eleven

Local News Read 472 times