ကန်ဒေါ်လာ ၅၄ သန်းတန်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများလုပ်ကိုင်ရန် ရန်ကုန်မြို့တွင် ကျင်းပ သည့် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ပြပွဲ၌ ပြည်နယ်အစိုးရနှင့် ပြည် တွင်း၊ ပြည်ပကုမ္ပဏီလေးခုကြား နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးခဲ့သည်။
မြန်မာကွန်ဗင်းရှင်းစင်တာ တွင် မတ်လ ၁၆ ရက်ကကျင်းပ သည့် ချင်းပြည်နယ်ရင်းနှီးမြှုပ်နှံမှု ပြပွဲပထမနေ့က လက်မှတ်ရေး ထိုးခြင်းဖြစ်ပြီး ထိုသို့လက်မှတ် ရေးထိုးခြင်းက ပထမဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု စတင်ဝင်ရောက် လာခြင်းဖြစ်သည်။
အဆိုပါလုပ်ငန်းလေးခုတွင် နော်ဝေးကုမ္ပဏီတစ်ခု ပါဝင်ပြီး ကျန်ကုမ္ပဏီသုံးခုသည် ပြည်တွင်း မှ ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းများ ဖြစ်သည်ဟု ချင်းပြည်နယ်စည်ပင် သာယာရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဦးစိုးထက်က ပြောသည်။
အဆိုပါစီမံကိန်းလေးခုမှာ နော်ဝေးပါဝါကုမ္ပဏီက ချင်း ပြည်နယ်အတွင်းရေအားလျှပ်စစ် ထုတ်ယူရေး စီမံကိန်း၊ K.L amazing ကုမ္ပဏီ၏ ကျပ် ၁ ဒသမ ၂ ဘီလီယံတန် ဟိုတယ် စီ မံကိန်း၊ အခြားပြည်တွင်းကုမ္ပဏီ နှစ်ခု၏ ကျပ်သုံးဘီလီယံတန် ပ လက်ဝမြို့ပြစီမံကိန်းနှင့် သစ်သီး ဝလံတန်ဖိုးမြှင့်ထုတ်ကုန်လုပ်ငန်း အတွက် ကန်ဒေါ်လာတစ်သန်း ရင်းနှီးမြှုပ်နှံမည့်စီမံကိန်းတို့ဖြစ် သည်။
‘‘နောက်ထပ်ရှိမယ့် စီမံကိန်း တွေက ရေအားလျှပ်စစ်ဖြစ် တယ်။ အကြီးလည်းရှိတယ်၊ အ သေးလည်းရှိတယ်။ ရေအားလျှပ် စစ်လုပ်ဖို့ ၂၅ ခုရှိတယ်။ ဆန်းစစ် သုတေသနလုပ်ထားတာ ရှစ်ခုပဲ ရှိသေးတယ်၊ ၁၇ ခုလုပ်ဖို့ရှိတယ်’’ ဟု ဝန်ကြီးဦးစိုးထက်ကပြော ကြားသည်။
ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းများအရ ချင်းပြည်နယ် သည် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှု လုံးဝမရှိသေးသော ပြည်နယ်တစ် ခုဖြစ်ပြီး အဆိုပါနော်ဝေးကုမ္ပဏီ သည် ပြည်နယ်အတွင်း ပထမဆုံး ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီဖြစ်သည်။
ထို့အပြင် ချင်းပြည်နယ် မဏိပူရမြစ်တွင် တရုတ်ကုမ္ပဏီ နှင့် မြန်မာအစိုးရဌာနများကြား ပူးပေါင်းဆောင်ရွက်နေသည့် မဂ္ဂါဝပ် ၃၈၀ ထုတ်လုပ်မည့်စီမံ ကိန်းနှင့် လေးမြို့မြစ်တွင် ၆၂၂ မဂ္ဂါဝပ် ထုတ်လုပ်မည့်ပြင်သစ်နိုင် ငံ၏ ရေအားလျှပ်စစ်စီမံကိန်းတို့ ကို လွန်ခဲ့သည့် သုံးနှစ်ကျော်က လေ့လာဆန်းစစ်ရန် စီစဉ်ခဲ့သော် လည်း ရပ်တန့်နေသည်။ ထို့ ကြောင့် ကုမ္ပဏီများသို့ ပြန်လည် ဆက်သွယ်ဆောင်ရွက်ရန် စီစဉ် ထားသည်ဟု ဦးစိုးထက်ကဆို သည်။
လျှပ်စစ်ဥပဒေ ၂၀၁၄အရ တိုင်းဒေသ ကြီးနှင့် ပြည်နယ်အစိုးရ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းဆိုင်ရာလုပ်ပိုင်ခွင့်ကို မဂ္ဂါဝပ် ၃၀အထိ ပေးအပ်ထားသည်။ ချင်းပြည်နယ်တွင် လျှပ်စစ်ဓာတ်အား ရောင်းဈေးမှာ အလွန်အမင်းနည်းပါးသဖြင့် အရင်းကျေကာလမလွဲမသွေ ကြာမြင့်မည်ဖြစ်သောကြောင့် ရင်းနှီးမြှုပ်နှံရန် အခက်အခဲ ဖြစ်နေစေသည်။
7Days News