ဝါးဖြင့်ပြုလုပ်သောလက်မှုဝါးမီးအိမ်များကို ပြည်တွင်းပြည်ပလုပ်ငန်းရှင်များမှာယူမှုရှိလာ


19 June, 2017

ပြည်တွင်းဝါးများဖြစ်သော ဝါးဘိုးဝါး၊ ကြသောင်းဝါး၊ တင်းဝါးတို့ဖြင့်ပြုလုပ်သောလက်မှုဝါးမီးအိမ်များကို ပြည်တွင်းပြည်ပလုပ်ငန်းရှင်များစိတ်ဝင်တစားမှာယူမှုများရှိလာကြောင်းဝါးလက်မှုလုပ်ငန်းကို လုပ်ကိုင်နေသူဘိုးသိကြားမင်းမြန်မာ့ဝါးအနုပညာဖန်တီမှုလုပ်ငန်းပိုင်ရှင်ကပြောသည်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ငွေတော်ကျည်ကုန်းရပ်ကွက်တွင်မြန်မာနိုင်ငံအတွင်းကထွက်ရှိသော မြန်မာ့ ဝါးများဖြင့်လက်မှုပညာပစ္စည်းများပြုလုပ်ပြီးပြည်တွင်းဟိုတယ်များ၊ စားသောက်ဆိုင်များတွင် အလှဆင်အသုံးပြုရန်ဝါးမီးအိမ်များကို ပြုလုပ်ရောင်းချနေခြင်းဖြစ်သည်။

ဘိုးသိကြားမင်းမြန်မာ့ဝါးအနုပညာဖန်တီမှုလုပ်ငန်းကိုသဘာဝပတ်ဝန်းကျင်ပြန်လည် စိမ်းလန်းစိုပြေလာရန်၊ သဘာဝရင်းမြစ်ပစ္စည်းများကို ပြုန်းတီးအောင်မလုပ်ဘဲလက်မှုပညာဖြင့်ပေါင်းစပ်ကာအဆင့်မြင့် လက်မှု ပစ္စည်းများထုတ်လုပ်နေခြင်းဖြစ်ကြောင်း၊ ထိုသို့ပြုလုပ်ခြင်းဖြင့်ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာကနိုင်ငံခြားဝင်ငွေရရှိစေရန်လည်းရည်ရွယ်ထားကြောင်းသိရသည်။

လက်ရှိဝါးမီးအိမ်ပေါင်း ၁၅ မျိုး ပြုလုပ်ပြီးနောက်ဝါးနှင့်လုပ်သည့်ဓာတ်ပုံအမှတ်တရပစ္စည်းများလည်း ရောင်းအားကောင်းပါသည်။
ယင်းမြန်မာ့ဝါးအနုပညာဖန်တီးမှုလုပ်ငန်းကိုစာသင်ကျောင်းများမှကလေးငယ်များလာရောက်လေ့လာခြင်း၊ ဝါးအနုပညာသင်ကြားလိုသူများကိုလာရောက်သင်ကြားနိုင်ကြောင်း၊လက်ရှိမြန်မာဝါးအနုပညာပစ္စည်းဖြစ်သော ဝါးမီးအိမ်များမှာတစ်ခုလျှင် ဈေးနှုန်း ၁၅ဝဝဝ ကျပ်မှ ၂၅ဝဝဝ ကျပ်ထိအစားစားရှိပြီး ပြည်တွင်းမှာယူမှုများကိုအများဆုံးဦးစားပေးရောင်းချနေကြောင်း၊ မြန်မာနိုင်ငံမှထွက်ရှိသောဝါးအမျိုပေါင်း ၂၀ ကျော်ထဲမှ လက်ရှိဝါးပိုးဝါး၊ ကြသောင်းဝါးများကိုအဓိကထားကာအသုံးပြုထုတ်လုပ်လျက်ရှိပြီး ထိုင်း၊ စင်ကာပူနိုင်ငံများမှ နမူနာပစ္စည်းပေးပို့ကာပြုလုပ်ခိုင်းခြင်းများလည်းရှိကြောင်းသိရသည်။

ဝါးတစ်လုံးကအကောင်းဆုံးမှ ကျပ် ၄ဝဝဝ ကနေ ကျပ် ၁၀ဝဝဝ လောက်သာရှိပြီးစင်ကာပူမှာဝါးနဲ့ပြုလုပ် ထားသော A4 ဆိုဒ်စာတင်စင်တစ်ခုကို ကျပ်နှစ်သိန်းလောက်ပေါက်ဈေးရှိကြောင်းသိရသည်။

နမူနာအတိုင်းဝါးနဲ့လုပ်ပေးနိုင်ပါကကျပ်တစ်သိန်းလောက်ရမည်ဖြစ်ပြီး သူ့တို့လိုချင်တဲ့ အရည်အသွေး အတိုင်း ပေးဖို့လိုပါသည်။

Export, Import Read 1714 times