ကုန်ထုတ်လုပ်ငန်းများကို နယ်သာလန် နည်းပညာ ကူညီမည်


28 December, 2018

အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များထုတ်လုပ်နိုင်ရန်အတွက် ကုန်ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများကို နယ်သာလန်နိုင်ငံမှ PUM Netherlands Senior Expert အဖွဲ့က နည်းပညာများ ကူညီထောက်ပံ့မည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအနေနှင့် အရည်အသွေးကောင်းထုတ်ကုန်များ ထုတ်လုပ်နိုင်ရန်အပြင်လိုအပ်သည့်နည်းပညာဆိုင်ရာ အကြံပေးမှုများ၊ လုပ်ငန်းခွင်အတွင်းကြုံတွေ့ရသည့် အခက်အခဲများကို နှစ် ၃၀ ကျော်ကြာ နိုင်ငံတကာအတွေ့အကြုံရှိသည့် နယ်သာလန်ပညာရှင်များက စာတွေ့၊ လက်တွေ့ဆိုင်ရာ အကြံဉာဏ်ပံ့ပိုးမှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

နည်းပညာရယူလိုသည့် SME လုပ်ငန်းရှင်များအနေနှင့် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မူမူအေး၊ ဖုန်း ဝ၉-၄၂၅၂၈၅၁၃၄၊ ဌာနခွဲမှူး ဒေါ်အိအိခိုင် ဖုန်း ဝ၉-၄၂၃၇၂၁၅၉၀ အီးမေးလ်[email protected] တို့မှတစ်ဆင့် ဆက်သွယ်တောင်းခံနိုင်ကြောင်း ယင်းဦးစီးဌာနထံမှ သိရသည်။

စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ၊ စိုက်ပျိုးရေးအခြေခံ သစ်သီးဝလံပန်းမန် စိုက်ပျိုးမှုဆိုင်ရာလုပ်ငန်းများ၊ ရော်ဘာအခြေခံထုတ်ကုန်များ၊ လူသုံးကုန်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းနှင့် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာများ၊ ကုန်ထုတ်လုပ်မှုစီမံခန့်ခွဲမှုဆိုင်ရာများ စသည့်လုပ်ငန်းများကို ကူညီထောက်ပံ့ပေးသွားမည်ဖြစ်သည်နည်းပညာပေးမည့်ပညာရှင်များ မိမိဒေသအတွင်း ရောက်ရှိနေစဉ် နေထိုင်စားသောက်စရိတ်၊ စကားပြန်စရိတ်နှင့် ဒေသတွင်းသွားလာသည့်စရိတ်များကို နည်းပညာလျှောက်ထားသူက ကျခံရမည်ဖြစ်ပြီး ပညာရှင် မြန်မာပြည်လာရောက်သည့် လေယာဉ်စရိတ်နှင့် မြန်မာပြည်တွင်း မြို့တစ်မြို့မှ အခြားမြို့သို့ သွားလာသည့် ကုန်ကျစရိတ်များကို သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းက ကျခံပေးမည်ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနထံမှ သိရသည်။

The Voice

Local News Read 644 times