အစိုးရမှ သယ်ယူပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်နိုင်ရန် ဆောင်ရွက်နေ


24 April, 2018

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးစနစ် အဆင့်မြှင့်တင်လုပ်ကိုင်နိုင်ရန်အတွက် ရည်ရွယ်ကာ ရန်ကုန်ဘတ်စ်ကားများနှင့် သက်ဆိုင်သောကုမ္ပဏသို့ ငွေကျပ် ၁ ဒသမ ၇၄၂၄ ဘီလျံ ထပ်မံရှယ်ယာထည့်ဝင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီ၏ အထူးအထွေထွေအစည်းအဝေးပွဲမှ သတင်းရရှိပါသည်။

ထိုသို့ရှယ်ယာထပ်မံထည့်ဝင်ခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဒဂုံမြို့သစ်အရှေ့ပိုင်းနယ်၊ မင်းရဲကျော်စွာလမ်းဘေးရှိ မြေဧက ၂၀ ကို ရှယ်ယာထည့်ဝင်ခြင်းအတွက် မြေတန်ဖိုးတစ်စတုရန်းပေလျှင် ကျပ်နှစ်ထောင်နှုန်း သတ်မှတ်ကာ မြေဧက ၂၀ အတွက် စုစုပေါင်းကျပ် ၁ ဒသမ ၇၄၂၄ ဘီလျံကို ထည့်ဝင်ခြင်းဖြစ်ကြောင်း သိရပါသည်။

YBPC ကုမ္ပဏီမှာ ယခုဆိုလျှင် ပုဂ္ဂလိကရှယ်ယာရှင်ပေါင်း ၁၈၀၀ ကျော်နေပြီးဖြစ်ပြီး ယခုအစိုးရက မြေနေရာလည်းထပ်မံချပေးထား၍ ပိုမိုကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်တော့မည်ဖြစ်ပြီး ကတ်စနစ်နဖြင့် လုပ်ဆောင်နိုင်အောင်လည်း သေသေချာချာ စီစစ်ဆောင်ရွက်လျက်ရှိကြောင်း၊ အစပိုင်းတွင် တိုင်းေးသကြီးအစိုးရမှ ဘတ်စ်ကားအစီးရေ ၅၀၀ အတွက် ၃၅ ဘီလျံထည့်ပေးခဲ့ကြောင်း ရန်ကုန်ဘတ်စ်ကား အများနှင့် သက်ဆိုင်သောကုမ္ပဏီ YBPC က တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

YBPC အများပိုင်ကုမ္ပဏီကို ၂၀၁၇ ခုနှစ်တွင် အစိုးရ၏ မူလခွင့်ပြုမတည်ငွေရင်း ကျပ် ၁၀၀ ဘီလျံဖြင့် စတင်တည်ထောင်လုပ်ကိုင်ခဲ့ကြောင်း သိရပါသည်။

Pyimyanmar

Local News Read 498 times