ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်လာနေချိန်မှာ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ အောက်သို့ ရှေ့ဆက် ထိုးကျသွားခြင်း
အဓိက တွေ့ရှိချက်များ
ဒေတာကို ၂၀၂၁ ခုနှစ် ဇူလိုင် ၁၂-၂၆ ရက်များတွင် စုစည်းခဲ့သည်။
နောက်ဆုံး IHS Markit ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI™) ဒေတာမှ ဇူလိုင်လတွင် အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍတဝန်း အခြေအနေများ ရှေ့ဆက်ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။
ကိုဗစ်-၁၉ ကူးစက်မှုများ ပြန်တိုးလာနေခြင်းနှင့် ၎င်းနှင့် ဆက်စပ်ပြီး ထိန်းချုပ်ရေး အစီအစဉ်အချို့ကို ချမှတ်လာရခြင်းကြောင့် စက်ရုံထုတ်လုပ်မှုမှာ ၂၀၂၀ ပြည့်နှစ် မေလမှစပြီး အများဆုံး နှုန်းဖြင့် ကျဆင်းသွားသည်။
အဓိက PMI အညွှန်းကိန်းမှာ ဇူလိုင်လတွင် ၁၃-လ အတွင်း အနိမ့်ဆုံး ၄၄.၆ သို့ ထိုးကျသွားရာ ဇွန်လ၏ ၄၉.၀ ထက်ပင် သိသာစွာ ကျဆင်းသွားမှု ဖြစ်ပါသည်။
ထို့အပြင် နောက်ဆုံး ကိန်းဂဏန်းက မှတ်တမ်းထဲတွင် ပဉ္စမ အများဆုံး ဆုတ်ယုတ်မှုကို အချက်ပြနေပြီး ခြုံပြောရလျှင် အပြင်းထန်ဆုံး တစ်ခု ဖြစ်ပါသည်။
အာဆီယံတွင် အကျုံးဝင်သည့် ခုနစ်နိုင်ငံအနက် ငါးနိုင်ငံက ဇူလိုင်တွင် အခြေအနေများ ကျဆင်းလာမှုကို ရင်ဆိုင်ခဲ့ကြရသည်။
အပြင်းထန်ဆုံး ကျဆင်းမှုမှာ ဗိုင်းရပ်စ် ကူးစက်မှုနှုန်း တိုးလာနေ၍ လုပ်ငန်းများ ပိတ်လာနေရသဖြင့် အဓိက PMI အညွှန်းကိန်း ၈-မှတ်တိုင်အောင် သိသာစွာ ကျဆင်းသွားသည့် မြန်မာနိုင်ငံတွင်ဖြစ်သည်။ ထို့အပြင် နောက်ဆုံး ကိန်းဂဏန်း(၃၃.၅)မှာ ဧပြီလမှစပြီး အနိမ့်ဆုံး ဖြစ်လျက် အခြေအနေများ အလျင်အမြန် ကျဆင်းမှုကို အချက်ပြနေသည်။
အင်ဒိုနီးရှားနိုင်ငံသည်လည်း ဇူလိုင်လတွင် ပြင်းထန်သည့် ကျဆင်းမှုနှုန်းကို ရင်ဆိုင်ခဲ့ရပြီး အဓိက အညွှန်းကိန်းမှာ ဇွန်လတွင် ၅၃.၅ ရှိခဲ့ရာမှ ၄၀.၁ သို့ သိသိသာသာ ထိုးကျသွားခြင်းဖြင့် လွန်ခဲ့သည့် အောက်တိုဘာမှစပြီး ကဏ္ဍတွင်း ပထမဦးဆုံး ကျဆင်းမှုကို ညွှန်ပြလိုက်ကာ ၁၃ လအတွင်း အနက်ရှိုင်းဆုံး ကျဆင်းမှုဖြစ်သည်။
ဤအတောအတွင်း မလေးရှားနိုင်ငံ၏ အဓိက အညွှန်းကိန်း (၄၀.၁)မှာ လအလိုက် အနည်းငယ်သာ ပြောင်းလဲခဲ့ပြီး ထုတ်လုပ်ရေး အခြေအနေများ နှစ်လဆက်တိုက် ကျဆင်းမှုကို ညွှန်ပြနေလျက် ကျဆင်းမှု နှုန်းမှာမူ ထင်ရှားခဲ့ပြီး မှတ်တမ်းထဲက အများဆုံး တစ်ခု ဖြစ်နေသည်။
တစ်ချိန်တည်းမှာ ဇူလိုင်လတွင် ဗီယက်နမ်နိုင်ငံက မှတ်တမ်းတင်ခဲ့သည့် ဆုတ်ယုတ်မှုနှုန်းမှာ မသိမသာ အားပျော့လာသည်။ အဓိက PMI အညွှန်းကိန်း ၄၅.၁ တွင် ရှိနေသော်လည်း ခြုံပြောရလျှင် ပြင်းထန်သည့် ကျဆင်းမှုနှုန်းကို အချက်ပြမြဲ ပြနေသည်။
ဇူလိုင်လတွင်ထုတ်လုပ်ရေး အခြေအနေများ ဆုတ်ယုတ်လာခဲ့ခြင်းကို မှတ်တမ်းတင်ဖြစ်ခဲ့သည့် နောက်တစ်နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ အဓိက အညွှန်းကိန်း (၄၈.၇) မှာ မသိမသာ ထိုးကျသွားပြီး ဒသမဂဏန်းမျှ နိမ့်ကျမှုကို ညွှန်ပြနေသည်။
ဖိလစ်ပိုင်နှင့် စင်ကာပူ နိုင်ငံများမှ ဇူလိုင်လတွင် ရောက်ရှိလာသည့် သတင်းများမှာသတင်းကောင်းများဖြစ်သည်။
ဖိလစ်ပိုင်တွင် ဒသမဂဏန်းမျှသာ (PMI-၅၀.၄) ဖြစ်သည့်တိုင် နှစ်လဆက်တိုက် တိုးတက်မှု ဖြစ်ပေါ်ချိန်မှာ စင်ကာပူနိုင်ငံ၏ ထုတ်လုပ်ရေး ကဏ္ဍထဲတွင် မှတ်သားဖွယ် တစ်ကျော့ပြန်ဦးမော့မှုကို မှတ်တမ်းတင်နိုင်ခဲ့ကာ အဓိက အညွှန်းကိန်းသည် ကြားနေအမှတ် ၅၀.၀ ကို ကျော်ဖြတ်လျက် ဇူလိုင်လတွင် ၅၆.၃ သို့ တက်လှမ်းလိုက်ခြင်းဖြင့် ၂၀၁၃ ခုနှစ် မေလမှစပြီး ထုတ်လုပ်ရေး အခြေအနေများ အပြင်းထန်ဆုံး တိုးတက်မှုကို အချက်ပြနေသည်။
ခြုံကြည့်လျှင် အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေသည် ဇွန်လမှာ တစ်ဟုန်ထိုး ဆုတ်ယုတ်သွားခဲ့သည်။ ထုတ်လုပ်မှုရော၊ အော်ဒါအသစ်များပါ နှစ်လဆက်တိုက် ကျဆင်းလာခဲ့ပြီး ကျဆင်းမှု နှုန်းမှာမူ ၂၀၂၀ ပြည့်နှစ် မေလမှစပြီး အများဆုံး ဖြစ်သည့်အပြင် ခြုံပြောရလျှင် နက်ရှိုင်းခဲ့သည်။
သို့ဖြစ်၍ ကုမ္ပဏီများက ဇူလိုင်တွင် ၎င်းတို့၏ ဝယ်ယူမှုများကို လျှော့ချခဲ့ကြရာ နောက်ဆုံးကျဆင်းမှုမှာ ၁၄ လ အတွင်း အများဆုံး ဖြစ်လာသည်။
အကျိုးဆက်အဖြစ် ထုတ်လုပ်မှုအကြိုလက်ကျန်စာရင်းများမှာ ရှေ့ဆက် ကျဆင်းခဲ့သော်လည်း ဇွန်လနှင့် စာလျှင် မသိမသာ နှေးသည့် နှုန်းဖြစ်ခဲ့သည်။
မည်သို့ပင် ဖြစ်စေ ပစ္စည်းပေးသွင်းမှုထဲက အခက်အခဲများမှာ ရှိမြဲရှိနေခဲ့ကြသည်။
လုပ်ငန်း ပြီးဆုံးရန် ပျမ်းမျှ ကြာမြင့်ချိန်မှာ မှတ်တမ်းထဲက တတိယအကြာရှည်ဆုံး ဖြစ်လာသည်။
မပြီးဘဲ ကျန်ခဲ့သည့် အလုပ်များ မှတ်တမ်းတွင် ဒုတိယ အများဆုံးနှုန်းဖြင့် တိုးလာခြင်းကို ကြည့်ရခြင်းအားဖြင့် အာဆီယံ ထုတ်လုပ်သူတို့၏ ကုန်ထုတ်စွမ်းအား အပေါ်တွင် ဖိစီးမှုများ ရှိနေခြင်းကိုပါ ဇူလိုင် ဒေတာမှ မီးမောင်းထိုးပြလိုက်သည်။
သို့ဖြစ်သည့်တိုင်အောင် ကုမ္ပဏီများသည် ဇူလိုင်လတွင် ၎င်းတို့၏ ဝန်ထမ်း ဦးရေကို ဆက်ဖြတ်တောက်ခဲ့ကြသည်။
အလုပ်နေရာ လျှော့ချမှု နှုန်းမှာ ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှစပြီး အများဆုံး ဖြစ်လာလျက် ခြုံကြည့်လျှင် ပြင်းထန်ခဲ့သည်။
ဈေးနှုန်းများကို လေ့လာကြည့်လျှင် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများ သိသာမြဲ သိသာခဲ့သည်။
ကုန်ကျစရိတ်များမှာ ဇူလိုင်တွင် လျင်မြန်စွာ ထပ်ပြီး တက်လာခဲ့ကာ ငွေကြေးဖောင်းပွမှု နှုန်းမှာမူ ငါးလအတွင်း အနည်းဆုံး ဖြစ်ခဲ့ချိန်မှာ ပျမ်းမျှ ရောင်းဈေးများသည် ကိုးလ ဆက်တိုက် မြင့်တက်လာခဲ့သော်လည်း ခြုံပြောရလျှင် အသင့်အတင့် ဖြစ်ခဲ့သည်။
နောက်ဆုံး အနေနှင့်၊ ကုန်စည် ထုတ်လုပ်သူတို့သည် လာမည့်တစ်နှစ်တာအတွက် ထုတ်လုပ်မှုနှင့် ပတ်သက်ပြီး အကောင်းမြင်လျက် ရှိနေကြသည်။ အကောင်းမြင်မှု အဆင့်မှာ သုံးလအတွင်း အမြင့်ဆုံး ဖြစ်လာသော်လည်း သမိုင်းစဉ် ဒေတာနှင့် ယှဉ်ကြည့်လျှင် အားနည်းလျက် ရှိနေဆဲဖြစ်သည်။
သုံးသပ်ချက်
နောက်ဆုံး စစ်တမ်း ရလဒ်များကို သုံးသပ်ဆန်းစစ်ရာတွင် IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသွားသည်မှာ-
"ကိုဗစ်-၁၉ ကူးစက်မှုများ တိုးလာခြင်းနှင့် ပိုတင်းကြပ်သည့် ထိန်းချုပ်ရေး အစီအစဉ်များကြောင့် အာဆီယံ ထုတ်လုပ်ရေး ကဏ္ဍသည် ဇူလိုင်လတွင် အကျနယ်ပယ်ထဲသို့ ရှေ့ဆက် ထိုးဆင်းသွားသည်။
PMI သည် ၁၃-လအတွင်း အနိမ့်ဆုံးသို့ ထိုးကျသွားပြီး ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ အများဆုံး လျော့ကျလာနေချိန်မှာ ၂၀၂၀ ပြည့်နှစ် မေလမှစပြီး အခြေအနေများ ပြင်းထန်စွာ ဆုတ်ယုတ်လာမှုကို အချက်ပြနေသည်။
အကျိုးဆက်အဖြစ် ထုတ်ကုန်စွမ်းအား အပေါ်တွင် ဖိအားပေးမှု အားကောင်းနေပြီး လုပ်ငန်းများ၏ ယုံကြည်မှုသည် သမိုင်းစဉ်ထဲတွင် အားပျော့လျက် ရှိနေချိန်မှာ ကုန်စည်ထုတ်လုပ်သူတို့က ၎င်းတို့၏ ဝန်ထမ်းဦးရေကို တစ်နှစ်နီးပါးအတွင်းမှာ အများဆုံးနှုန်းဖြင့် ဖြတ်တောက်ခဲ့ကြသည်။
အဖွဲ့ဝင် ခုနစ်နိုင်ငံအနက် ငါးနိုင်ငံတို့က ဇူလိုင်လတွင် ကျဆင်းမှုကို မှတ်တမ်းတင်ဖြစ်ခဲ့ကြရာ နိုင်ငံအလိုက် ကွဲပြားမှုများမှာ ထပ်ပြီး မှတ်သားစရာ ဖြစ်လာပြီး အထင်ရှားဆုံး ကျဆင်းမှုကို မြန်မာ၊ မလေးရှားနှင့် အင်ဒိုနီးရှား နိုင်ငံများတွင် တွေ့မြင်ကြရသည်။
လွှမ်းခြုံကြည့်လျှင် နောက်ဆုံး PMI ဒေတာက လာမည့် လများအတွင်းမှာ ထုတ်လုပ်သူတို့သည် စိန်ခေါ်မှုများကို တိုးပြီး ရင်ဆိုင်လာရဖွယ် ရှိကြောင်းကို ညွှန်ပြနေသည်။
ထိန်းချုပ်ရေး အစီအစဉ်များက ဝယ်လိုအားကို ထပ်မံထိုးနှက်ခဲ့ပြန်ရာ ပြန်ပြီး နာလန်မထူနိုင်သရွေ့ ကဏ္ဍထဲတွင် သိသာသည့် တစ်ကျော့ပြန်ဦးမော့မှုကို မှတ်တမ်းတင်ဖြစ်ရန် အလားအလာ နည်းလှပါသည်"
တွက်ချက်နည်း
IHS Markit အာဆီယံ ထုတ်လုပ်မှု PMI™ ကို အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများမှ ထုတ်လုပ်သူ ၂,၁၀၀ ခန့်ပါဝင်သည့် အဖွဲ့များမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပို့ပေးခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်မျာှေေ အပေါ်အခြေခံပြီး IHS Markit မှ တွက်ချက် ပါသည်။ ယင်းနိုင်ငံများသည် အာဆီယံထုတ်လုပ်သူများ၏ ထပ်တိုး တန်ဖိုး ၉၈% ကို ထုတ်လုပ် ပေးကြပါသည်*။ မေးမြန်းရန် ရွေးချယ်ခံရသူများကို GDP အားထောက်ပံ့မှုအပေါ် အခြေခံပြီး အသေးစိတ်ကဏ္ဍနှင့် လုပ်သားအင်အား ပမာဏ အမျိုးမျိုး ပါဝင်အောင် ရွေးခဲ့ပါသည်။
စစ်တမ်းအတွက် ဖြေကြားချက်များကို လစဉ် ဒုတိယ လဝက်ပိုင်းမှာ ကောက်ခံခြင်းဖြစ်ပြီး ယခင်လနှင့်နှိုင်းယှဉ်ပြီးပြောင်းလဲမှုကိုညွှန်ပြပါသည်။ စစ်တမ်း၏ ကိန်းရှင်တိုင်း အတွက် ပျံ့နံှ့မှု အညွှန်းကို တွက်ချက်ပါသည်။ အညွှန်းမှာ ‘ပိုမြင့်သည့်’ ဖြေကြားချက်များ၏ရာခိုင်နှုန်းနှင့် ‘အပြောင်းအလဲမရှိ’ဟု ဖြေခဲ့ကြသူတို့၏ ရာခိုင်နှုန်း တစ်ဝက်ကို စုပေါင်းမှု ဖြစ်ပါသည်။ အညွှန်းများမှာ ၀ နှင့် ၁၀၀ အကြားရှိနိုင်ပြီး ၅၀ အထက်တွင် ရှိနေပါက ခြုံပြောရလျှင် ယခင်လထက် တိုးတက်မှုကို ပြပြီး၊ ၅၀ အောက် ဆိုပါက ခြုံကြည့်လျှင် ကျဆင်းမှုကိုညွှန်ပြ ပါသည်။
ယင်းနောက်မှာ အညွှန်းများကို ရာသီအလိုက် ညှိပေးရပါသည်။ အာဆီယံ အညွှန်းများကို တစ်နိုင်ငံစီ၏ အညွှန်းများအားချိန်ဆလျက် စုပေါင်း တွက်ယူပါသည်။ နိုင်ငံများအလိုက် ချိန်ဆမှုကို နှစ်စဉ် ထုတ်လုပ်မှု ထပ်တိုးတန်ဖိုးမှ တွက်ယူပါသည်*။အဓိကအကျဆုံး ကိန်းဂဏန်းမှာ ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း Purchasing Managers’ Index™ (PMI)ဖြစ်ပါသည်။
PMI မှာ အောက်ပါ အညွှန်း ငါးခုတို့၏ ချိန်ဆတွက်ထားသည့် ပျမ်းမျှဂဏန်း ဖြစ်သည်-
အော်ဒါသစ်များ (၃၀%)၊
ထုတ်လုပ်မှု (၂၅%)၊
အလုပ်နေရာ (၂၀%)၊
ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ (၁၅%) နှင့်
သိုလှောင်ထားသည့်ထည့်ကုန်များ (၁၀%)။
PMI ကို တွက်ချက်နိုင်ရန် ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှု ကြာမြင့်ချိန်များ အညွှန်းကို အခြား အညွှန်းများနှင့် ယှဉ်ရနိုင်အောင် ဦးတည်ချက်ကို ပြောင်းပေးထားပါသည်။ကောက်ယူထားသည့် စစ်တမ်း ဒေတာကို ထုတ်ပြန်မှု နောက်ပိုင်းတွင် ပြန်လည် ပြင်ဆင်ခြင်း မရှိသော်လည်း ရာသီအလိုက်ညှိပေးရမည့် အချက်များကိုမူ အချိန်အခါအလိုက် ညှိပေးနိုင်သောကြောင့် ရာသီအလိုက်ညှိထားသည့် စစ်တမ်း ဒေတာများအပေါ်သက်ရောက်မှု ရှိနိုင်ပါသည်။ဒေတာကို ၂၀၂၁ ခုနှစ် မေလ ၁၁-၂၄ ရက်များတွင် စုစည်းခဲ့သည်။
IHS Markit အကြောင်း
IHS Markit (NYSE: INFO) သည် နိုင်ငံတကာ စီးပွားရေးများကို မောင်းနှင်ပေးကြသည့် အဓိက စက်မှုလုပ်ငန်းများနှင့်ဈေးကွက်များဆိုင်ရာ အရေးပါသည့် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများ အတွက် ကမ္ဘာ့ထိပ်သီး ကုမ္ပဏီဖြစ်ပါသည်။ မိမိတို့၏ ကုမ္ပဏီသည် မျိုးဆက်သစ် အချက်အလက်များ၊ ဆန်းစစ်ချက်များနှင့် ဖြေရှင်းနည်းများကို စီးပွားရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှင့် အစိုးရများရှိ သုံးစွဲသူများထံသို့ ပို့ပေးပြီး ၎င်းတို့၏ လုပ်ကိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျက် ပြည့်စုံစိတ်ချရသည့် ဆုံးဖြတ်ချက်များ ချမှတ်စေနိုင်ရန် နက်ရှိုင်းသည့် အတွင်းသဘောများကို တင်ပြပေးပါသည်။ IHS Markit ထံတွင်စီးပွားရေး လုပ်ငန်းများနှင့် အစိုးရအဖွဲ့များမှ သုံးစွဲသူ ၅၀,၀၀၀ ကျော် ရှိရာ Fortune Global 500 မှ ၈၀ ရာခိုင်နှုန်းနှင့် နိုင်ငံတကာထိပ်သီး ဘဏ္ဍာရေး အဖွဲ့အစည်းများ ပါဝင်ကြပါသည်။
IHS Markit မှာ IHS Markit Ltd. နှင့်/သို့မဟုတ် ၎င်းနှင့်ဆက်နွှယ်မှုရှိသည့် အဖွဲ့အစည်များ၏ မှတ်ပုံတင်ထားသည့် အမှတ်တံဆိပ် ဖြစ်ပါသည်။ အခြား ကုမ္ပဏီများနှင့် ထုတ်ကုန် အမည်များ အားလုံးတို့သည် သက်ဆိုင်ရာ ပိုင်ရှင်များ၏ အမှတ်တံဆိပ်များ ဖြစ်နိုင်ပါသည်။ © 2021 IHS Markit Ltd. မူပိုင်ခွင့်များ အားလုံးကို ထိန်းချုပ်ထားသည်။
PMI အကြောင်း
ထည့်ကုန်ဝယ်ယူရေးမန်နေဂျာများ၏ အညွှန်း (PMI™) စစ်တမ်းများကို ယခုအခါ နိုင်ငံပေါင်း ၄၀ ကျော်အပြင် ယူရိုဇုန်အတွင်းရှိအထင်ကရ ဒေသများအတွက်ပါ ထုတ်ပြန်ပေးနေပါသည်။ ၎င်းတို့မှာ ကမ္ဘာပေါ်တွင် အနီးကပ်ဆုံး စောင့်ကြည့်လေ့လာလျက်ရှိသည့်လုပ်ငန်းဆိုင်ရာ စစ်တမ်းများ ဖြစ်ကြပြီး ၎င်းတို့၏ စီးပွားရေးအတွက် ထူးခြားသည့် အလားအလာများဆိုင်ရာ လစဉ် အညွှန်းများကိုနောက်ဆုံး အချက်အလက်များနှင့်အညီ တိကျစွာ ညွှန်ပြပေးနိုင်စွမ်းကြောင့် ဗဟိုဘဏ်များ၊ ဘဏ္ဍာရေး ဈေးကွက်များနှင့်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ်ပေးကြသူတို့ အားကိုးကြရပါသည်။ နောက်ထပ် လေ့လာလိုပါက ihsmarkit.com/products/pmi.html သို့ ဝင်ရောက်ကြည့်ရှုပါ။