ဆွစ်ဇာလန်နိုင်ငံ လူမှုအကျိုးပြု ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည့် Symbiotics SA အဖွဲ့ထံမှ ချေးငွေကန်ဒေါ်လာနှစ်သန်းဖြင့် လူတစ်သောင်းခွဲကို ချေးငွေပေးအပ်မည်ဟု စင်ကာပူ Hayman Capital ကုမ္ပဏီက သတင်းထုတ်ပြန်ထားပါတယ်။
စင်ကာပူငွေကြေးကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ချေးငွေပေးရာ၌ အကြွေးကျန် ၀ ဒသမ ၄၃ ရာခိုင်နှုန်းသာရှိပြီး လုပ်ငန်းများထပ်မံတိုးချဲ့လို၍ အဆိုပါ ချေးငွေအတွက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဌာနမှ ခွင့်ပြုချက်ရရှိပြီးဖြစ်သည်ဟု အဆိုပါကုမ္ပဏီကဆိုပါတယ်။
ချေးငွေကို ကုန်သွယ်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းနှင့် အောက်ခြေအဆင့် ဈေးကွက်အလားအလာရှိသည့်လုပ်ငန်းများကို ထုတ်ချေးမည်ဖြစ်ပါတယ်။ ‘‘ဘဏ်လုပ်ငန်းမရှိသေးတဲ့ ကျေးလက်ဒေသနေထိုင်သူတွေအတွက် ဝန်ဆောင်မှုတွေ ပံ့ပိုးဆောင်ရွက်သွားမယ်’’ ဟု Hayman Capital အုပ်ချုပ်မှုဒါရိုက်တာ Sultan Marenov က ပြောပါတယ်။
စင်ကာပူကုမ္ပဏီသည် ၂၀၁၄ တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာပြီး လက်ရှိအထိ ဒေါ် လာ ၁၁ သန်းကျော်ထုတ်ချေးပြီး ဖြစ်ပါတယ်။ ရုံးခွဲများကို ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်ထားပါတယ်။
7day daily