၂၀၁၈ အတွက် တရုတ်နိုင်ငံတွင် ရေနံနှင့်ရေနံထွက်ပစ္စည်းကဏ္ဍမှ အမြတ်အစွန်းမြင့်တက်


13 February, 2019

၂၀၁၈ အတွက် တရုတ်နိုင်ငံတွင် ရေနံနှင့်ရေနံထွက်ပစ္စည်းလုပ်ငန်းကဏ္ဍမှ အမြတ်အစွန်း ၃၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ နိုင်ငံအဓိကလုပ်ငန်းများ၏ ပျမ်းမျှတိုးတက်နှုန်း ၁၀ ဒသမ ၃ ရာခိုင်နှုန်းထက် ပိုမိုကျော်လွန်ခဲ့ကြောင်း စက်မှုနှင့်သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာနက အတည်ပြုထားပါတယ်။

ထိုသို့မြင့်တက်လာခြင်းမှာ ပြီးခဲ့သည့်နှစ်အတွင်း ကုန်ကျစရိတ်ကျဆင်းပြီး ဈေးကွက်ဝယ်လိုအား တည်ငြိမ်စွာတိုးတက်ခဲ့သောကြောင့် ဖြစ်ပါတယ်။ ၂၀၁၈ အတွက် တရုတ်နိုင်ငံတွင် ရေနံနှင့်ရေနံထွက်ပစ္စည်းလုပ်ငန်းကဏ္ဍမှ အသားတင်အမြတ်အစွန်း ယွမ်ငွေ ၈၃၉ ဒသမ ၃၈ ဘီလီယံ (ဒေါ်လာ ၁၂၅ ဘီလီယံ) ရရှိကြောင်း၊ နိုင်ငံအဓိကလုပ်ငန်းများ၏ စုစုပေါင်းအမြတ် ၁၂ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း သိရပါတယ်။

တရုတ်နိုင်ငံတွင် ရေနံနှင့်ရေနံထွက်ပစ္စည်းလုပ်ငန်းကဏ္ဍမှ ၂၀၁၈ အတွက် ပြည်ပပို့ကုန် ယွမ်ငွေ ၇၀၁ ဒသမ ၈၇ ဘီလီယံဖိုးတင်ပို့ကာ ၂၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။ ပို့ကုန်များအနက် ရေနံဓာတု၊ သားရေတု စသည့်ပစ္စည်းများ၊ သြဂဲနစ် ဓာတုပစ္စည်းများမှာ ၁၉ ဒသမ ၇ ရာခိုင်နှုန်း၊ ၁၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၂၁ ဒသမ ၆ ရာခိုင်နှုန်း အသီးသီးတိုးတက်ခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံတွင် ရေနံနှင့် ရေနံထွက်ပစ္စည်းလုပ်ငန်းကဏ္ဍမှ ၂၀၁၈ အတွက် ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာလည်း ၂၀၁၆၊ ၂၀၁၇ တွင်ကျဆင်းခဲ့ရာမှ ၂၀၁၈ တွင် ၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်။

 

 

Global News Read 422 times