Yara ကုမ္ပဏီမှ လယ်သမားများနှင့် သခွားမွှေးကဏ္ဍတိုးတက်ရေး ဆွေးနွေးဆောင်ရွက်ခဲ့


03 October, 2018

အရည်အသွေးမြင့်နည်းပညာများဖြင့် သီးနှံအာဟာရများ ဖန်တီးဖြန့်ဝေပေးနေသော ကမ္ဘာ့ထိပ်တန်း Yara ကုမ္ပဏီမှချောင်းဦးမြို့နယ်အတွင်း သခွားမွှေးကဏ္ဍတိုးတက်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးသူ တစ်ထောင်ခန့်နှင့် အတူပူးပေါင်းကာ သခွားမွှေးရာသီအစ ပျိုးချိန်ကို ကြိုဆိုဂုဏ်ပြုရန်နှင့် သခွားမွှေး ကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေး အတွေ့အကြုံများမျှဝေရန် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သခွားမွှေးကဏ္ဍတိုးတက်ဖို့ ယာရာနှင့် အတူစိုက်ပျိုးစို့ ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် အခမ်းအနားကို ဒေသခံစိုက်ပျိုးရေး ပညာရှင်များနှင့် မိမိတို့၏သီးနှံများ အရည်အသွေး ကောင်းမွန်လာစေရေးများကို ဆွေးနွေးခဲ့ကြသည်။

သခွားမွှေးကို မန္တလေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းဒေသများတွင် တွင်တွင်ကျယ်ကျယ် စိုက်ပျိုးပြီး ပြည်ပဝယ်လိုအား များပြားသောသီးနှံတစ်မျိုးဖြစ်သည့်အတွက် စိုက်ပျိုးသော သခွှားမွှေးအများစုကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချလျက်ရှိသည်။ ၂ဝ၁၆ ဧပြီလမှ ၂ဝ၁၇ ခုနှစ်မတ်လအထိ စစ်ကိုင်းတိုင်းဒေသမှထွက်ရှိသည့် သခွားမွှေးများကို ပြည်ပသို့ တင်ပို့ရောင်းချမှု တန်ချိန်ပေါင်း ၁၃ဝဝဝဝ တန် ကျော်ရှိခဲ့ကြောင်းသိရသည်။

ဒေသတွင်း နိုင်ငံခြားငွေရရှိမှုနှင့် စိုက်ပျိုးတောင်သူများအတွက် အမြတ်အစွန်းရရှိမှုကို အထောက်အပံ့ဖြစ်စေခဲ့သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၏ ထုတ်ပြန်ချက်များအရ ၂ဝ၁၇ ခုနှစ် ဧပြီလမှ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလထိ တရုတ်နိုင်ငံတစ်ခုထဲသို့ တန်ချိန်ပေါင်း ၅၆၉ဝဝ ကျော်ရှိခဲ့ပြီး ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၆ မီလီယံခန့်တန်ဖိုးရှိခဲ့သည်။

''ချောင်းဦးမှာ Yara က စနစ်တကျ လေ့ကျင့်သင်ကြားပေးထားတဲ့ သီးနှံအာဟာရ အကြံပေးပညာရှင်တွေ ပြည်ပပို့ကုန်အရည်အသွေးပိုမိုကောင်းမွန်ကောင်းစေဖို့ စိုက်ပျိုးရမယ့် နည်းလမ်းတွေကို မျှဝေပေးခဲ့ပြီး ချောင်းဦးမှာရှိတဲ့ သခွားမွှေးစိုက်တောင်သူတွေနဲ့ အတူအနီးကပ်အတူတကွ စိုက်ပျိုးခဲ့ကြပါတယ်''ဟု Yara မြန်မာ၏ Country Manager ဖြစ်သူ Havar Valved က ပြောသည်။

ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သခွားမွှေးပြည်ပတင်ပို့ရောင်းချမှု တိုးတက်လာခြင်းကြောင့် ဒေသခံစိုက်ပျိုးတောင်သူများသည် မြင့်တက်လာသည့်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်ရန် ၎င်းတို့၏ စိုက်ပျိုးသော သီးနှံများ၏ အထွက်နှုန်းနှင့် အရည်အသွေးတိုးတက်ကောင်းမွန်လာစေမည့် အဆင့်မြင့်စိုက်ပျိုးရေးနည်းစနစ်များကို အသုံးပြုရန်လိုအပ်လာကြောင်းသတိပြုမိလာကြသည်။ သခွားမွှေးဆွတ်ခူးချိန်တွင် ရရှိသောအသီး၏ အရည်အသွေးဖြင့် ဈေးနှုန်းသတ်မှတ်သောကြောင့် တောင်သူများအနေဖြင့် အရည်အသွေးပြည့်မှီကောင်းမွန်သော အသီးများရရှိနိုင်ရေးမှာ စိုးရိမ်ပူပန်စရာဖြစ်ခဲ့ကြောင်း သိရ သည်။

 

Local News Read 357 times