၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့တွင် Huawei Myanmar မှ ဦးဆောင်၍ “ICT Enhances Sustainable Outlook for New Digital Era in Myanmar” ( မြန်မာ့ဒီဂျစ်တယ်ခေတ်သစ်အတွက် ရေရှည်တည်တံ့သော အလားအလာကောင်းများ ဖော်ဆောင်ပေးမည့် ICT ၏ အခန်းကဏ္ဍ ) ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ခုကို Huawei Myanmar ရုံးချုပ်တွင် ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် Myanmar Information and Technology Pte Ltd ၏ တည်ထောင်သူနှင့် CEO ဒေါက်တာဦးထွန်းသူရသက်၊ Onelink Technologies Co., Ltd ၏ CEO၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) ၏ ဒုဥက္ကဌ ဦးဝေဖြိုး၊ Strategy First Education Group Limited ၏ တည်ထောင်သူနှင့် ဥက္ကဌ ဦးအောင်ချစ်ခင်တို့မှ ဆွေးနွေးပြောကြားပေးခဲ့သည်။
ယင်းဆွေးနွေးပွဲကို Huawei Myanmar ၏ တရားဝင် Facebook page တွင် တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး ဒီဂျစ်တယ်ခေတ်သစ်သို့ ပြောင်းလဲရာတွင် ICT နည်းပညာ၏ အရေးပါပုံနှင့် နည်းပညာများ၏ တိုးတက်မှုများအကြောင်းကို အများပြည်သူများ ပိုမိုသိရှိစေရန် ရည်ရွယ်ကာ ဆွေနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆွေးနွေးပွဲ၌ စီးပွားရေးကဏ္ဍတွင် အွန်လိုင်းငွေကြေးဝန်ဆောင်မှုများ သုံးစွဲခြင်းသည် ၂၀၁၉ ခုနှစ်တွင် ၀.၅% ရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်တွင် ၃၀% အထိတိုးတက်စေရန်နှင့် ဒီဂျစ်တယ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၆) ဘီလီယံမှ (၁၂) ဘီလီယံထိ တိုးတက်စေရန် စသည့်အချက်များလည်း ပါဝင်ခဲ့သည်။
ထိုဆွေးနွေးပွဲကို စိတ်ပါဝင်စားသူများအနေဖြင့် Huawei Myanmar Official Facebook page (shorturl.at/dmPY9) တွင် ဆွေးနွေးပွဲဗီဒီယိုဖိုင်ကို သွားရောက်ကြည့်ရှနိုင်ပါသည်။ ယခု အွန်လိုင်းပွဲသည် COVID-19 ကာလအတွင်း ဒုတိယမြောက်ပွဲဖြစ်ပြီး လွန်ခဲ့သော (၂) လခန့်ကလည်း Huawei Myanmar ICT Congress ကို အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့သည်။