Grab အွန်လိုင်း တက္ကစီကုမ္ပဏီကို ဆန့်ကျင်တဲ့အနေနဲ့ ဖဲကြိုးဖြူလှုပ်ရှားမှုလုပ်နေတဲ့ ယာဉ်မောင်းတချို့ကို ကုမ္ပဏီက ထုတ်ပယ်လိုက်တဲ့အတွက် တက္ကစီကားမောင်းသမား ၆၀၀ လောက်က Grab ဆော့ဝဲလ်ပတ်ပြီး ဆန္ဒထုတ်ဖော်နေကြောင်း သိရပါသည်။
ဦးဆောင်သူတချို့က အလုပ်ထုတ်တာတွေလုပ်ဆောင်နေကြောင်း၊ တောင်းဆိုချက်ကို ညှိနှိုင်းပေးတာမျိုးလည်း မရှိသောကြောင့် ဆော့ဝဲကိုပိတ်ပြီး နှစ်စီး၊ သုံးစီး တတန်းမြို့နယ်တွေမှာလှည့်တာ Grab ရုံးနားမှာ တစ်နာရီ တစ်ခါလှည့်တာမျိုး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတယ်လို့ ယာဉ်မောင်းတစ်ဦးက ပြောခဲ့ပါသည်။
Grabမှာ အဖွဲ့ဝင်ပြီး ယာဉ်မောင်းနေတဲ့ ယာဉ်မောင်းတွေ အဓိကတောင်းဆိုတာကတော့ ခရီးသည်သွားလိုတဲ့ လမ်းကြောင်းကို ယာဉ်မောင်းတွေဘက်က သိရှိခွင့်ရဖို့ အဓိကဖြစ်တယ်လို့ သိရပါသည်။
Source: DVB