သွင်းကုန်လိုင်စင်ရယူခြင်းမရှိဘဲ သင်္ဘောရောက်ရှိသည့်ကုန်စည်များ အချိန်တစ်လ ဖြေလျော့


03 February, 2022

သွင်းကုန်လိုင်စင်ရယူခြင်းမရှိဘဲ သင်္ဘောရောက်ရှိသည့်ကုန်စည်များ အချိန်တစ်လ ဖြေလျော့

လိုင်စင်လျှောက်ထားရန် အသစ်ထပ်တိုး ထုတ်ပြန်ခဲ့သည့် ကုန်စည်များ သင်္ဘောရောက်ရှိချိန်တွင် ကာလကျော်လွန်မှုများအတွက် ဒဏ်ကြေးများအား ဖြေလျော့ပေးနိုင်ရေးအတွက် အချိန်တစ်လ ဖြေလျော့ပေးမည်ဟု သိရပါသည်။


၁-၁-၂၀၂၂ ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူပြီးမှ တင်သွင်းခွင့်ပြုရန် သတ်မှတ်ထားသော်လည်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ အတွင်း အကြောင်းအမျိုးမျိုးကြောင့် သွင်းကုန် လိုင်စင်လျှောက်ထားမှုမရှိသေးဘဲ ဆိပ်ကမ်းသို့ ရောက်ရှိလာသောပစ္စည်းများအပေါ် အကောက်ခွန် ဆိုင်ရာအရေးယူမှုများ (ဒဏ်ကြေး)အား အချိန် တစ်လ ဖြေလျော့ပေးမည်ဟု သိရပါသည်။


ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှု နောက်ဆက်တွဲအနေဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်းကို ပြန်လည်ကုစားနိုင်ရန်နိုင်ငံ၏ ပို့ကုန်တင်ပို့မှု၊ သွင်းကုန် တင်သွင်းမှုများ စနစ်တကျရှိစေရန်နှင့် ပြည်ပမှ ကုန်စည်များတင်သွင်းမှုအတွက် နိုင်ငံခြားငွေကြေး အသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်ပမှတင်သွင်းသည့် ကုန်စည်အချို့ကို သွင်းကုန် လိုင်စင်စနစ်ဖြင့် ပြောင်းလဲကျင့်သုံးသွားရန်အတွက် ပထမအဆင့်အနေဖြင့် ၁-၁-၂ဝ၂၂ ရက်နေ့မှ စတင် ၍လည်းကောင်းဒုတိယအဆင့်အနေဖြင့် ၁-၃-၂ဝ၂၂ ရက်နေ့မှစတင်၍လည်းကောင်း သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှ တင်သွင်းရမည့်ကုန်စည်များအား သတင်းလွှာထုတ်ပြန်၍ ကြေညာထားပါသည်။



စာရင်းကြည့်ရှုလိုပါက ခေါင်းစဉ်ကို ထိပါ

သတင်းလွှာ ၁၈/၂၀၂၁  ဇန်နဝါရီလ (၁) ၂၀၂၂ စတင်သက်ရောက် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများ


သတင်းလွှာ ၂၀/၂၀၂၂   မတ်လ(၁) ၂၀၀၂ စတင်သက်ရောက် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများ



 အပြောင်းအလဲကာလအတွင်း ကုမ္ပဏီလုပ်ငန်းရှင်များ လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲ မရှိစေရေး၊ သွင်းကုန်လိုင်စင်များအား ကြိုတင်လျှောက်ထားခွင့်ကိုလည်း ခွင့်ပြုပေးထားခဲ့ပါသည်။

အကြောင်းအမျိုးမျိုးကြောင့် သွင်းကုန်လိုင်စင်လျှောက်ထားရယူခြင်းမပြုရသေးမီ ထပ်တိုးထုတ်ပြန် သော ကုန်စည်များဆိပ်ကမ်းသို့ ရောက်ရှိလာခြင်းနှင့်ပတ်သက်၍
၁-၁-၂၀၂၂ ရက်နေ့မှစ၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူ တင်သွင်းရမည့် ကုန်စည်များအတွက် ၃၁-၁-၂ဝ၂၂ ရက်နေ့ထိလည်းကောင်း၊
၁-၃-၂ဝ၂၂ ရက်နေ့မှစ၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူတင်သွင်းရမည့် ကုန်စည်များအတွက် ၃၁-၃-၂ဝ၂၂ ရက်နေ့ထိလည်း ကောင်း
ယခင်လုပ်ထုံးလုပ်နည်းများအတိုင်း သွင်းကုန်လိုင်စင်ကင်းလွတ်ခွင့်ဖြင့် ခွင့်ပြုဆောင်ရွက်ပေး သွားနိုင်ပါရန်နှင့် သတ်မှတ်ကာလကျော်လွန်ပြီး သွင်းကုန်လိုင်စင်မရှိဘဲ သင်္ဘောရောက်ရှိမှုများအား အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမည်ဟု သိရပါသည်။


 

VPA  ဒဏ်ကြေး သတ်မှတ်ပုံ

273202763_4871860566185497_3832154014735571611_n.jpg

 

 

Export, Import Laws and Regulations Read 559 times