၂၀၂၂ ခုနှစ်အတွက် ၁၆.၁၂.၂၀၂၁ ရက်မှစတင်၍ သွင်းကုန် လိုင်စင် ကြိုတင် လျှောက်ထားရန် ခွင့်ပြုသွားမည်


14 December, 2021

 ပြည်ပမှ တင်သွင်းသည့်ကုန်စည်များနှင့်စပ်လျဉ်း၍ သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုအပ်သော  ကုန်စည်လိုင်းအဖြစ် 2017 Customs Tariff of Myanmarအရ HS.Code 6 digit ဖြင့် ကုန်စည်(၁၄၂၈)လိုင်း သို့မဟုတ် HS. Code 10 digit ဖြင့် ကုန်စည်(၃၀၇၀)လိုင်းကို သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည် လိုင်းများအား ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ သတ်မှတ်သည့် ပို့ကုန်၊သွင်းကုန်နှင့် ပတ်သက်၍ အသိပေးကြေညာခဲ့သည့် သတင်းလွှာ(၁၈/၂၀၂၁)၏ ပူးတွဲပါ ကုန်စည်လိုင်းများအား ၁.၁.၂၀၂၂ ရက်နေ့မှစ၍ သွင်းကုန်လိုင်စင် လျှောက်ထားရန် သတ်မှတ်ထားသော်လည်း ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် ပိုမို အဆင်ပြေစေရေးအတွက် သွင်းကုန်လိုင်စင်လျှောက်ထားမှုများရှိပါက ၁၆.၁၂.၂၀၂၁ ရက်မှစတင်၍ သွင်းကုန် လိုင်စင်လျှောက်ထားခွင့်ပြုသွားမည်ဖြစ်ပါကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အသိပေးကြေညာထားပါသည်။

 

 

Export, Import Read 586 times