IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ လုပ်ကိုင်မှု အခြေအနေများ စက်တင်ဘာလတွင် ထပ်မံ ဆုတ်ယုတ်


04 October, 2020

IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ လုပ်ကိုင်မှု အခြေအနေများ စက်တင်ဘာလတွင် ထပ်မံ ဆုတ်ယုတ်လာသည်ကို တွေ့ရသည်။

အဓိက တွေ့ရှိချက်များ

  • အော်ဒါ အသစ်များ ရှေ့ဆက် ကျဆင်းလာခဲ့၍ ထုတ်လုပ်မှု အသစ်တဖန် ကျဆင်းလာခြင်း
  • ဆယ့်ခြောက်လ ဆက်တိုက် အလုပ်နေရာများ ဆက်လက်ဖြတ်တောက်ခံခဲ့ရခြင်း
  • ထုတ်လုပ်မှု မျှော်မှန်းချက်များမှာ ဇန်နဝါရီလနောက်ပိုင်း အားအကောင်းဆုံး မြင့်မားလာခြင်း

ဒေတာကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။

IHS Markit ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) နောက်ဆုံး ဒေတာအရ အာဆီယံထုတ်လုပ်ရေး အခြေအနေများမှာ တတိယသုံးလပတ် အဆုံးပိုင်းတွင် စိန်ခေါ်မှုများ ရှိမြဲရှိနေဆဲဖြစ်သည်။ 

သြဂုတ်လတွင် တည်ငြိမ်ခဲ့သည့် နောက်ပိုင်း စက်မှု ထုတ်လုပ်မှုသည် အလုပ်သစ်ရရှိမှု ဆက်လက်ကျဆင်းလာမှု အကြားတွင် နိမ့်ကျသွားခဲ့သည်။

ဤအတောအတွင်း ကုမ္ပဏီများက ဝန်ထမ်း ဦးရေကို ဆယ့်ခြောက်လမြောက် ဆက်တိုက်ဖြတ်တောက်ခဲ့ကြရာ အလုပ်နေရာ လျှော့ချခံရမှု နှုန်းမှာ သြဂုတ်လထက် မသိမသာအားပျော့လာခဲ့သည်။ 

သို့သော်လည်း ကုမ္ပဏီများက စီးပွားရေး နာလန်ပြန်ထူလာမည်ဟု ယေဘုယျအားဖြင့် ပို၍ ယုံကြည်နေကြသောကြောင့် လာမည့် ၁၂-လဆိုင်ရာ ထုတ်လုပ်မှု မျှော်မှန်းချက်များမှာ ရှစ်လအတွင်း အမြင့်ဆုံးသို့ တက်လှမ်းလိုက်ရာ အပြုသဘော

လက္ခဏာအချို့ကို မြင်တွေ့ရပါသည်။

အဓိကအကျဆုံး PMI အညွှန်းမှာ သြဂုတ်လ၏ ၄၉.၀ မှ စက်တင်ဘာတွင် ၄၈.၃ သို့ နိမ့်ဆင်းသွားကာ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေ အသင့်အတင့် ဆုတ်ယုတ်လာနေကြောင်း အချက်ပြနေသည်။ 

သို့သော်လည်း နောက်ဆုံးလ၏ အညွှန်းမှာ ကိုရိုနာဗိုင်းရပ် (COVID-19) ကပ်ရောဂါ ကူးစက်မှု အမြင့်ဆုံး ဖြစ်ခဲ့သည့် နွေဦးတွင် မြင်ခဲ့ရသည်ထက် သိသာစွာ မြင့်မားလျက် ရှိနေပါသည်။ 

အဘက်ဘက်မှ ကျဆင်းလာမှု၏အဓိက အကြောင်းရင်းမှာ စက်မှု ထုတ်လုပ်မှု ထပ်မံ ကျဆင်းလာခြင်းနှင့်အတူ အော်ဒါ

မှာယူမှု ပမာဏများ ခုနစ်လ ဆက်တိုက် ကျဆင်းလာမှု ဖြစ်ပြီး ကျဆင်းမှုနှုန်းမှာမူ အသင့်အတင့်မျှသာ ရှိခဲ့သည်။

စစ်တမ်းတွင် အကျုံးဝင်သည့် ခုနစ်နိုင်ငံအနက် မြန်မာနိုင်ငံမှ အခြေအနေများမှာ အသိသာဆုံး ဆုတ်ယုတ်လာမှုကို မှတ်တမ်း တင်ခဲ့သည်။ အဓိက အကျဆုံး အညွှန်းမှာ စက်တင်ဘာတွင် စံချိန်တင်နီးပါး နိမ့်သည့် ၃၅.၉ သို့ ထိုးကျသွားခြင်းက တင်းကျပ်သည့် လော့ဒေါင်းအစီအစဉ်များကြောင့် ထုတ်လုပ်နိုင်စွမ်းများ သိသာစွာ အားနည်းလာမှုကို မီးမောင်းထိုးပြလိုက်သည်။ 

အင်ဒိုနီးရှားသည်လည်း သြဂုတ်လတွင် အခြေအနေများ မသိမသာကောင်းမွန်လာခဲ့မှု နောက်မှာ အသစ်တဖန် ကျဆင်းမှု ကို ရင်ဆိုင်ခဲ့ရသည်။ အဓိက အကျဆုံးအညွှန်း (၄၇.၂) က ကူးစက်မြန်ရောဂါ၏ အဆိုးဝါးဆုံး ကာလက မြင်ခဲ့ရသည့် ကျဆင်းမှုထက် များစွာညင်သာခဲ့သော်လည်း အပြင်းထန်ဆုံး တစ်ခုဖြစ်နေဆဲဖြစ်သည်။

အခြားနိုင်ငံများအနက် စင်ကာပူနှင့် မလေးရှားတွင် ရှေ့ဆက် ကျဆင်းမှုကို မှတ်တမ်းတင်ခဲ့ကြသည်။ 

စင်ကာပူတွင် အခြေအနေများ နောက်ဆုံး ဆုတ်ယုတ်ခဲ့မှုမှာ ဇန်နဝါရီလမှစပြီး အားအပျော့ဆုံး ဖြစ်ခဲ့ပြီး ခြုံပြောရလျှင် အသင့်အတင့် (အညွှန်း ၄၈.ဝ) ဖြစ်ခဲ့သည်။ 

မလေးရှား ကုန်စည် ထုတ်လုပ်သူတို့က မသိမသာ များသည့် ကျဆင်းမှု နှုန်းကို မှတ်တမ်းတင်ခဲ့ကြပြီး အဓိက အကျဆုံး အညွှန်းမှာ လေးလတွင်း အနိမ့်ဆုံး ၄၉.၀ သို့ နိမ့်ဆင်းသွားသည်။ 

ဤအတောအတွင်း ထိုင်းနှင့် ဖိလစ်ပိုင် နိုင်ငံတို့မှာမူ အခြေအနေများ အဓိကအားဖြင့် တည်ငြိမ်နေခဲ့သည်။ ထိုနိုင်ငံများ၏ အဓိက အကျဆုံး အညွှန်းမှာ ၄၉.၉ နှင့် ၅၀.၁ တွင် အသီးသီး ရှေ ိ နခဲ့ရာ အမှတ် ၅၀.၀ ဝန်းကျင်တွင်ဖြစ်သည်။

နောက်ဆုံးအနေနှင့် ဗီယက်နမ် ထုတ်လုပ်ရေးကဏ္ဍထဲတွင် စက်တင်ဘာလမှာ သုံးလအတွင်း လုပ်ကိုင်မှု အခြေအနေများ ပထမဦးဆုံး အကြိမ် တိုးတက်လာခဲ့သည်။ ထို့အပြင် အဓိကအကျဆုံး အညွှန်း (၅၂.၂) မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လမှစပြီး အမြင့်ဆုံး ဖြစ်ခဲ့ပြီး အခြေအနေများ အသင့်အတင့် ကောင်းမွန်လာခြင်းကို အချက်ပြနေသည်။

ခြုံကြည့်လျှင် စက်တင်ဘာ ဒေတာက အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းမှ စိန်ခေါ်မှုများသည့် အခြေအနေများကို မီးမောင်း ထိုးပြလိုက်သည်။ 

ဖောက်သည်များဘက်မှ ဝယ်လိုအား ပျော့လာခြင်း၏ ရောင်ပြန်ဟပ်မှုကို ရရှိသည့် အော်ဒါ စုစုပေါင်း ပမာဏများ ကျဆင်းလာမှုတွင် တွေ့မြင်ရပြီး ရလဒ်အနေဖြင့် စက်ရုံ ထုတ်လုပ်မှုကို ကျဆင်းစေခဲ့သည်။

ပြည်ပ တင်ပို့ရေး အော်ဒါသစ်များ ရရှိမှု သိသာစွာ ဆက်လက်ကျဆင်းလာခဲ့၍ နိုင်ငံတကာဈေးကွက်များလည်း အားနည်းလာသည်မှာ ထင်ရှားနေပါသည်။

အကျိုးဆက်အဖြစ် လက်ကျန် အလုပ်ပမာဏများ တဟုန်ထိုး ဆက်လက်ကျဆင်းလာခဲ့ပြီး ကုန်စည် ထုတ်လုပ်သူတို့က ၎င်းတို့၏ ဝန်ထမ်း ဦးရေကို ရှေ့ဆက် ဖြတ်တောက်ခဲ့ကြရသည်။

ကျဆင်းမှုမှာ သိသာခဲ့သော်လည်း ဖေဖေါ်ဝါရီလမှစပြီး အနည်းဆုံး ဖြစ်ပါသည်။

ထုတ်လုပ်မှုကို လျှော့ချရန် လိုအပ်ခဲ့၍ အာဆီယံ ထုတ်လုပ်ရေး ကုမ္ပဏီများက ဝယ်ယူရေး လုပ်ငန်းများကို လျှော့ချခဲ့ကြရာ လက်ရှိကျဆင်းမှု အစဉ်ကို ၁၆ လသို့ တိုးမြှင့်ပေးလိုက်သည်။ 

တစ်ချိန်တည်းတွင် ပစ္စည်းပေးသွင်းမှု ကြာမြင့်ချိန်များမှာ ရှေ့ဆက်ဆုတ်ယုတ်လာခဲ့သော်လည်း လုပ်ငန်းပြီးဆုံးရန် ကြာမြင့်ချိန်များ တိုးလာမှုမှာမူ ပစ္စည်းပေးသွင်းမှု ပိုကြာလာခဲ့သည့် လက်ရှိနှစ်လကာလ အစဉ်ထဲတွင် အနည်းဆုံးဖြစ်သည်။

အကျိုးဆက်အဖြစ် ထည့်ကုန်စရိတ်များမှာ ခြောက်လဆက်တိုက် မြင့်တက်လာကြသည်။

တိုးလာမှု နှုန်းမှာ မေလမှစပြီး အနည်းဆုံး ဖြစ်ခဲ့သော်လည်း သိသာသည့် နှုန်းဖြစ်သည်။

ရောင်းချမှုကို မြှင့်တင်ရန် အားထုတ်မှုအဖြစ် ကုမ္ပဏီများက ၎င်းတို့၏ ရောင်းဈေးများကို စစ်တမ်း၏ နောက်ဆုံးကာလအတွင်း လျှော့ချခဲ့ကြသည်။ သို့သော်လည်း အနည်းအကျဉ်းသာ ဈေးလျှော့ပေးခဲ့ကြသည်။

အနာဂတ်ဆီ မျှော်ကြည့်လျှင် လာမည့် ၁၂-လ အတွက် ထုတ်လုပ်မှု မျှော်မှန်းချက်များမှာ နှစ်လဆက်တိုက် ပိုကောင်းလာပြီး အကောင်းမြင်မှု အဆင့်မှာ ရှစ်လအတွင်း အမြင့်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။

 

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဖေါ်ပြသွားရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper ပြောကြားသွားသည်မှာ-

"အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ တစ်ဝန်းက အခြေအနေများမှာ တတိယ သုံးလပတ် အကုန်ပိုင်းတွင် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်။ စက်ရုံ ထုတ်လုပ်မှု အသစ်တစ်ဖန် ကျဆင်းလာပြီး စုစုပေါင်း အော်ဒါသစ်များ ရရှိမှု လျော့နည်းလာသည့် အကြားမှာ ကဏ္ဍတွင်း အခြေအနေများ ခုနစ်လ ဆက်တိုက် ဆက်လက်ဆုတ်ယုတ်လာနေကြောင်းကို အဓိကကျဆုံး PMI အညွှန်းမှ အချက်ပြနေသည်။

"ပြည်တွင်းမှာရော ပြည်ပမှာပါ ဝယ်လိုအား အားပျော့နေ၍ ထုတ်ကုန်စွမ်းအားအပေါ် ဖိအားပေးမှု နည်းမြဲနည်းနေရာ ကုမ္ပဏီများက ၎င်းတို့၏ ဝန်ထမ်း ဦးရေကို ရှေ့ဆက်ပြီး လျှော့ချခဲ့ကြရသည်။ အလုပ်နေရာ ဖြတ်တောက်မှု နှုန်းမှာ မသိမသာ နည်းလာသော်လည်း ခိုင်မာသည့် နှုန်းဖြစ်နေဆဲဖြစ်သည်။

"အကျုံးဝင်သည့် ခုနစ်နိုင်ငံတွင် နှစ်နိုင်ငံတို့ကသာ စံအမှတ် ၅၀.ဝ အထက်တွင်ရှိသည့် အဓိကအကျဆုံး PMI အညွှန်းကို မှတ်တမ်း တင်ခဲ့ကြရာ လက်ရှိ စိန်ခေါ်မှုများသည့် အခြေအနေများကို ထင်ဟပ်နေခြင်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ကုမ္ပဏီများသည် လာမည့် တစ်နှစ်အတွင်း ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး စိတ်ချယုံကြည်မှု ရှိနေကြဆဲဖြစ်ကာ အကောင်းမြင်စိတ်မှာ ဇန်နဝါရီလနောက်ပိုင်း အမြင့်ဆုံးသို့တက်လှမ်းလာခြင်းဖြစ်သည်။

"သို့သော် အချို့နိုင်ငံများနှင့် ကမ္ဘာ့နေရာအချို့တို့တွင် ဗိုင်းရပ်စ် ကူးစက်မှု ပိုမိုမြင့်တက်လာနေ၍ ပိုမို တင်းကြပ်သည့် လော့ဒေါင်း အစီအစဉ်များကို ပြန်လည်ချမှတ်လာရမှုကြောင့် ကျဆင်းမှု ရင်ဆိုင်ရမည့် အန္တရာယ်များကို

စိုးရိမ်ရပါသည်။ ကိုဗစ်-၁၉ ဆိုင်ရာ တင်းကြပ်သည့် အစီအစဉ်များကို ချမှတ်လာရ၍ မြန်မာနိုင်ငံမှာ ထုတ်လုပ်ရေး ကဏ္ဍ အခြေအနေ စံချိန်တင်နီးပါး နှုန်းဖြင့် ဆုတ်ယုတ်လာနေကြောင်း မှတ်တမ်းတင် ဖြစ်ခဲ့သည်။ ကျန်ဒေသများမှာပါ

ပိုမိုတင်းကြပ်သည့် လော့ဒေါင်း အစီအစဉ်များကို ချမှတ်ရန် လိုအပ်လာမည် ဆိုပါက နာလန် မထူနိုင်မီမှာ အာဆီယံ တစ်ဝန်းလုံးတွင် ကုန်ထုတ်နိုင်စွမ်း ထိုးကျသွားမည့် အလားအလာများ ရှိနေပါသည်"

 

တွက်ချက်နည်း

IHS Markit မြန်မာ ထုတ်လုပ်မှု PMI™ ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန် ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများ အတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ပါသည်။ ဤအဖွဲ့တွင် GDP အား ထောက်ပံ့မှုကို အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့်လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့သည်။

စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကို ညွှန်ပြပါသည်။

စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နှံ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြား ရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကို ညွှန်ပြ ပါသည်။ ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။

အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI) ဖြစ်ပါသည်။

PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်- 

၁။ အော်ဒါသစ်များ (၃၀%)၊ 

၂။ ထုတ်လုပ်မှု (၂၅%)၊

၃။ အလုပ်နေရာ (၂၀%)၊ 

၄။ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့် 

၅။ သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀%)။

 PMIကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။

ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက် ညှိပေးရမည့်အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ် သက်ရောက်မှု ရှိနိုင်ပါသည်။

ဒေတာကို ၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၂-၂၀ ရက်များတွင် စုစည်းခဲ့သည်။ PMI စစ်တမ်းအား တွက်ချက်နည်းဆိုင်ရာ နောက်ထပ် အချက်အလက်များ အတွက် ကျေးဇူးပြုပြီး [email protected] သို့ ဆက်သွယ်ပါ။

 

PMI အကြောင်း

ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိ အထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့် လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကို နောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့် လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ 

နောက်ထပ် လေ့လာလိုပါက  hsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။

 

IHS Markit အကြောင်း

IHS Markit  သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့် ဈေးကွက်များဆိုင်ရm အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီ ဖြစ်ပါသည်။ 

ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံ စိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ 

IHS Markit ထံတွင် စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာ ထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။ 

IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ်ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။

Local News Read 346 times