အမေရိကန်အင်တာနက်ကုမ္ပဏီကြီး Google ဟာ အလျင်အမြန်တိုးတက်နေတဲ့ အာရှဈေးကွက်ကို ချဲ့ထွင်နိုင်ဖို့နှင့် Amazon.com အပါအဝင် ပြိုင်ဘက်တွေကို ယှဉ်ပြိုင်နိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် တရုတ် -commerce ကုမ္ပဏီကြီးတစ်ခုဖြစ်သော JD.com မှာ ဒေါ်လာ သန်း ၅၅၀ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ကြောင်း သိရပါသည်။
အဆိုပါရင်းနှီးမြှုပ်နှံမှုသည် ကျယ်ပြောသော ပူးပေါင်းဆောင်ရွက်မှုတစ်ခုဖြစ်ပြီး Google ၏ ဈေးဝယ်ဝန်ဆောင်မှုအပေါ်မှာ JD.com ထုတ်ကုန်တွေကို ရောင်းချသွားမယ့်အစီအစဉ်ပါဝင်မှာဖြစ်တယ်လို့ ကုမ္ပဏီနှစ်ခုလုံးက ပြောကြားခဲ့ပါတယ်။ ဒါဟာ JD.com က တရုတ်နဲ့ အရှေ့တောင်အာရှကနေ ချဲ့ထွင်ဖို့နဲ့ အမေရိကန်နှင့် ဥရောပဈေးကွက်တွေမှာ အဓိပ္ပာယ်ရှိစွာ ရပ်တည်ဖို့အတွက် အထောက်အကူဖြစ်စေနိုင်ကြောင်း သိရပါသည်။
JD.com ရဲ့ ရင်းနှီးမြှုပ်နှံသူတွေထဲတွင် တရုတ်လူမှုမီဒီယာကုမ္ပဏီကြီး Tencent Holding Ltd, တရုတ် e-commerce မှာဦးဆောင်နေတဲ့ Alibaba Group Holding Ltd နဲ့ Walmart Inc တို့ပါဝင်ကြောင်း ငိရပါသည်။
ထို့အပြင် ပြင်သစ်လက်လီအရောင်းကုမ္ပဏီကြီး Carrefour SA နဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါသည်။
Google ဟာ အလယ်အလတ်လူတန်းစား တစ်ဟုန်ထိုးမြင့်တက်နေပြီး လက်လီအရောင်း၊ ဘဏ္ဍရေးနှင့် အခြားနယ်ပယ်တွေမှာ အခြေခံအဆောက်အအုံတစ်ခုမရှိတဲ့ အာရှတစ်ဝန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဆောင်နေကြောင်း သိရပါသည်။
Google ဟာ အင်ဒိုနီးရှား အဌားယာဉ်ဝန်ဆောင်မှုကုမ္ပဏီ Go-Jek မှာလည်း မကြာသေးခင်က ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ခဲ့သလို အိန္ဒိယ e-commerce ကုမ္ပဏီကြီး Flipkart မှာလည်း ရင်းနှီးမြှုပ်နှံသွားဖွယ်ရှိကြောင်း သိရပါသည်။
Internet Journal