အစိုးရမှ စီမံကိန်းနှင့် ဘဏ္ဍာရေးကဏ္ဍဆောင်ရွက်နေမှုများ


15 June, 2018

မြန်မာနိုင်ငံတွင်ဗဟိုဘဏ်ကချမှတ်ထားသော ဘဏ်တိုးနှုန်းတွေဟာ ကန့်သတ်ချက်တွေရှိနေပါတယ်လို့ စီမံကိန်းနှင့် ဘဏ္ဍရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ပြောခဲ့ပါသည်။

ချေးငွေအတွက် ဘဏ်တိုးနှုန်းကို ၁၃ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းသတ်မှတ်ထားပြီး အပ်ငွေအတွက် အတိုးနှုန်းကို ၈ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ပေးထားကြောင်း သိရပါသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း အရှိန်မြှင့်တင် ထုတ်ချေးနိုင်ရေး ချေးငွေအဆိုပြုလွှာကို စိစစ်ဆောင်ရွက်နေပြီး ၂၀၁၈ ခုနှစ် မေလ ၃၁ ရက်နေ့အထိ ထုတ်ချေးထားပြီး ငွေကျပ် ၂၇၅၈ သန်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက လွှတ်တော်မှာ ရှင်းပြခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် စီမံကိန်းကာလ အတွင်း JICA ကနေရရှိထားတဲ့ ချေးငွေတွေကိုပြီးစီးအောင် ထုတ်ချေးသွားမည်ဟု ၎င်းကပြောခဲ့ပါသည်။

လုပ်ကွက်ငယ်တောင်သူလယ်သမားတွေ အပါအဝင် လယ်ယာသုံး စက်ကိရိယာ ဝယ်ယူသူတစ်ဦးချင်းအနေဖြင့် လယ်ယာမြေကို လယ်ယာသုံးစက်ကိရိယာနဲ့ ထွန်ယက်ရိတ်သိမ်းခြွေလှည့်ခြင်းသာမက သက်သာသောနှုန်းထားဖြင့် အခြားတောင်သူတွေကို ဌားရမ်းခြင်းကြောင့် စက်ဝယ်ယူသူတွေ အကျိုးရှိနိုင်ကြောင်း သိရသည်။

လယ်ယာမြေ လုပ်ကိုင်သူတွေကို လယ်ယာလုပ်ငန်း လုပ်ကိုင်ချိန်မှ ရိတ်သိမ်းချိန်အထိကုန်ကျငွေကို ချေးငွေအဖြစ်ထုတ်ပေးနိုင်ဖို့၊ လယ်ယာသုံးစက်ကိရိယာဝယ်ယူခြင်းတွေမှာ ချေးငွေထုတ်ပေးနိုင်ဖို့အတွက် ဆောင်ရွက်နေပြီး တောင်သူတွေက သတ်မှတ်ထားတဲ့ ကာလအတိုင်း ချေးငွေပြန်လည်ပေးဆပ်နိုင်ဖို့အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ကနေကြိုတင်နှိုးဆော်ဆောင်ရွက်သွားမည်ဟု ၎င်းကပြောခဲ့ပါသည်။

 Kumudra

Local News Read 496 times