အူဘာသည်Grabတွင် ရှယ်ယာ ၂၇ ဒသမ ၅ ရာခိုင်နှုန်းကိုယူကာ အရှေ့တောင်အာရှ လုပ်ငန်းတစ်ခုလုံးကိုGrab သို့ရောင်းချခဲ့မှုသည် မျှတသောဈေးကွက်ယှဉ်ပြိုင်မှုဥပဒေကို ချိုးဖောက်ရာရောက်မရောက်ကို စင်ကာပူရှိ ဈေးကွက်ယှဉ်ပြိုင်မှု စောင့်ကြည့်ရေးဌာနကလည်း စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါသည်။
မလေးရှားဈေးကွက်ယှဉ်ပြိုင်မှု စောင့်ကြည့်ရေးကော်မရှင်သည်လည်း Grab က တက္ကစီခ များ ရုတ်တရက်ဈေးတက်ခြင်းအပါအဝင် မမျှတသောဈေးကွက်အမူအကျင့်များ ကျင့်သုံးလာခြင်းရှိမရှိကို အနီးကပ်စောင့်ကြည့်နေကြောင်း ထုတ်ပြန်ပြောကြားခဲ့ပါသည်။
ယခုကိစ္စကို ခပ်ပေါ့ပေါ့သဘောမထားဘဲ အနီးကပ်စောင့်ကြည့်နေကြောင်း၊ မည်သို့ဖြစ်လာမည်ကိုလည်း စောင့်ကြည့်ရပါဦးမည်ဟု မလေးရှားအများ ပြည်သူပို့ဆောင်ရေးလုပ်ငန်းလိုင်စင်ဌာနအကြီးအကဲက ပြောခဲ့ပါသည်။
အူဘာသည် တရုတ်တွင်လည်း ပြိုင်ဘက် ဒီဒီချောရှင်တက္ကစီလုပ်ငန်းထံသို့ လုပ်ငန်းကို ရောင်းချကာ တရုတ်မှထွက်ခွာခဲ့ရသလို ယခုအကြိမ်တွင်လည်း Grab ထံသို့ အရှေ့တောင် အာရှလုပ်ငန်းကို ရောင်းချခဲ့ရသည်။
Source: Myanmar Times