Coronavirus မျိုးကွဲအသစ်များသည် ကမ္ဘာ့စီးပွားရေးအတွက်အဓိကအန္တရာယ်ရှိနေ


27 January, 2021

Covid-19 ကပ်ရောဂါကူးစက်ပျံ့နှံ့မှုသည် ကာကွယ်ဆေးထိုးခြင်းအစီအစဉ်များကြားမှ ကမ္ဘာ့စီးပွားရေးပြောင်းလဲမှု အရှိန်ကို မြင့်တက်နိုင်သည်ဟု International Monetary Fund (IMF) ကပြောသည်။ 

IMF သည် ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေးသည် ၅.၅ ရာခိုင်နှုန်းတိုးတက်မည်ဟုမျှော်လင့်သည်ဟု ဆိုသည်။ အဆိုပါမြင့်တက်မှုသည် Covid-19 ကာကွယ်ဆေး၏ စွမ်းအင်မြှင့်တင်ရေး မျှော်လင့်ချက်နှင့် စီးပွားရေးအရ အင်အားကြီးနိုင်ငံများတွင် မူဝါဒ အထောက်အပံ့တိုးမြင့်လာမည်ကို ထင်ဟပ်စေသည်။

 

၂၀၂၀ ပြည့်နှစ်နှောင်းပိုင်းတွင် ကူးစက်မှုများလာခြင်း၊ အသွားအလာကန့်သတ်ခြင်းနှင့် ကာကွယ်ဆေးဖြန့်ဖြူးရာတွင် ပို့ဆောင်ရေးဆိုင်ပြဿနာများသည် စီးပွားရေးဖွံ့ဖြိုးမှုကို အဟန့်အတားဖြစ်စေသည်။ Covid-19 မျိုးကွဲအသစ်များကို ထိန်းချုပ်ရန်ခက်ခဲကြောင်း သေချာသွားလျှင် ယခုနှစ် ကမ္ဘာ့ထုတ်ကုန်သည် IMF ခန့်မှန်းထားသည်ထက် ၀.၇၅ ရာခိုင်နှုန်း လျှော့နည်းနိုင်သည်။

 

၂၀၂၀ ခုနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့သော နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသည် ယခုနှစ်တွင် ၈.၁ ရာခိုင်နှုန်းတိုးတက်ရန် ဦးတည်ထားသည်။ ၂၀၂၁ ခုနှစ်တွင် ယူရိုငွေသုံးစွဲသော ၁၉ နိုင်ငံကို ၄.၂ ရာခိုင်နှုန်း တိုးတက်လာနိုင်သည်ဟု မျှော်လင့်ထားသည်။ လွန်ခဲ့သောနှစ်က European Union မှ ကွဲထွက်လာသော UK သည် ယခုအခါ Covid-19 မျိုးကွဲအသစ်နှင့် ရင်ဆိုင်နေရပြီး ၄.၅ ရာခိုင်နှုန်းအထိ ပြန်လည်တိုးတက်လာနိုင်သည်။

 

ကူးစက်ရောဂါသည် အလွန်အမင်း မရေရာမှုများကို ဖြစ်ပေါ်စေသည်ဟု IMF ကဆိုသည်။ ဥရောပကဲ့သို့ ရောဂါကူးစက်မှုနှုန်းမြင့်သောနိုင်ငံများတွင် ၂၀၂၁ အစောပိုင်းတွင် ခန့်မှန်းထားသည်ထက် တိုးတက်မှုနှုန်း နည်းနိုင်သော်လည်း တစ်ဖက်တွင် ထိခိုက်ဆုံးရှုံးမှုများ ရှိလာနိုင်သည်။ ကာကွယ်ဆေးဖြန့်ဖြူးခြင်းနှင့် ၎င်း၏ထိရောက်မှုနူန်းသည် ပုံမှန်အတိုင်းဆက်သွားမည်ဆိုလျှင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ မျှော်မှန်းထားသည်ထက် ၁ ရာခိုင်နှုန်း ပိုနိုင်သည်။

Global News Read 242 times