ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံနှစ်ရုံအပါအဝင် စက်ရုံခြောက်ခုအား ပုဂ္ဂလိကသို့ ရောင်းချရန် စီစဉ်ထား


12 July, 2018

ရန်ကုန်တိုင်းအတွင်းရှိ စက်ရုံနှစ်ရုံအပါအဝင် စက်မှုဝန်ကြီးဌာနပိုင်စက်ရုံခြောက်ခုအား ပုဂ္ဂလိကသို့ ရောင်းချရန် စီစဉ်ထားကြောင်း ယင်းဝန်ကြီးဌာန ဒုတိယ အမြဲတန်းအတွင်းဝန်မှ ပြောကြားသည်။

စက်မှုဝန်ကြီးဌာနပိုင်စက်ရုံ ၁၁၃ ရုံအနက် စက်ရုံ ၅ဝ ကျော်အား ငှားရမ်းခြင်း၊ဝန်ကြီးဌာနနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ခြင်းတို့ပြုလုပ်နေပြီး ကျန်စက်ရုံများအနက် အထက်ပါ စက်ရုံခြောက်ခုကို ရောင်းချရန် စီစဉ်နေခြင်းဖြစ်ကြောင်းသိရသည်။

ကျန်သည့်အထဲမှ ငှား၍ရသည် ငှားရမ်းမည်။ပုဂ္ဂလိက ပြုလုပ်ရေး ကော်မရှင်အား အပ်မည်။ရောင်းတာကတော့ ကော်မရှင်အားအပ်ပြီး ရောင်းခိုင်းသည်။ယခု လောလောဆယ်တွင် ခြောက်ရုံအရင်ရောင်းရန်စီစဉ်ထားသည်ဟု သိရသည်။

ယင်းစက်ရုံများတွင် ဝါကြိတ်စက်ရုံများ၊ကျောက်ဆည်ရှိ ပလတ်စတစ်အိတ်ထုတ်စက်ရုံ၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ရော်ဘာပစ္စည်းစက်ရုံ နှင့် မင်းဓမ္မရှိ LED စက်ရုံတို့ပါဝင်မည်ဖြစ်ကြောင်းသိရသည်။

ထပ်မံရောင်းချမည့်စက်ရုံများနှင့် ပုဂ္ဂလိက သို့ငှားရမ်းမည့် စက်ရုံများလည်းရှိနေသေးကြောင်းသိရသည်။

စက်မှုဝန်ကြီး ဌာနပိုင်စက်ရုံ ၂၄ ရုံကို ပြည်ထောင်စုလွှတ်တော်မှ ယာယီရပ်ဆိုင်းထားသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။

ယင်းစက်ရုံများ၏ စီမံခန့်ခွဲမှု၊ပုဂ္ဂလိက သို့ရောင်းချမှုများအတွက် အစိုးရမှ မူဝါဒချပေးရန် စောင့်နေကြောင်းသိရသည်။

စက်မှုဝန်ကြီးဌာနအောက်ရှိ စက်ရုံ၊အလုပ်ရုံများသည် နှစ်စဉ် ကျပ်ဘီလီယံထောင်ချီ၍ အရှုံးပေါ်နေခြင်းကြောင့် ပုဂ္ဂလိက သို့လုပ်ပိုင်ခွင့်လွဲှပြောင်းပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရပါသည်။

7day Daily

Local News Read 618 times