လာမည့် ၂ဝ၂ဝ ပြည့်နှစ် နောက်ပိုင်းတင်ထွက်ပေါ်လာမည့် စီးပွားရေးစီမံကိန်းများတွင် စီမံကိန်းဘဏ်နှင့် မြေယာဘဏ်တို့က ဆောင်ရွက်ပေးမည့် ရလဒ်များကိုမြင်တွေ့ရမည်ဟု ရင်းနှီးမြှုုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
နေပြည်တော်တွင် ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ မြန်မာ့ရင်းနှီးမြှုုပ်နှံမှု ထိပ်သီးအစည်းအဝေ ဒုတိယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။ စီမံကိန်းဘဏ် (Project Bank) နှင့် မြေယာဘဏ် (Land Bank) တို့သည် အစိုးရအဖွဲ့က ဖော်ဆောင်နေလျက်ရှိသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တွင်ပါရှိသော စီမံကိန်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် အချက်အလက်များ သိုမှီးထားမည့် ဘဏ်များဖြစ်ကြသည်။
''MSDP ရဲ့အောက်ကနေသွားမယ့် စီမံကိန်းတွေဟာ ၂ဝ၁၉-၂ဝ ဘဏ္ဍာနှစ်ကစပြီး ကျင့်သုံးတော့မှာပေါ့။ တစ်ဆက်တည်းမှာပဲ Project Bank ရဲ့လုပ်ငန်းစဉ်ကိုလည်း စီမံ/ဘဏ္ဍာဝန်ကြီးဌာနက အကောင်အထည်ဖော်တာကိုလုပ်နေတယ်။ ဆိုတော့ ၂ဝ၂ဝ ပြည့်နှစ်နဲ့ နောက်ပိုင်းတွေမှာ ထွက်လာမယ့် စီမံကိန်းတွေမှာ ဒီဘဏ်တွေရဲ့ အခန်းကဏ္ဍကို မြင်တွေ့လာရမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုုပ်နှံမှုဟာလည်း ပိုပြီးများလာမှာဖြစ်ပါတယ်''ဟု ဦးအောင်နိုင်ဦးက ပြောသည်။သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အသီးသီးရှိ အစိုးရအဖွဲ့များ ရေးဆွဲထားသည့် စီမံကိန်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အချက်အလက်များပေးပို့ကာ အဆိုပါဘဏ်များတွင် သိမ်းဆည်းထားမည်ဖြစ်သည်။
ထိုစီမံကိန်းများကို စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရအကြား ပူးပေါင်းဆောင်ရွက်မှု (PPP) ဖြင့် ရင်းနှီးမြှုုပ်နှံ အကောင်အထည်ဖော်မှုများ ဖြစ်လာရေးအတွက် ရင်းနှီးမြှုုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာန (MOPF) က ကြားခံအကောင်အထည်ဖော်သည့် ပုံစံဖြင့်လုပ်ဆောင်သွားကြမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။ စီမံကိန်းဘဏ်အတွင်းရှိ စီမံကိန်းများကို ရင်းနှီးမြှုုပ်နှံလိုသူများက ပွင့်လင်းစွာ ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။ MOPF ဝန်ကြီးဌာနသည် လျှောက်ထားလာသည့်ကုမ္ပဏီများကို စိစစ်မှုအပြင် ပြည်ပရင်းနှီးမြှုုပ်နှံသူများကိုလည်း ချပြဖိတ်ခေါ်မှုလုပ်ကိုင်ကာ အကောင်းဆုံး ရင်းနှီးမြှုုပ်နှံလုပ်ကိုင်သူများကို လုပ်ကိုင်စေခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ရင်းနှီးမြှုုပ်နှံမှုများ ဖြစ်လာစေရန်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
''ရင်းနှီးမြှုုပ်နှံသူတွေဟာ သူတို့လိုချင်တဲ့ မြေနေရာ ရဖို့ခက်တယ်လို့ ပြောကြတယ်။ အဲဒါကြောင့် Land Bank တစ်ခုကို တည်ထောင်ထားမယ်။ ဝန်ကြီးဌာနတိုင်းက သူတို့ရဲ့မြေပိုတွေကို အွန်လိုင်းပေါ်မှာ မှတ်ပုံတင်ပြီးထားမယ်။ ဒါဆိုရင်ရင်းနှီးမြှုုပ်နှံသူတွေက ဘယ်မြေတွေကို သူတို့ငှားလို့ရမလဲဆိုတာ သိလာမှာ ဖြစ်ပါတယ်''ဟု ဝန်ကြီးဦးသောင်းထွန်းက ပြောသည်။ မြေယာဘဏ်ကို ဆောင်ရွက်ရာတွင်မူ ဝန်ကြီးဌာနအသီးသီးက ပိုင်ဆိုင်သည့်မြေယာများကို အွန်လိုင်းပေါ်တွင် မှတ်ပုံတင်စာရင်းသွင်းခြင်းကို ဆောင်ရွက်၍ အစိုးရအဖွဲ့ရုံး၊ သမ္မတရုံးတို့တွင် စာရင်းဒေတာအချက်အလက်နှင့် စနစ်တကျ စုစည်းသိမ်းဆည်းထားမည်ဖြစ်သည်။ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလုပ်လိုကြောင်းတင်ပြလာပါက ၎င်းတို့လုပ်ကိုင်လိုသည့် ဒေသအလိုက်မြေစီစဉ်ပေးခြင်းဖြင့် စီမံကိန်းများမြန်ဆန်စွာ ရင်းနှီးမြှုုပ်နှံနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်
အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် မဟာဗျူဟာလုပ်ငန်းအစီအမံ စီမံကိန်းအတွက် မြန်မာကျပ်ငွေ သန်း ၂,ဝဝဝ အနိမ့်ဆုံးထားသုံးစွဲမည်ဖြစ်သည်။ စီမံကိန်းဘဏ်ရှိ စီမံကိန်းများတွင်မူ စီမံကိန်းအမည်၊ စီမံကိန်း၏ မဟာဗျူဟာကျအရေးပါမှု၊ မဟာဗျူဟာမြောက် လုပ်ငန်းစီမံချက်၊ စီမံကိန်းရည်ရွယ်ချက် (အရွယ်အစား၊ တည်နေရာ၊ မြေနေရာအကျယ်နှင့် အခြားအချက်အလက်)၊ လျာထားစီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်အမျိုးအစား၊ ဘဏ္ဍာငွေရယူရန်အရင်းအမြစ်နှင့် စီမံကိန်း၏အကျိုးအပြစ်များ ပါဝင်သော လေ့လာဆန်းစစ်ချက်၊ နည်းပညာလိုအပ်ချက်များ (စံနှုန်းသတ်မှတ်ချက်၊ ထောက်ပံ့ပေးရမည့်ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းဆိုင်ရာ အရည်အသွေးအချက်အလက် အကျဉ်းချုပ်)၊ စီမံကိန်းဖော်ဆောင်ရန် စုစုပေါင်းထည့်ဝင်ရမည့် ငွေကြေးပမာဏနှင့် အစိုးရထည့်ဝင်ရမည့် ငွေကြေးပမာဏခန့်မှန်းဖော်ပြချက်များ ပါဝင်မည်ဖြစ်သည်။
ထို့ပြင် စီမံကိန်းမျှော်မှန်းလုပ်ငန်းစဉ်များနှင့် ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာချက်အပေါ် လုပ်ငန်းရှင်များစိတ်ဝင်စားနိုင်မည့် အချိန်ဇယား (တည်ဆောက်ရေးကာလ၊ အကျိုးအမြတ်ရရှိမည့် အချိန်ကာလ၊ နှစ်ဦးနှစ်ဖက်သဘောတူရန် လိုအပ်သည့် အချက်အလက်၊ စီမံကိန်းဖော်ဆောင်ရေးဆိုင်ရာ စာချုပ်ပါအချက်အလက်များ)၊ လျော်ကြေးငွေကိစ္စရပ်၊ မြေယာအသုံးချခွင့်နှင့် ပြန်လည်နေရာချထားရေးအစီအစဉ်များ၊ စီမံကိန်းဆုံးရှုံးနိုင်ခြေဆန်းစစ်လေ့လာချက်နှင့် ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်မည့် နည်းဗျူဟာများ၊ စီမံကိန်း၏ လူမှုစီးပွားအထောက်အကူပြု ပဏာမလေ့လာဆန်းစစ်ချက်၊ စီမံကိန်း၏အုပ်ချုပ်ရေး၊ ဖွဲ့စည်းပုံနှင့် နည်းပညာအရ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်ချက်များ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အစိုးရအဖွဲ့အစည်း၏ ဆက်သွယ်ရမည့် လိပ်စာအပြည့်အစုံ စသည်ဖြင့် အချက်အလက်များကို မြင်တွေ့နိုင်မည်ဖြစ်သည်။ ရင်းနှီးမြှုုပ်နှံမှုများ လွယ်ကူစွာရွးချယ်နိုင်ရန် မြေယာဘဏ်၊ စီမံကိန်းဘဏ်များထားရှိမည်။
လာမည့် ၂ဝ၂ဝ ပြည့်နှစ် နောက်ပိုင်းတွင် ထွက်ပေါ်လာမည့် စီးပွားရေးစီမံကိန်းများတွင် စီမံကိန်းဘဏ်နှင့် မြေယာဘဏ်တို့က ဆောင်ရွက်ပေးမည့် ရလဒ်များကို မြင်တွေ့ရမည်ဟု ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။ နေပြည်တော်တွင် ဇန်နဝါရီ ၂၉ ရက်က ကျင်းပခဲ့သည့် ၂ဝ၁၉ ခုနှစ်၊ မြန်မာ့ရင်းနှီးမြှုုပ်နှံမှု ထိပ်သီးအစည်းအဝေ ဒုတိယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့ခြင်းဖြစ်သည်။ စီမံကိန်းဘဏ် (Project Bank) နှင့် မြေယာဘဏ် (Land Bank) တို့သည် အစိုးရအဖွဲ့က ဖော်ဆောင်နေလျက်ရှိသည့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) တွင်ပါရှိသော စီမံကိန်းများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် အချက်အလက်များ သိုမှီးထားမည့် ဘဏ်များဖြစ်ကြသည်။ ''MSDP ရဲ့အောက်ကနေသွားမယ့် စီမံကိန်းတွေဟာ ၂ဝ၁၉-၂ဝ ဘဏ္ဍာနှစ်ကစပြီး ကျင့်သုံးတော့မှာပေါ့။ တစ်ဆက်တည်းမှာပဲ Project Bank ရဲ့လုပ်ငန်းစဉ်ကိုလည်း စီမံ/ဘဏ္ဍာဝန်ကြီးဌာနက အကောင်အထည်ဖော်တာကို လုပ်နေတယ်။ ဆိုတော့ ၂ဝ၂ဝ ပြည့်နှစ်နဲ့ နောက်ပိုင်းတွေမှာ ထွက်လာမယ့် စီမံကိန်းတွေမှာ ဒီဘဏ်တွေရဲ့ အခန်းကဏ္ဍကို မြင်တွေ့လာရမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုုပ်နှံမှုဟာလည်း ပိုပြီးများလာမှာဖြစ်ပါတယ်''ဟု ဦးအောင်နိုင်ဦးက ပြောသည်။
သက်ဆိုင်ရာတိုင်းနှင့် ပြည်နယ်အသီးသီးရှိ အစိုးရအဖွဲ့များ ရေးဆွဲထားသည့် စီမံကိန်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အချက်အလက်များပေးပို့ကာ အဆိုပါဘဏ်များတွင် သိမ်းဆည်းထားမည်ဖြစ်သည်။ထိုစီမံကိန်းများကို စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရအကြား ပူးပေါင်းဆောင်ရွက်မှု (PPP) ဖြင့် ရင်းနှီးမြှုုပ်နှံ အကောင်အထည်ဖော်မှုများ ဖြစ်လာရေးအတွက် ရင်းနှီးမြှုုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားရေးဆက်သွယ်ရေးဝန်ကြီးဌာန (MOPF) က ကြားခံအကောင်အထည်ဖော်သည့် ပုံစံဖြင့် လုပ်ဆောင်သွားကြမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောသည်။
စီမံကိန်းဘဏ်အတွင်းရှိ စီမံကိန်းများကို ရင်းနှီးမြှုုပ်နှံလိုသူများက ပွင့်လင်းစွာ ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်သည်။ MOPF ဝန်ကြီးဌာနသည် လျှောက်ထားလာသည့်ကုမ္ပဏီများကို စိစစ်မှုအပြင် ပြည်ပရင်းနှီးမြှုုပ်နှံသူများကိုလည်း ချပြဖိတ်ခေါ်မှုလုပ်ကိုင်ကာ အကောင်းဆုံး ရင်းနှီးမြှုုပ်နှံလုပ်ကိုင်သူများကို လုပ်ကိုင်စေခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ရင်းနှီးမြှုုပ်နှံမှုများ ဖြစ်လာစေရန်ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ''ရင်းနှီးမြှုုပ်နှံသူတွေဟာ သူတို့လိုချင်တဲ့ မြေနေရာ ရဖို့ခက်တယ်လို့ ပြောကြတယ်။ အဲဒါကြောင့် Land Bank တစ်ခုကို တည်ထောင်ထားမယ်။ ဝန်ကြီးဌာနတိုင်းက သူတို့ရဲ့မြေပိုတွေကို အွန်လိုင်းပေါ်မှာ မှတ်ပုံတင်ပြီးထားမယ်။ ဒါဆိုရင်ရင်းနှီးမြှုုပ်နှံသူတွေက ဘယ်မြေတွေကို သူတို့ငှားလို့ရမလဲဆိုတာ သိလာမှာ ဖြစ်ပါတယ်''ဟု ဝန်ကြီးဦးသောင်းထွန်းက ပြောသည်။ မြေယာဘဏ်ကို ဆောင်ရွက်ရာတွင်မူ ဝန်ကြီးဌာနအသီးသီးက ပိုင်ဆိုင်သည့် မြေယာများကို အွန်လိုင်းပေါ်တွင် မှတ်ပုံတင်စာရင်းသွင်းခြင်းကို ဆောင်ရွက်၍ အစိုးရအဖွဲ့ရုံး၊ သမ္မတရုံးတို့တွင် စာရင်းဒေတာ အချက်အလက်နှင့် စနစ်တကျ စုစည်းသိမ်းဆည်းထားမည်ဖြစ်သည်။ လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းလုပ်လိုကြောင်း တင်ပြလာပါက ၎င်းတို့လုပ်ကိုင်လိုသည့် ဒေသအလိုက် မြေစီစဉ်ပေးခြင်းဖြင့် စီမံကိန်းများ မြန်ဆန်စွာ ရင်းနှီးမြှုုပ်နှံနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
အစိုးရအဖွဲ့သည် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) နှင့် မဟာဗျူဟာလုပ်ငန်း အစီအမံ စီမံကိန်းအတွက် မြန်မာကျပ်ငွေ သန်း ၂,ဝဝဝ အနိမ့်ဆုံးထား သုံးစွဲမည်ဖြစ်သည်။စီမံကိန်းဘဏ်ရှိ စီမံကိန်းများတွင်မူ စီမံကိန်းအမည်၊ စီမံကိန်း၏ မဟာဗျူဟာကျအရေးပါမှု၊ မဟာဗျူဟာမြောက် လုပ်ငန်းစီမံချက်၊ စီမံကိန်းရည်ရွယ်ချက် (အရွယ်အစား၊ တည်နေရာ၊ မြေနေရာအကျယ်နှင့် အခြားအချက်အလက်)၊ လျာထားစီမံကိန်းနှင့် ပတ်သက်သည့် စာချုပ်အမျိုးအစား၊ ဘဏ္ဍာငွေရယူရန် အရင်းအမြစ်နှင့် စီမံကိန်း၏ အကျိုးအပြစ်များ ပါဝင်သော လေ့လာဆန်းစစ်ချက်၊ နည်းပညာလိုအပ်ချက်များ (စံနှုန်းသတ်မှတ်ချက်၊ ထောက်ပံ့ပေးရမည့် ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းဆိုင်ရာ အရည်အသွေးအချက်အလက် အကျဉ်းချုပ်)၊ စီမံကိန်းဖော်ဆောင်ရန် စုစုပေါင်းထည့်ဝင်ရမည့် ငွေကြေးပမာဏနှင့် အစိုးရ ထည့်ဝင်ရမည့် ငွေကြေးပမာဏခန့်မှန်းဖော်ပြချက်များ ပါဝင်မည်ဖြစ်သည်။
ထို့ပြင် စီမံကိန်းမျှော်မှန်းလုပ်ငန်းစဉ်များနှင့် ဖြစ်နိုင်ခြေ ဆန်းစစ်လေ့လာချက်အပေါ် လုပ်ငန်းရှင်များ စိတ်ဝင်စားနိုင်မည့် အချိန်ဇယား (တည်ဆောက်ရေးကာလ၊ အကျိုးအမြတ်ရရှိမည့် အချိန်ကာလ၊ နှစ်ဦးနှစ်ဖက်သဘောတူရန် လိုအပ်သည့် အချက်အလက်၊ စီမံကိန်းဖော်ဆောင်ရေးဆိုင်ရာ စာချုပ်ပါအချက်အလက်များ)၊ လျော်ကြေးငွေကိစ္စရပ်၊ မြေယာအသုံးချခွင့်နှင့် ပြန်လည်နေရာချထားရေး အစီအစဉ်များ၊ စီမံကိန်း ဆုံးရှုံးနိုင်ခြေဆန်းစစ်လေ့လာချက်နှင့် ဆုံးရှုံးနိုင်ခြေလျှော့ချနိုင်မည့် နည်းဗျူဟာများ၊ စီမံကိန်း၏ လူမှုစီးပွားအထောက်အကူပြု ပဏာမလေ့လာဆန်းစစ်ချက်၊ စီမံကိန်း၏ အုပ်ချုပ်ရေး၊ ဖွဲ့စည်းပုံနှင့် နည်းပညာအရ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်ချက်များ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် အစိုးရအဖွဲ့အစည်း၏ ဆက်သွယ်ရမည့် လိပ်စာအပြည့်အစုံ စသည်ဖြင့် အချက်အလက်များကို မြင်တွေ့နိုင်မည်ဖြစ်သည်။