အရည်အသွေးကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်စပျစ်များကို ပြည်တွင်းတွင် ရေါးချယ်စိုက်ပျိုးပါက ပြည်ပမှဝင်ရောက်လာသည့် စပျစ်များနှင့်ဈေးနှုန်းချင်းယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ဈေးကွက်ခိုင်မာလာနိုင်မည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ဆေးပုလဲကုန်းကျေးရွာ ပုလဲစပျစ်ခြံပိုင်ရှင်ထံမှ သိရပါတယ်။
ပြည်တွင်းမှ ထွက်ရှိသည့် သီးနှံများသည် သွင်းအားစု၊ ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် သယ်ယူစရိတ်များပြားသည့်အပြင် အရည်အသွေးပိုင်းဆိုင်ရာ အားနည်းချက်များရှိသဖြင့် ပြည်ပမှ ဝင်ရောက်လာသည့် သီးနှံများနှင့် ယှဉ်ပါက ဈေးနှုန်းကွာနေဆဲဖြစ်ပြီး စပျစ်ဈေးနှုန်းများလည်း ကွာဟချက်ရှိနေကြောင်း သိရပါတယ်။
လတ်တလောတွင် ဈေးကွက်အတွင်းတွင် စပျစ်စိုက်ပျိုးသူများမှ တိုက်ရိုက်ရောင်းချမှုနည်းပါးပြီး အဆင့်ဆင့် ရောင်းချနေရသည့်အတွက် ဈေးနှုန်းကွာဟချက်များနေခြင်းဖြစ်ကာ စိုက်ပျိုးသူကိုယ်တိုင်ရောင်းချနိုင်သည့် ဈေးကွက်စနစ်တစ်ခုဖန်တီးရန်အတွက် စိုက်ပျိုးသူများ စုစည်းဆောင်ရွက်နိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရပါတယ်။
မြန်မာနိုင်ငံ စပျစ်ဈေးကွက်တွင် ပြည်တွင်းစပျစ်နှင့် တရုတ်၊ ထိုင်းနိုင်ငံတို့မှ ဝင်ရောက်လာသောစပျစ်များ ဈေးကွက်ချင်းယှဉ်ပါက ပြည်တွင်းထွက်စပျစ်များသည် ဈေးနှုန်းထက်ဝက် သို့မဟုတ် သုံးပုံတစ်ပုံခန့် လျော့နည်းနေကြောင်း သိရပါတယ်။
ယင်းသို့ စိုက်ပျိုးရာတွင် Red Groble မျိုးနှင့် တခြားဈေးကွက်ကောင်းသည့် အရည်အသွေးကောင်းမျိုးများ ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ပြီး ပြည်ပမှ ဝင်ရောက်လာသည့် စပျစ်အရည်အသွေးများသည် ပြည်တွင်းစပျစ်များနှင့် နှိုင်းယှဉ်ပါက အရည်အသွေးကွာဟချက်များရှိရာ အစေ့နည်းပညာသုံးစပျစ်မျိုးထုတ်လုပ်မှု နည်းပညာလိုအပ်ချက်များရှိနေကြောင်း သိရပါတယ်။
မြန်မာနိုင်ငံတွင် အများဆုံးစိုက်ပျိုးသော စပျစ်မျိုးများတါင် No.3 ၄၀ ရာခိုင်နှုန်း၊ Black Queen ၄၀ ရာခိုင်နှုန်း၊ Big Black, ရွှေနီ၊ ကာဒိနန်နှင့် တခြားစပျစ် ၂၀ ရာခိုင်နှုန်းခန့် စိုက်ပျိုးထားကြောင်း သိရပါတယ်။
ပြည်တွင်းတွင် စပျစ်ကို ရမည်းသင်း၊ မိတ္တီလာ၊ ပျော်ဘွယ်၊ မုံရွာ၊ မကွေး၊ ပခုက္ကူနှင့် ရှမ်းပြည်နယ်စသည့် ဒေသတို့တွင် စိုက်ပျိုးကြပြီး ခန့်မှန်းဧက တစ်သောင်းခန့်ရှိရာ ရမည်းသင်းမြို့နယ်တွင် ဧက ငါးထောင်ခန့်ဖြင့် အများဆုံး စိုက်ပျိုးလျက်ရှိပြီး တစ်ရက်လျင် စပျစ်ပိဿာချိန် သုံးသောင်းခန့်ထွက်ရှိကြောင်း သိရပါတယ်။
Myawady