ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်


05 April, 2019

မြန်မာလုပ်ငန်းရှင်များနဲ့ အတူ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် Hong Kong Productivity Councl - HKPC မှ Senior Consultant Mr. William Lo ဦးဆောင်ကာ ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် (၂၀) ဦးခန့် ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၉ ရက် (အင်္ဂါနေ့) မှာ စီးပွားရေးကဏ္ဍများအလိုက် တွေ့ဆုံဆွေးနွေးပွဲကို ကုန်သည်စက်မှုအသင်းချုပ်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင်များအဖွဲ့အနေနဲ့

(1) Plastic Bag Packaging

(2) Garment

(3) Rubber Parts Production

(4) Electrical Wiring Accessories

(5) Artificial Flowers and Seasonal decoration

(6) Electro – Mechanical Assembly Service

(7) Toy Manufacturing စတဲ့ကဏ္ဍတွေမှာ  မြန်မာစီးပွားရေးလုပ်ငန်းရှင်များနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်လိုပါတယ်။

နယ်ပယ်ကဏ္ဍအသီးသီးမှ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များအနေနဲ့ အဆိုပါဆွေးနွေးပွဲကို တက်ရောက်လိုပါက ကုန်သည်စက်မှုအသင်းချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာန အီးမေးလ် - [email protected] ကို ဒီနေ့နောက်ဆုံးထားပြီး စာရင်းပေးပို့ကာ တက်ရောက်နိုင်ပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

Local News Read 403 times