တောင်ကိုရီးယားမှ နိုင်ငံပိုင် ဘဏ်လုပ်ငန်းဖြစ်သော ကိုရီးယားစက်မှုဘဏ် Industrial Bank of Korea သည် ရန်ကုန်မြို့တွင် ပြည်တွင်းလက်အောက်ခံကုမ္ပဏီတစ်ခုကို တရားဝင်ဖွင့်လှစ်လုပ်ကိုင်ပြီ ဖြစ်ကြောင်း တနင်္ဂနွေနေ့ကပြောကြားခဲ့သည်။
အစောပိုင်းတွင် တရုတ်နှင့်အင်ဒိုနီးရှားနိုင်ငံတို့တွင် လုပ်ကိုင်လည်ပတ်ပြီးနောက် ၎င်း၏တတိယမြောက် ပြည်ပယူနစ်အဖြစ် မြန်မာတွင် လုပ်ကိုင်ခြင်း ဖြစ်သည်။
IBK Bank Myanmar အမည်ဖြင့် လုပ်ကိုင်မည် ဖြစ်သည်။ ဘဏ်ဝန်ဆောင်မှု အမျိုးမျိုး ပေးအပ်မည်ဖြစ်ရာ ကော်ပိုရိတ် ဘဏ္ဍာရေး၊ တစ်ဦးချင်း ငွေရေးကြေးရေး စီမံခန့်ခွဲမှု၊ နိုင်ငံခြားငွေ လဲလှယ်ခြင်း အစရှိသည်တို့ ပါဝင်သည်။
ဘဏ်လုပ်ငန်းအသစ်သည် မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်သော တောင်ကိုရီးယား ကုမ္ပဏီများသာမက မြန်မာမှ ပြည်တွင်းလုပ်ငန်းများလည်း ဘဏ်ဝန်ဆောင်မှုများကို ရယူနိုင်သည်။
ကိုရီးယားစက်မှုဘဏ် Industrial Bank of Korea ၏ ပြည်တွင်းလက်အောက်ခံကုမ္ပဏီတစ်ခုအဖြစ် IBK Bank Myanmar ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ကို ဗဟိုဘဏ်မှ ရရှိခဲ့ပြီး မြန်မာနိုင်ငံတွင် ဘဏ်ခွဲ အများဆုံး ၁၀ ခုအထိ ဖွင့်လှစ် လုပ်ကိုင်ခွင့် ရှိသည်။
တောင်ကိုရီးယား အစိုးရ၏ စီးပွားရေး မူဝါဒတစ်ခု ဖြစ်သော New Southern Policy ၏ ရည်ရွယ်ချက်များအရ အရှေ့တောင်အာရှ နိုင်ငံများတွင် စီးပွားရေး တိုးချဲ့လုပ်ကိုင်ခြင်းအဖြစ်ဖြင့် မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်ခြင်း ဖြစ်သည်။
IBK Bank Myanmar သည် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ငွေကြေးကျောထောက်နောက်ခံ ရရှိစေရန် အထူးပြု လုပ်ကိုင်မည် ဖြစ်သည်။
နိုင်ငံပိုင်ဘဏ်လုပ်ငန်း Industrial Bank of Korea သည် မြန်မာနိုင်ငံတွင် လက်အောက်ခံဘဏ်တစ်ခု ထူထောင်လိုက်ခြင်းဖြင့် နိုင်ငံ ၁၂ နိုင်ငံတို့တွင် လက်အောက်ခံ ဘဏ်လုပ်ငန်း ၃ ခုကို ကိုင်တွယ်သည့် ဘဏ်အဖြစ်သို့ ရောက်ရှိပြီး ဘဏ်လုပ်ငန်းခွဲ ၅၉ ခု ဖွင့်လှစ်လုပ်ကိုင်လျက် ရှိသည်။
Myanmar Industry Guide
Source: koreaherald.com