၂၀၁၉ခုနှစ်သစ်မှာ မြန်မာ့အထူးစီးပွားရေးဇုန်တွေ ရင်းနှီးမြုပ်နှံမှုတိုးမြင့်ဖို့ ကြိုးပမ်းလိုက်တော့ လက်ခမောင်းခတ်သွားတာက(ကန်ချနာဘူရီ)နယ်စပ်ဒေသကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းတွေပါ အလုပ်ဖြစ်သွားကြပေါ့ ပုဂ္ဂလိကဏ္ဍအနေနဲ့ ထိုင်းရော မြန်မာဘက်ခြမ်းရော နယ်စပ်ကနေ (၁၅ကီလိုမီတာ) မောင်းနှင်သွားလာခွင့်ပြုပြီး..နယ်စပ်ကုန်သွယ်ရေး၊ခရီးသွားလုပ်ငန်းတွေပါတိုးမြင့်ဖို့ ဆွေးနွေးနေကြပြီတဲ့
ထိုင်းဘက်ခြမ်းက(ဖူနမ်ရွန်အထူးစီးပွားရေးဇုန်)ကို၂၀၁၉မှာစမယ်လို့မှန်းထားသတဲ့၊ကျောက်ဖြူ၊ထားဝယ်ရေနက်ဆိပ်ကမ်း၊ အထူးစီးပွားရေးဇုန်နဲ့ဆက်ထားတဲ့အကွက်အကွင်းကျတဲ့နေရာမို့ (ကန်ချနာဘူရီ)ဟာ တရုတ်နဲ့ထိုင်းလုပ်ငန်းရှင်တွေကမျက်စိကျနေတဲ့နေရာလည်းဖြစ်နေသတဲ့ မြန်မာပြည်ကအထူးစီးပွားရေးဇုန်တွေ ပြန်ဖွင့်လာတော့မှာမို့ ကန်ချနာဘူရီရဲ့ ၂၀၁၉ခုနှစ်စီးပွားရေးလုပ်ငန်းတွေကတော့မျက်နှာပန်းလှတော့မှာပဲလို့ ကန်ချနာဘူရီကုန်သည်ကြီးများအသင်းဥက္ကဌ (မစ္စတာပန်ယာဝပ်တီချက်)ကတော့ ပြောနေလေရဲ့..
၂၀၁၉ ဇွန်လမှာမြန်မာအစိုးရကမူကြမ်းရေးပြီးလို့(ဇူလိုင်သြဂုတ်လာက်မှာ(ဖူနမ်ရွန်နဲ့ထားဝယ်)နှစ်လမ်းသွား(ယခင်ကခြောက်လမ်းသွားစီစဉ်ခဲ့ပေမယ့်)မော်ကော်ကားလမ်းကိုပြန်စရင် ကျန်ချနာဘူရီဟာ အဓိကကျတဲ့ ထိုင်းဝင်ပေါက်ကြီးဖြစ်လာတော့မယ်။
လမ်းပြီးသွားရင် သွားလာရလွယ်ကူပြီး စာရိတ်သက်သာလာမည့်အပြင် (ထားဝယ် ဖူနမ်ရွန်)နယ်စပ်ကုန်သွယ်မှုကို ယခုလက်ရှိတစ်လ ထိုင်းဘတ် (သန်း၁၀၀)ကနေ (သန်း၅၀၀..၆၀၀)လောက်အထိ(၅ ဆလောက်)တိုးလာမယ်လိမှန်းထားသတဲ့ မြန်မာဘက်ကနေ ကန်ချနာဘူရီကုန်သည်ကြီးများအသင်းကတစ်ဆင့် ခရိုင်လျှပ်စစ်အာဏာပိုင်(PEA)ကနေ လျှပ်စစ် (၁၀မဂ္ဂါဝပ်)လောက် ကနဦးဝယ်ယူဖို့ကမ်းလှမ်းထားတာရှိတယ်တဲ့ အခုနယ်စပ်မှာဆောက်လက်စ ရီဆောတ့်(Resorts) (၉)ခုအတွက် အနည်းဆုံး လျှပ်စစ်(၂မဂ္ဂါဝပ်..၃မဂ္ဂါဝပ်)လောက်လိုနေပြီး ကေအင်ယူ(KNU)နဲ့ (မြန်မာမဲသယ်မီးခီး စက်မှုလုပ်ငန်းကုမ္ပဏီလီမီတက်)တို့ပူးတွဲလုပ်ကိုင်နေတဲ့ နယ်စပ်ဈေးကြီး(Border Market)အတွက်ပါလိုအပ်တယ်လို့ မစ္စတာပန်ယာကဆိုသတဲ့
ထိုင်းမြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ခရီးသွားလုပ်ငန်းပိုမိုအကျိုးရှိလာဖို့ နှစ်နိုင်ငံအတွင်း သူဘက်ကိုယ့်ဘက် (၁၅ကီလိုမီတာ)အထိ လွတ်လပ်စွာမောင်းနှင်သွားလာခွင့်ပြုဖို့ ဆွေးနွေးခဲ့ကြတာရှိတယ် အခုချိန်အထိတော့ ဘယ်သူ့ကိုမှခွင့်မပြုသေးပေမဲ့(နယ်စပ်ချက်ပွိုက်)ကိုလည်း(မနက်၆ည၆)ခွင့်ပြုထားရာက(ည၈နာရီ)အထိ၂နာရီတိုးပေးဖို့ထိုင်းဘက်ကဆွေးနွေးထားတာမျိုးလည်းရှိသတဲ့ထိုင်း၊ဂျပန်၊တရုတ်မျက်စိကျနေတဲ့ စက်မှုဇုန်(ဖူနမ်ရွန်စက်မှုဇုန်)ကိုအကောင်အထည်ဖော်လုပ်ကိုင်ခွင့်ရထားတဲ့ (ပရောင်ပီယေါင်ချိုင်ကိုဆောင် ကုမ္ပဏီ)က နောက် (၄..၅ လ)လောက်မြေရာပိုင်ဆိုင်မှုတွေရှင်းပြီး ၂၀၁၉နှစ်ကုန်လောက်မှာ အကွက်တွေ စရောင်းပေးနိုင်မယ်လို့ ပြောတယ် အခုလောလောဆယ်မှာ ထိုင်းနဲ့ တရုတ်ရင်းနှီးမယ့်လုပ်ငန်းရှင်(၄၅ဦး)ကစပြီးစိတ်ဝင်စားနေပြီသူတို့က (ထားဝယ်နဲ့ကပ္ပလီပင်လယ)်အထိ လုပ်ငန်းတိုးချဲ့ဖို့ရည်ရွယ်ထားကြသတဲ့...
ဥပမာ(ရတ်ချဘူရီလျှပ်စစ်ထုတ်လုပ်ရေးကုမ္ပဏီ)ကဆို မြန်မာပြည်ထဲကုန်ကြမ်းသွင်းပြီးအထပ်သားလုပ် ဂျပန်ပို့တာမျိုး ပရိဘောဂလုပ်တာမျိုး ထုပ်ပိုးစက်ရုံလုပ်တာမျိုး.ပလပ်စတစ်အင်ဂျက်ရှင်း(လေထိုးရုပ်)နဲ့ မိုလ်(ပုံလောင်း)၊ဆိုလာပြားတွေလုပ်တာမျိုးတွေလုပ်ဖို့ စိတ်ဝင်စားကြတယ်တဲ့ ထိုင်းမြန်မာနယ်စပ်က လုပ်ငန်းရှင်တွေတော့ သမ္မတကြီးကျန်ဇီမင်းရဲ့တရုပ်နိုင်ငံပိုင် စစ်တစ်ဂရု(Citic Group)ကမြန်မာ့ကုန်သွယ်ရေးဝန်ကြီးဌာနနဲ့ပြီးခဲ့တဲ့ နိုဝင်ဘာလအစောပိုင်းက ကျောက်ဖြူရေနက်ဆိပ်ကမ်းနဲ့အထူးစီးပွားရေးဇုန်ကိုပြန်စဖို့ သဘောတူလက်မှတ်ထိုးခဲ့ကြပြီဆိုတော့။
ကျောက်ဖြူစီမံကိန်းဟာ၂၀၁၅ခုနှစ်ကတည်းက ဒေသခံအရပ်ဘက်လူ့အဖွဲအစည်းတွေရဲ့သဘာဝပါတ်ဝန်းကျင်ထိခိုက်မှုအရေးနှင့် အကျိုးအမြတ်ခွဲဝေမှု မညီမျှချက်(၈၅:၁၅.)အချိုးတို့ကိုထောက်ပြကန့်ကွက်ခဲ့တာကြောင့် ယာယီရပ်ဆိုင်းထားခဲ့ရပေမဲ့ စီမံကိန်းကို တရုတ်နှင့်မြန်မာအစိုးရအကြား ၂နှစ်ကြာ ညှိနှိုင်းခဲ့ပြီးနောက် အကျိုးအမြတ်ကို ယခင်ကထက် ၂ဆတိုးပြီး(၇၀:၃၀)၊သဘာဝပါတ်ဝန်းကျင်ကိုလည်း ထိခိုက်မှုအနည်းဆုံးဖြစ်အောင်ဆောင်ရွက်ဖို့နှင့် မြန်မာနိုင်ငံသား (၁၀၀,၀၀၀)ကျော်အလုပ်အကိုင်ခန့်ထားပေးမယ့် ကတိတွေနဲ့ပြန်စဖို့ သဘောတူခဲ့ပြီဆိုတာရယ်ကြောင့် ဂျပန်ရင်းနှီးမြုပ်နှံသူတွေက အရှေ့တောင်အာရှမှာ တရုတ်တစ်ဦးတည်း လက်ဝါးကြီးအုပ်စိုးမိုးနေတာကို ကာကွယ်ဖို့ထားဝယ်ရေနက်ဆိပ်ကမ်းကို လုပ်ဖြစ်အာင်ကိုလုပ်မှာလို့တစ်ထစ်ချယုံကြသတဲ့နောက်တစ်ကြောင်းမှာ မြန်မာအစိုးရကလည်း ထားဝယ်ဒေသအာဏာပိုင်အတွက် ဂျပန်အစိုးရနဲ့ဆွေးနွေးမယ့်အရေးကိစ္စတွေ ရှိလာရင်ကောင်းကောင်း ဆောင်ရွက်နိုင်ဖို့ ဂျပန်အကြံပေးတစ်ဦးကိုခန့်ထားပေးတာမျိုးလည်းရှိနေပြီးဖြစ်သတဲ့.
အားလုံးချုပ်လိုက်ရင် ကန်ချနာဘူရီကတော့ ဒေသအတွင်းမှာ အကြီးအကျယ်စန်းပွင့်ကောင်းစားတိုးတက်တော့မှာအသေခြာပါတဲ့(ဘန်းရိုင်.ကန်ချနာဘူရီ)ကားလမ်းကလည်း၂၀၂၀မှာပြီးမယ်(ဖူနမ်ရွန်)ကိုဆက်ဖောက်မယ်ဆိုပြီး ပထမအကြိမ်ပြည်သူအသိပေးဆွေးနွေးပွဲတောင်လုပ်ပြီးပြီ ၂၀၂၂အတွင်း နောက်ထပ် သုံးကြိမ်လုပ်ဦးမှာတဲ့ အားလုံးအားလုံးပြီးသွားတဲ့အခါ ကျရင်တော့(ကန်ချနာဘူရီ)ဟာ(လမ်ချဘန်)(အရှေ့ပင်လယ်)နဲ့ရော ကပ္ပလီပင်လယ်(အနောက်ပင်လယ်နဲ့ရောဆက်သွယ်မယ့် အရေးပါဆုံး ထိုင်းနိုင်ငံရဲ့ (ဂိုးဒင်းဂိတ်ကြီး)ဖြစ်လာမယ့်အပြင် ထိုင်းမှာ(နေ့စားလုပ်အားခ)တစ်ရက် (၃၁၅ဘတ်)ဖြစ်နေတုန်း မြန်မာမှာကတော့ (၁၄၅ဘတ်လောက်)ပဲ ရှိလာခဲ့ပါတယ်။