IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ စက်မှု ထုတ်လုပ်မှု ဆက်လက်ဆုတ်ယုတ်


01 December, 2020

စက်မှု ထုတ်လုပ်မှုမှာ လော့ဒေါင်း ကန့်သတ်ချက်များ ဆက်ရှိနေသည့် အကြားမှာ ဆက်ပြီး ဆုတ်ယုတ်လာသည်။

အဓိက တွေ့ရှိချက်များ

  • ထုတ်လုပ်မှုနှင့် အော်ဒါ အသစ်များမှာ နိုဝင်ဘာလတွင်း ရှေ့ဆက် ကျဆင်းလာခဲ့သော်လည်း နှုန်းနှေးလာခြင်း
  • ထည့်ကုန် သိုလှောင်ထားမှုများ စံချိန်တင် ကျဆင်းလာခြင်း
  • လုပ်ငန်းများ၏ မျှော်လင့်ချက်များ အားနည်းလျက် ရှိနေခြင်း

ဒေတာကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁-၂၀ ရက်များတွင် စုစည်းခဲ့သည်။

မြန်မာနိုင်ငံတွင် လုပ်ကိုင်မှု အခြေအနေများမှာ နိုဝင်ဘာလအတွင်း ဆက်လက်ကျဆင်းလာခဲ့ပြီး ထုတ်လုပ်မှု၊ အော်ဒါ အသစ်များ၊ အလုပ်နေရာများနှင့် ထည့်ကုန်ဝယ်ယူရေးလုပ်ငန်းများအားလုံးစံချိန်တင် တဟုန်ထိုး ကျဆင်းလာခဲ့သည်။ 

ကိုရိုနာဗိုင်းရပ် ၂၀၁၉ ရောဂါ (COVID-19) ကူးစက်မှု တိုးပွားလာနေခြင်းကို ထိန်းချုပ်ရန် ချမှတ်ခဲ့ရသည့် ကန့်သတ်ချက်များကို အကြောင်းပြုပြီး စက်ရုံများ ပိတ်ချခဲ့ရခြင်းကို နောက်ဆုံး ကျဆင်းမှု၏ အကြောင်းရင်းအဖြစ် ဖေါ်ပြကြသည်။

သို့သော်လည်း စစ်တမ်း အညွှန်း အများအပြားတို့သည် အောက်တိုဘာလ၏ အနိမ့်ဆုံး နေရာများမှ ပြန်တက်လာနိုင်ပြီး လုပ်ငန်း အခြေအနေများ၏ နောက်ဆုံး ဆုတ်ယုတ်မှုမှာ ခြုံပြောရလျှင် လက်ရှိ ကျဆင်းမှု သုံးလတာကာလအတွင်းမှာ အညင်သာဆုံးဖြစ်သည်။

ကုမ္ပဏီများက လာမည့် ၁၂-လ အတွင်းမှာ ထုတ်လုပ်မှု ပမာဏ မြင့်တက်လာမည်ဟု မျှော်လင့်နေကြသော်လည်း အကောင်းမြင်မှုမှာ ခြုံပြောရလျှင် အားနည်းလျက်ရှိနေပါသည်။

ဈေးနှုန်းများကို လေ့လာကြည့်လျှင် နောက်ဆုံးစစ်တမ်းကာလအတွင်း ထုတ်လုပ်မှု စရိတ်၏ ငွေကြေးဖောင်းပွမှုမှာ အရှိန်ရလာခဲ့ပြီး စစ်တမ်းထဲ ပါဝင်ဖြေကြားသူတို့က ကုန်ကြမ်း ရှားပါးမှုကို မကြာခဏ ထောက်ပြခဲ့ကြသည်။ တစ်ချိန်တည်းမှာပင် စက်ရုံ ရောင်းဈေးများ ကျဆင်းလာမှုကိုရောင်းချရမှုကို မြှင့်တင်ရန် အားထုတ်မှုများနှင့် ဆက်စပ် ဖေါ်ပြကြသည်။ ထုတ်လုပ်မှု စွမ်းဆောင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်း ဖြစ်သည့် အဓိက အကျဆုံး IHS Markit  မြန်မာ့စက်မှုကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းမှာ နိုဝင်ဘာလတွင် ၄၃.၂ သို့ တက်လှမ်းလိုက်ရာ အောက်တိုဘာလ၏ ၃၀.၆ မှ

သိသာစွာမြင့်ပါသည်။ လုပ်ငန်း အခြေအနေများမှာ ကျဆင်းမှုကို ထပ်ပြီး အချက်ပြနေသည့် တိုင်အောင် နောက်ဆုံး ဂဏန်းက မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍ ပြန်နာလန်ထူနိုင်မည့် လှုပ်ရှားမှုကို ညွှန်ပြနေပါသည်။

စက်ရုံ လုပ်ငန်းများကို ရပ်တန့်ထားရကာ ဝယ်လိုအား ပျော့လာနေချိန်မှာ PMI ထဲတွင် ၈၅% အထိ အလေးပေး ထည့်တွက်ရသည့် အပိုင်းများ ဖြစ်ကြသည့် ထုတ်လုပ်မှု၊ အော်ဒါ အသစ်များ၊ ထည့်ကုန် ဝယ်ယူ သိုလှောင်မှုများနှင့် အလုပ်နေရာများမှာ နိုဝင်ဘာလတွင် အဓိက အကျဆုံး အညွှန်းကိန်း အပေါ်သို့ လေးလံစွာ ဖိစီးလာကြသည်။

 လော့ဒေါင်း ကန့်သတ်ချက်များကြောင့် အလုပ်သမားများး မိမိတို့ ဇာတိနေရပ်များသို့ ဆက်ပြန်နေရသောကြောင့် အလုပ်နေရာများ တဟုန်ထိုး ဖြတ်တောက်ခံခဲ့ရသည်။ 

ဤအတောအတွင်း အနာဂတ် လများတွင် ဝယ်လိုအားမရေမရာ ဖြစ်နေမှု၏ ဖိစီးမှုကြောင့် ဝယ်ကုန် ပမာဏများမှာ စစ်တမ်း စတင်ခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှစပြီး အားအကောင်းဆုံး နှုန်းဖြင့် ကျဆင်းသွားခဲ့သည်။ 

နောက်ဆုံးအချက်အဖြစ် ထည့်တွက်ရသည့် ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ ဆက်ပြီး တိုးလာခဲ့ခြင်းဖြင့် အဓိကကျဆုံး PMI ကို ပံ့ပိုးပေးခဲ့သည်။

ကုမ္ပဏီများက နိုဝင်ဘာလအတွင်း အော်ဒါ အသစ်များကို လျော့ပြီး ရရှိခဲ့ကြောင်းအစီရင်ခံခဲ့ကြသည်။

 ခြုံပြောရလျှင် ကျဆင်းမှု နှုန်းမှာ အားကောင်းခဲ့သော်လည်း နောက်ဆုံးသုံးလပတ် အစတွင် မြင်ခဲ့ရသည်နှင့်စာလျှင် သိသိသာသာ အားပျော့လာခဲ့သည်။ 

အော်ဒါအသစ်များနှင့် ထုတ်လုပ်မှု၏ နောက်ဆုံး ကျဆင်းမှုက လုပ်သားအင်အားကို ထပ်ပြီး ကျဆင်းစေခဲ့သည်။

ထုတ်လုပ်မှု အားနည်းလာသည်နှင့်အတူ နိုဝင်ဘာလတွင် ဝယ်ယူ သိုလှောင်မှုလည်း ကျလာခဲ့သည်။ 

ဝယ်လိုအားကိစ္စ မရေမရာ ဖြစ်မှုကြောင့် ကုမ္ပဏီများက သိုလှောင်ထားသည့် ဝယ်ကုန်များကို မဖြည့်ရန် ဆုံးဖြတ်ခဲ့ကြကြောင်း အများစုတို့က ထောက်ပြခဲ့ကြသည်။

ပါဝင်ဖြေကြားခဲ့ကြသူတို့က အော်ဒါ အသစ်များကို သိုလှောင်ထားသည့် ကုန်စည်များဖြင့် ဖြည့်ဆည်း ပေးနေရခြင်းကိုပါ ထောက်ပြခဲ့ကြသည်။

အော်ဒါ အသစ်များ ကျဆင်းလာခဲ့သော်လည်း နိုဝင်ဘာလတွင် မပြီးစီးခဲ့သည့် အလုပ်ပမာဏ မြင့်တက်လာမှုက လျှော့ချခံခဲ့ရသည့် လုပ်သားအင်အားကို ထင်ဟပ်နေသည်။ 

လက်ကျန်အလုပ်များ၏ အညွှန်းမှာ အောက်တိုဘာလမှစပြီး တဟုန်ထိုး မြင့်တက်လာခဲ့ရာ ကုန်ထုတ်စွမ်းအား ဆိုင်ရာ ဖိစီးမှုများ အသစ်တဖန် တိုးလာမှုကို အချက်ပြနေသည်။

ယင်းတချိန်တည်းမှာ ပစ္စည်းပေးသွင်းမှု ကွင်းဆက်များထဲက ဖိအားပေးမှု တိုးလာမှုကြောင့် ပစ္စည်းပေးသွင်းနိုင်စွမ်း ဆုတ်ယုတ်လာသည်။

ထုတ်လုပ်မှု စရိတ်များမှာ ဒုတိယလမြောက်အဖြစ် ဆက်တိုက် မြင့်လာခဲ့ရာ ဖြေကြားခဲ့ကြသူတို့က ကုန်ကြမ်း ပစ္စည်းများ ရှားပါးမှုနှင့် ပို့ဆောင်ရေး စရိတ်များ မြင့်တက်လာမှုနှင့် ဆက်စပ်ရှင်းပြကြသည်။ 

ဤအတောအတွင်း ထုတ်ကုန်အတွက် တောင်းဆိုကြသည့် ဈေးနှုန်းများမှာမူ ကိုးလဆက်တိုက် မသိမသာ ကျဆင်းလာခဲ့သည်။

နောက်ဆုံးအနေနှင့် လုပ်ငန်းများ၏ ယုံကြည်မှုမှာ နောက်ဆုံး သုံးလပတ် အလယ်မှာ အပြုသဘော ဆောင်နေဆဲဖြစ်သည်။ လာမည့် တစ်နှစ်အတွင်းမှာ ထုတ်လုပ်မှုကို တိုးချဲ့ပြီး စက်ပစ္စည်းများထဲသို့ ရင်းနှီးမြှုပ်နံှရန် စီမံထားကြောင်း ကုမ္ပဏီများက အစီရင်ခံကြသည်။

အကောင်းမြင်မှုမှာ သုံးလအတွင်း အားအကောင်းဆုံး ဖြစ်သော်လည်း စစ်တမ်း ဒေတာ သမိုင်းတစ်လျှောက်တွင်  အားနည်းနေဆဲဖြစ်သည်။

 

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြသွားရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားသွားသည်မှာ-

"မြန်မာနိုင်ငံ၏ ထုတ်လုပ်ရေးကဏ္ဍမှာ နောက်ဆုံး လော့ဒေါင်း ကန့်သတ်ချက်များကြောင့် အပြင်းအထန် ထိခိုက်နေဆဲဖြစ်သည်။ 

အော်ဒါအသစ်များ၊ ထုတ်လုပ်မှုနှင့် ဝယ်ကုန်များ အားလုံး နိုဝင်ဘာတွင် သိသာစွာ ကျဆင်းသွားချိန်မှာ အလုပ်နေရာ ဖြတ်တောက်ခံရမှု အရှိန်ပိုရလာခဲ့သည်။ 

လုပ်ငန်းအခြေအနေ တစ်ရပ်လုံး နောက်ဆုံး ကျဆင်းခဲ့မှုမှာ ပြင်းထန်ခဲ့ပြီး ဖေဖေါ်ဝါရီ-ဇွန်ကာလတုန်းက ပမာဏနှင့် တူပါသည်။

သို့သော်လည်း နိုဝင်ဘာ ဒေတာထဲတွင် ပြည်တွင်းနှင့် နိုင်ငံခြားမှ ဝယ်လိုအား ကျဆင်းမှုနှုန်း အားပျော့လာသည် နှင့်အမျှ တိုးတက်မှု နိမိတ်လက္ခဏာများကို မြင်ရသည်။ 

တချိန်တည်းတွင် ပါဝင်ဖြေကြားခဲ့ကြသူတို့က လာမည့် ၁၂ လအတွင်းမှာ ထုတ်လုပ်မှု ပမာဏများ မြင့်လာမည်ဟု မျှော်လင့်လျက် ရှိနေကြဆဲဖြစ်သည်”

 

တွက်ချက်နည်း

IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန် ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ပါသည်။ ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့်လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့သည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။

စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်- 

၁။ အော်ဒါသစ်များ (၃၀%)၊ 

၂။ ထုတ်လုပ်မှု (၂၅%)၊

၃။ အလုပ်နေရာ (၂၀%)၊ 

၄။ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် 

၅။ သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀%)။

 PMIကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့်အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

ဒေတာကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၂-၂၀ ရက်များတွင် စုစည်းခဲ့သည်။ PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ။

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ 

နောက်ထပ် လေ့လာလိုပါက  hsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။

IHS Markit အကြောင်း

IHS Markit  သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရm အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။ 

ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ 

IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။ 

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။

 

Local News Read 361 times