ပြည်သူလူထုရဲ့ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ပြည်ပချေးငွေများဖြင့် ဆောင်ရွက်နေသော စီမံကိန်း ၁၆ ခုရှိပြီး လုပ်ငန်းပြီးစီးမှုက ၈၅ ရာခိုင်နှုန်းမှ ၁၀၀ ရာခိုင်နှုန်းအထိ ပြီးစီးသွားနိုင်သော စီမံကိန်း ၅ ခုရှိကြောင်း သိရပါသည်။
အတိုင်ပင်ခံအဖွဲ့ဌားရမ်းဖို့ တင်ဒါခေါ်နေတာတွေ၊ တင်ဒါခေါ်ပြီးလို့စာချုပ်ချုပ်ဖို့ဆောင်ရွက်နေတာတွေနှင့် လုပ်ငန်းဆောင်ရွက်ဖို့ ကန်ထရိုက်တာခေါ်ယူနေဆဲ စီမံကိန်းက ၁၁ ခုပါဝင်တယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောခဲ့ပါသည်။
ဝန်ကြီးဌာနက ဆောင်ရွက်နေသော ချေးငွေစီမံကိန်းတွေဟာ တိုင်းပြည်ရဲ့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး၊ ထုတ်လုပ်ရေးကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူအများကြီးပြုမည့် ချေးငွေစီမံကိန်းတွေလည်း ဖြစ်ပါသည်ဟု ၎င်းကပြောခဲ့ပါသည်။
အဆိုပါ ချေးငွေစီမံကိန်းများကို ချေးငွေအတည်ပြုချက်ရပြီးတာနဲ့ တစ်ပြိုင်နက် မြေပြင်မှာအမှန်တကယ်စောလျင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မိမိတို့ ဝန်ကြီးဌာနက ဆန္ဒရှိတယ်လို့ ၎င်းကဆက်လက်ပြောကြားခဲ့ပါသည်။
သို့သော်ချေးငွေရယူရာမှာ ချေးငွေထုတ်ပေးသော အဖွဲ့အစည်းအသီးသီး၏ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဆောင်ရွက်နေရသောကြောင့် အဆိုပါအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းလုပ်ကိုင်နေရကြောင်း သိရပါသည်။
ချေးငွေပေးသူတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် တကယ်ဆောင်ရွက်တဲ့အခါ အချိန်တွေကြန့်ကြာမှုရှိနေတာကြောင့် လုပ်ငန်းလျင်မြန်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ ဆွေးနွေးနေကြောင်း သိရပါသည်။
Kumudra