ပင်လယ်နီ သင်္ဘောဖြတ်သန်းရန် ပါမစ် ရယူရန်လိုအပ်ဟု ဟူသီတို့က ကြေညာ


06 March, 2024

ပင်လယ်နီ သင်္ဘောဖြတ်သန်းရန် ပါမစ် ရယူရန်လိုအပ်ဟု ဟူသီတို့က ကြေညာ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ဟူသီတို့သည် ပထမဆုံးအကြိမ်အဖြစ် သင်္ဘောနစ်မြုပ်စေခဲ့ပြီးနောက် ၎င်းတို့၏ ရေပိုင်နက်အတွင်းသို့ ဝင်ရောက်လာသည့် မည်သည့်သင်္ဘောမဆို ပါမစ်ရယူရန် လိုအပ်သည်ဟု အခိုင်အမာ ပြောကြားသည်။

 

ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စက်ခန်းထဲ ရေဝင်ပြီး ရေပေါ် ပေါလောမျောနေခဲ့သည့် Rubymar နစ်မြုပ် [Video]

#LogisticsGuide

https://www.industrialdirectory.com.mm/article/-rubymar-video.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ

 

သင်္ဘောများသည် ယီမင်ရေပိုင်နက်အတွင်းသို့ မဝင်ရောက်မီ ဟူသီထိန်းချုပ်ထားသော ရေကြောင်းရေးရာ အာဏာပိုင် Maritime Affairs Authority ထံမှ ခွင့်ပြုမိန့်ရယူရမည်ဖြစ်ကြောင်း ဟူသီဆက်သွယ်ရေးဝန်ကြီး Misfer Al-Numair က ပြောကြားသည်။

 

 

ယီမင်ရေပိုင်နက်သည် ပင်လယ်နီ အပေါက်ဝ ဘပ်ဘဲမန်ဒဗ်  Bab al-Mandab ရေလက်ကြား တခြမ်းအထိ ဖြစ်ပါသည်။

ဖေဖော်ဝါရီ ၁၈ ရက်က ဟူသီတို့ ပစ်ခတ်တိုက်ခိုက်သည့်  ဒုံးကျည်များဖြင့် ထိမှန်ခဲ့ပြီး‌ေနာက် ဓာတ်မြေဩဇာ တန်ချိန် ၂၁,၀၀၀ တင်ဆောင်လာသော သင်္ဘောကြီး Rubymar အနီးနားရှိ ရေပြင်တွင် သင်္ဘောမှ ရေကြောင်းသုံး လောင်စာဆီများ ယိုစိမ့်ထွက်ပြီး ညစ်ညမ်းမှု ဖြစ်ပေါ်စေခဲ့သည်။

 

လက်ဘနွန်နိုင်ငံသားပိုင်၊ ဂရိကုမ္ပဏီမှ ပြေးဆွဲသည့်  ဘဲလိဇ် မှတ်ပုံတင်ထားသော သင်္ဘော Rubymar သည် လက်ရှိ ပင်လယ်နီ ရေကြောင်းလမ်း အရေးအခင်းတွင် ပထမဆုံး လုံးဝဆုံးရှုံးခဲ့သည့် သင်္ဘော ဖြစ်သည်။

သင်္ဘောအများစုသည် စူးအက်တူးမြောင်း ပင်လယ်နီ ရေကြောင်းလမ်းကို  အသုံးမပြုကြတော့သဖြင့် မတ်လဆန်းတွင် စူးအက်တူးမြောင်း ဖြတ်သန်းသည့် သင်္ဘောအစီးရေသည် ၂၀၂၃ ခုနှစ် ပျမ်းမျှ တရက်တာ ဖြတ်သန်း အစီးရေ၏ ၆၀% အောက်မှာသာ ရှိပါတော့သည်။

 Source Splash247


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Sea Read 544 times