လက်ရှိ ဒေါ်လာဈေး ဆက်တက်နေတာနဲ့ ပတ်သက်ပြီး နိုင်ငံရဲ့ ကုန်သွယ်ရေး အခြေအနေ ဘယ်လိုရှိနေတယ်၊ ကုန် သွယ်မှုလိုငွေ လျှော့ချနိုင်ဖို့ ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာစိတ်ဝင်တစား သိချင်ကြပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။ အချို့ကို ကောက်နုတ်ဖော်ပြပါတယ်။
မေး ။ ။ လက်ရှိဒေါ်လာဈေးတွေ ဆက်တိုက်မြင့်တက်နေတာ ကုန်သွယ်မှုမှာ ထိခိုက်လား။ ဒေါ်လာဈေးတက်တာနဲ့ ပတ်သက်ပြီး အထိနာဆုံးဖြစ်တဲ့ သွင်းကုန်တွေအတွက်ကော ဘာတွေ ဆောင် ရွက်ဖို့ရှိလဲ။
ဖြေ ။ ။ ဒေါ်လာဈေးတက်တာက ကောင်းတဲ့ဘက်က ကြည့်ရင်တော့ ပို့ကုန်တွေ အများကြီး အကျိုးရှိလာတဲ့ သဘောရှိတယ်။ သွင်းကုန်မှာဆိုရင် မလိုအပ်တဲ့ သွင်းကုန်တွေက အလိုလိုနေရင်းနဲ့ ဈေးကြီးတဲ့အတွက် လျော့ကျသွားမှာပဲ။ ဒါကတော့ ကောင်းတဲ့ဘက်က ကြည့်ရင်ပေါ့။ မြန်မာငွေတန်ဖိုးကျတဲ့ ကိစ္စကလည်း ခုနကပြောတဲ့ အကြောင်းအရာမျိုးစုံ ရှိတာပေါ့။ ကုန်သွယ်လိုငွေဖြစ်တာကလည်း တစ်ချက် ပါဝင်တာပေါ့။ ဒါကြောင့်မို့လို့ ကုန်သွယ်မှုလိုငွေလျှော့ချဖို့ ဆောင်ရွက်နေတာပေါ့။ ဒါ့အပြင် ဘတ်ဂျက်လိုငွေတွေလည်း ရှိ တယ်။ တခြားအကြောင်းအရာတွေရှိတယ်။ မြန်မာငွေကျတာ တက်တာထက် ဈေးနှုန်းတည်ငြိမ်ဖို့က အရေးကြီးတယ်။ ငွေလဲနှုန်းပေါ့။ အခုကတော့ အားလုံးကဝိုင်းပြီး ဆောင်ရွက်နေတဲ့ အနေအထားရှိပါတယ်။
မေး ။ ။ ကုန်သွယ်မှုလိုငွေတွေ လျှော့ချနိုင်ဖို့ ဘယ်လို စီစဉ်ဆာင်ရွက်နေလဲ။
ဖြေ ။ ။ အဓိကက ပို့ကုန်တွေ တိုးမြှင့်တင်ပို့နိုင်ဖို့ပေါ့။ အဲသည်အတွက် ကုန်ပစ္စည်းအမယ်သစ်တွေ ပို့တဲ့ဟာတွေ ခွင့်ပြု နေတယ်။ လက်ရှိမှာလည်း Re-export ခွင့်ပြုထားတယ်။ နောက်တစ်ခါ ကိုယ့်နိုင်ငံက မထွက်တဲ့ ဟာတွေ Re-export ခွင့်ပြုထားတယ်။ နောက်တခြားဟာတွေ တင်ပို့ခွင့်ပြုထားတယ်။ အခုသည်နှစ်ကုန်သွယ်မှုဆိုရင် စုစုပေါင်းက ဧပြီလ ၁ ရက်နေ့ကစပြီး ၇ လပိုင်း ၂၇ ရက်နေ့အထိ စာရင်းအရဆိုလို့ ရှိရင် ကုန်သွယ်မှု ပမာဏက အမေရိကန်ဒေါ်လာ ၁၁.၅၇ ဘီလျံ ကုန်သွယ်နိုင်ပြီဆိုတော့ ပို့ကုန်က ၅. ၂၉ ဘီလျံလောက် ၊ သွင်းကုန်က ၆.၂၇၉ဘီလျံပေါ့။ ဆိုတော့ ကာလတူနဲ့နှိုင်းယှဉ်ကြည့်လို့ရှိရင် ပို့ကုန်က ဘယ်လောက် တိုးတက်လာလည်းဆိုတော့ ၁.၂ဘီလျံလောက် ပိုပြီးတော့ တိုးတက်လာတဲ့ အနေအထားမှာ ရှိတာပေါ့။
ဒါက အခုနပြောတဲ့ အဓိကကတော့ ပို့ကုန်ကို အဓိကတိုးတက်တာက ကုန်သွယ်မှုလိုငွေ လျော့ချ တာပေါ့။ လက်ရှိပို့ကုန်ဆိုရင် ကာလတူနဲ့ နှိုင်းယှဉ်ရင် ၁.၂ ဘီလျံအထိ တိုးတက်လာတယ်။ သွင်းကုန်မှာကျတော့ ကာလတူနဲ့ နှိုင်းယှဉ်ရင် သန်း၃၈၀ လောက်ပဲပိုတယ်။ ဆိုလိုတဲ့ သဘောကသည်လို ဖြစ်တဲ့အတွက်ကြောင့် လက်ရှိအနေအထားဆိုလို့ရှိရင် ပြီးခဲ့တဲ့ကာလတူနဲ့ နှိုင်းယှဉ်ရင် ကုန်သွယ်မှုလိုငွေကို အများကြီး လျော့ချထားတယ်။ ဥပမာ ၁. ၂ ဘီလျံနဲ့ ၃. ၈၄ ဘီလျံဆိုရင် ပြီးခဲ့တဲ့နှစ်ကာလတူနဲ့ ယှဉ်ရင် သန်း ၉ဝဝ ကျော်လောက် သုံးလေးလအတွင်း လျှော့ချထားတယ်။
အဓိကကတော့ တစ်ဖက်ကလည်း ကုန်သွယ်မှုလိုငွေကို လျှော့ချတယ်။ တစ်ဖက်ကလည်း ပို့ကုန် တွေတိုးတက်အောင် ကုန်ပစ္စည်းအမယ်သစ်တွေပေါ့၊ ကိုယ့်ဘက်က တင်ပို့လို့ရသမျှ တင်ပို့နေရတာပေါ့၊ တင်ပို့ပေမဲ့လည်း ဥပမာ သဲပေါ့ ကိုယ့်နိုင်ငံက ထွက်တယ်၊ တင်ပို့ချင်တယ်၊ သို့သော်လည်း ဈေးကွက်အရ အဆင်မပြေဘူး။ အဓိကကတော့ ဈေးကွက်ရှိတာတွေ များများတင်ပို့နိုင်ဖို့ပေါ့။ မတ်ပဲနဲ့ပဲတီစိမ်းကုန်ဆိုရင် အိန္ဒိယရဲ့ ကန့်သတ်မှုကြောင့် တင်ပို့မှုနည်းလာတယ်။ အဲသည်တော့ ပြည်တွင်းမှာလည်း ဈေးကွက်ရှိတဲ့သီးနှံ ပြောင်းစိုက်ဖို့ လိုပါတယ်။
ဒါနဲ့ ပတ်သက်ပြီးတော့လည်း ရန်ကုန်မှာ မကြာခင်ပဲဖိုရမ်လုပ်ဖို့ ရှိတယ်။ အဲသည်မှာ ပြည်နယ်နဲ့တိုင်းမှာရှိတဲ့ ပဲစိုက်တဲ့တောင်သူတွေရော ၊ အသင်းအဖွဲ့တွေရော၊ ကုန်စည်ဒိုင်တွေရော၊ ဝန်ကြီးဌာန တွေရော၊ စီးပွားရေးကူးသန်းရော၊ စိုက်ပျိုးရေးရော ပေါင်းစပ်ပြီးတော့ ဈေးကွက်အနေအထားကတော့ သည်လို ရှိပါတယ်၊ သည်လိုရှိတဲ့အတွက်ကြောင့် သည်အစားကို ဘာတွေ ပြောင်းစိုက်မလဲပေါ့။ ဈေးကွက်လိုအပ်ချက်ရှိတဲ့ ပဲပုပ်ဆိုရင် ကမ္ဘာ့ဈေးကွက်မှာ အကြီးအကျယ်လိုအပ်တယ်။ ပဲတီစိမ်းဆိုရင်လည်း တကယ်တမ်းက အိန္ဒိယကို ဟုတ်တိပတ်တိမပို့ဘူး။ ပို့တာက တရုတ်တို့ အခြားနိုင်ငံတွေ တင်ပို့တာပေါ့။ အဲသလိုပေါ့ဈေးကွက်များများရှိတဲ့ အမျိုးအစားတွေ ပြောင်းလဲစိုက်ဖို့ ။ အဲဒါမျိုးတွေက ပဲဖိုရမ်မှာ ဆွေးနွေးမယ့် အနေအထားပေါ့။
နောက်တစ်ခု ဈေးနှုန်းအရ ဆိုရင်လည်း ပြောင်းဆိုရင် ဈေး ကွက်ရှိတယ်။ ပြောင်းကို ပြောင်း စိုက်ဖို့ဟာမျိုးတွေ ဒါမျိုးတွေကို ဆွေးနွေးပြီးတော့ တောင်သူတွေ ကို သိဖို့ မကြာခင်မှာ ပဲနဲ့ ပတ် သက်တဲ့ ဖိုရမ်တစ်ခုလုပ်ဖို့ ရှိတယ်။ ဒါကလည်းပဲ ပို့ကုန်တိုးတက်ရေး ကိုလုပ်တာ။ ဈေးကွက်မရှိတဲ့ ပို့ ကုန်သီးနှံကို စိုက်မယ့်အစား ဈေး ကွက်ရှိတဲ့ သီးနှံပြောင်းစိုက်ဖို့ဆို ရင် ကိုယ်လည်းပို့နိုင်မယ်၊ တန်ဖိုး လည်း ရတယ်။ ပို့ကုန်တိုးတက် ရေးဆိုတာ လယ်ယာထွက်ကုန် က အဓိကကျတဲ့ အတွက်ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည် မြောင်းဝန်ကြီးဌာနနဲ့ စီးပွားကူး သန်းနဲ့ အဓိက ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်။
မေး ။ ။ အခုရော ပို့ကုန်အမယ် တွေ ဘယ်နှမျိုးလောက် ရှိနေပြီ လဲ။
ဖြေ ။ ။ သေးသေးမွှား မွှားလေးတွေဟာတော့ အများကြီး ရှိနေတာပေါ့။ နည်းနည်းချင်းတင် ပို့နေတာတွေလည်း ရှိတာပေါ့။ ဈေးကွက်လိုအပ်ချက်အရပေါ့။ ကျွဲနွားဆိုလို့ရှိရင် အရင်က ပိတ်ထားတာပေါ့။ သို့သော်လည်း ပိတ်ထားပေမဲ့ တစ်ဖက်မှာ ဈေး ကွက်လိုအပ်ချက် ရှိတဲ့အခါကျ တော့ တရားမဝင် သွားနေတယ်။ တရားမဝင်ထွက်နေတဲ့ အခါကျ တော့ နိုင်ငံတော်အတွက်လည်း အခွန်အခမရဘူး။ နောက်တစ်ခု က မွေးတဲ့တောင်သူ တွေမှာလည်း အကျိုးကျေးဇူး မရဘူး။
အရင်တုန်းက ကျွဲတစ်ကောင် နွားတစ်ကောင်ဆိုရင် ခြောက် သိန်းလောက်ပဲ ရှိတယ်။ အခုဆို ရင် ၁၀ သိန်းနဲ့ အထက်မှာ ရှိတာ ပေါ့။ ဆိုလိုတဲ့ သဘောကတော့ သည်လို ဖွင့်ပေးလိုက်တဲ့အတွက် ဈေးကွက်လည်း ရှိတယ်။ အကျိုး အမြတ် ရှိလာတဲ့အခါကျတော့ တောင်သူတွေက မွေးမြူရေးပိုင်း မှာ တိုးပြီးတော့ အာရုံစိုက်လာ တယ်။ စိုက်ပျိုးရေးအပြင် မွေးမြူ ရေးပိုင်းမှာ လုပ်လာတယ်။ တစ် ဖက်ကလည်း မွေးမြူရေးတိုးတက် လာတယ်။ တစ်ဖက်ကလည်း နိုင် ငံတော်အတွက် အခွန်အခ ရလာ တယ်။ တရားမဝင် သွားနေတာ လည်း အထိုက်အလျောက် လမ်း ကြောင်းပေါ် ရောက်လာတယ်ပေါ့။
မေး ။ ။ အခု ကုန်သွယ်ဖက် နိုင်ငံတွေ ဖြစ်တဲ့ အိန္ဒိယတို့ ဂျပန် တို့မှာလည်း သည်နှစ်ရေကြီးတာ တွေ ဖြစ်တဲ့ အပေါ် နိုင်ငံအနေနဲ့ ဘာအကျိုးအမြတ်တွေ ရနိုင်မလဲ။ အဲသည်အပေါ် ဈေးကွက်ချဲ့ထွံင်ဖို့ တို့ စီစဉ်ထားတာမျိုး ရှိလား။ မလေးရှားဆို အိန္ဒိယမှာ မိုးဒဏ် ကြောင့် သီးနှံအထွက်နှုန်း လျော့ ကျလာနိုင်တယ်ဆိုတဲ့ အသံနဲ့ စား အုန်းဆီ ဈေးတက်နေပြီလို့ သိရ တယ်။ ဆရာတို့လည်း သူတို့ဆီမှာ ရှားပါးသွားတဲ့ ကုန်စည်တွေကို ပို့ နိုင်ဖို့ စီစဉ်ထားတာမျိုးတွေ ရှိလား။
ဖြေ ။ ။ ဒါကတော့ ကိုယ့်နိုင်ငံက ဘယ်လောက် ထုတ် မယ်၊ ဘယ်လောက်ထုတ်မယ်ဆို တာ နဂိုကတည်းက လုပ်ထားပြီး သား၊ ရှိပြီးသားပေါ့။ ဥပမာ စားနပ် ရိက္ခာဆိုတာက တစ်ကမıာလုံးမှာ လိုအပ်ချက်က အမြဲတမ်း ရှိနေ တာပဲ။ အဲသည်အတွက် ကိုယ့်နိုင် ငံက အဓိက စားနပ်ရိက္ခာ ထုတ် လုပ်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ဈေး ကွက်ကတော့ ရှိနေတဲ့ အနေအ ထားပေါ့။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် ဈေးကွက်အရ လိုအပ်ချက်ရှိနေ တယ်။
ဥပမာ တရုတ်ဆိုရင်လည်း လယ်ယာထွက်ကုန်တင်ပို့ဖို့ အ တွက် ဈေးကွက်က အများကြီး ရှိ နေတယ်။ ဦးတို့ဘက်က ပို့ချင်တဲ့ လယ်ယာထွက်ကုန်တွေကို လက် ခံတယ်။ သူတို့ရဲ့ စားနပ်ရိက္ခာအ တွက်၊ တိရ စ ္ဆာန် အတွက်ဆိုရင် ပြောင်းရှိမယ်။ သန်းနဲ့ချီပြီး ယူ တယ်။ ဆန်ပို့လို့ ရတယ်။ သရက် တို့၊ ဖရဲတို့ ၊ သခွာတို့ သည်ဟာ တွေ အကုန်တင်ပို့လို့ ရတယ်။ ဆို လိုတာက စားနပ်ရိက္ခာတာ့ နိုင်ငံ တိုင်းမှာ အနည်းနဲ့အများလိုအပ် ချက် ရှိနေမှာပဲ။
မေး ။ ။ အမေရိကန်နိုင်ငံက သူ တို့နိုင်ငံကို လယ်ယာထွက် ကုန် စည်တင်ပို့မှုနဲ့ ပတ်သက်ပြီး လုပ်ရ မယ့် process အသစ်တွေ ချပြ ထားတယ်လို့ သိရတယ်။ အဲသည် အပေါ်မှာ ဆရာတို့ စီစဉ်ထားတာ မျိုး ရှိလား။
ဖြေ ။ ။ နိုင်ငံတစ်နိုင်ငံ ကို တင်ပို့ဖို့က သူ့ရဲ့ သတ်မှတ် ချက်တော့ ရှိတာပေါ့။ အပင်ပိုးမွှား ဆိုရင်လည်း အပင်ပိုးမွှား၊ စား သောက်ကုန်ဆိုရင်လည်း စား သောက်ကုန်။ ဥပမာ ကျွဲနွားဆိုရင် တစ်ဖက်နိုင်ငံက လက်ခံရင်တောင် ကျန်းမာရေး စစ်ဆေးသေးတာ။ ရောဂါကင်းစင်တဲ့ တိရ စ္ဆာန်ပဲ တင် ပို့ခွင့်ရှိတယ်။ မြန်မာနိုင်ငံမှာလည်း မျိုးစေ့မှာဆိုရင် မျိုးစေ့ဥပဒေနဲ့ ညီ မှ တင်သွင်းခွင့်ပေးတယ်ပေါ့၊ သီး နှံဆိုရင်လည်း သီးနှံအလိုက် သူ့ရဲ့ သတ်မှတ်ချက်တွေနဲ့ စစ်ဆေးပြီးမှ တင်သွင်းခွင့်ပေးတယ်။ အဓိကက တော့ တစ်ဖက်နိုင်ငံကို တင်ပို့ချင် ရင် ကိုယ့်နိုင်ငံအနေနဲ့လည်း အ ရည်အသွေးမီမှ တင်ပို့ခွင့် ရှိတာပဲ။
မေး ။ ။ အခုရေကြီးရေလျှံမှု တွေကြောင့် ပျက်စီးသွားတဲ့ သီးနှံ တွေကို ပြန်မစိုက်ပျိုးနိုင်ခဲ့ရင် ဘယ်လောက်အထိ ဆုံးရှုံးမှုတွေ ရှိလာမလဲ။
ဖြေ ။ ။ခုနကလည်း ပြောပါတယ်။ ကာလတူ အနေအ ထားမှာတောင် ၁.၂ဘီလျံလောက် ပို့ကုန်က တိုးပို့ထားတဲ့ အနေအ ထားမှာ ရှိတယ် ဆိုပြီးတော့ ။ ဆိုလို တဲ့ သဘောကတော့ ထိခိုက်တဲ့ ဟာကတော့ သက်ဆိုင်ရာဌာနက အစားထိုးစိုက်ပျိုးမယ့်ကိစ္စတွေသူတို့ဘက်က စစဉ်ထားတာ ရှိ တယ်။ ဝန်ကြီးဌာနဘက်ကလည်း ဆောင်ရွက်ပေးနေတယ်။ ဒါပေမဲ့ အမယ်တစ်မယ်ကိုတော့ ဆောင် ရွက်ပေးလို့တော့ မရဘူးပေါ့။ ဆန် ဆိုရင် လက်ရှိတင်ပို့မှုက တန်ချိန် တစ်သိန်းကျော်လောက် လျော့နေ တယ် ကာလတူနဲ့ယှဉ်ရင်။ ပင် လယ်ရေကြောင်းကလည်း ရာသီ ဥတုကြောင့် ဆန်တင်ပို့မှု လျော့ တယ်။ အဓိကကရာသီဥတုကြောင့် ဆိပ်ကမ်းမှာ အတင်အချ အချိန် နည်းနည်းကြာတယ်။ သို့သော် လည်း ခုနက ပြောသလို ကုန် သွယ်မှုက ၁.၂ ဘီလျံပိုနေတယ်။
မေး ။ ။ လက်ရှိ ဆန်တင်ပို့မှု အခြေအနေကကော။
ဖြေ ။ ။ ဆန်တင်ပို့မှု အခြေအနေကတော့ တန်ချိန်ရှစ် သိန်းကျော်သွားပြီ။ ပြီးခဲ့တဲ့ နှစ်နဲ့ ယှဉ်လို့ရှိရင်တော့ တန်ချိန် သုံး သိန်းလောက် လျော့နည်းနေ တယ်။ အရင်နှစ်က တန်ချိန် ၉၄၀,ဝဝဝ လောက် ပို့ထားတယ်။ လျော့နည်းတာကတော့ ပင်လယ် ကြောင်းရော နယ်စပ်ရော လျော့ နည်းတာပေါ့။ ဘာတွေကြာင့် လျော့နည်းသွားတာလည်း ဆို တော့ ရာသီဥတုကြောင့် လည်း ပါ တာပေါ့။ တန်ဖိုးအရက သုံးသန်း လောက်ပိုရတယ်။ ဈေးနှုန်းတော့ ပိုရတယ်ဆိုတဲ့ အနေအထားမှာ ရှိတာပေါ့။
သို့သော်လည်း ရာသီဥတု ပြောင်းလဲမှုကြောင့်တော့ ချင့်ချိန် ရမယ့် အနေအထား ရှိတာပေါ့။ အဓိကက လယ်ယာထွက်ကုန် တွေ ပြည်ပကို တင်ပို့တယ်ဆိုတာ က ပြည်တွင်းလုံလောက်မှု ရှိမှ ပို့ တာပေါ့။ အဲသည်တော့ ပြည်တွင်း လိုအပ်ချက်ကိုလည်း ချင့်ချိန်ရ သေးတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် ကတော့ ၃ .၅ သန်းကျော် လောက် တင်ပို့ထားတာပေါ့။ သည်နှစ်လည်း မီအောင်တော့ တင်ပို့ဖို့ အစောပိုင်းတော့ ရည်မှန်း ထားတာပေါ့။ သို့သော်လည်း ရာ သီUတုအခြေအနေအရ ပြန်ပြီး တော့ ညှိရမယ့် အနေအထားရှိ တာပေါ့။ ပဲမျိုးစုံဆိုရင် ပြီးခဲ့တဲ့နှစ် ထက် ဒေါ်လာသန်း ၂ဝဝ ကျော် လောက် လျော့နေတယ်။ ဈေးနှုန်း အရလည်း လျော့နေတယ်။ တင်ပို့ တန်ချိန်လည်း လျော့နေတယ်။ သို့ သော်လည်း တခြားကဏ္ဍတွေမှာ တိုးတက်တင်ပို့နေရတဲ့အတွက် ပို့ကုန်ပိုင်းမှာ ကာလတူထက် ၁.၂ သန်းကျော်လောက် ပိုတာပေါ့။ ဆန်တင်ပို့ဖို့နဲ့ပတ်သက်ပြီး MoU ထိုးတာတွေ ဘာတွေကတော့ လောလောဆယ် မရှိသေးဘူး။
မေး ။ ။ ပို့ကုန်မှာ ဘယ်ကဏ္ဍ တွေကြောင့် ကာလတူထက် တိုး နေတာလဲ။
ဖြေ ။ ။ အဓိကက တော့ မွေးမြူရေးကဏ္ဍပေါ့။ နောက်တစ်ခုက အထည်ချုပ် ကဏ္ဍပေါ့။ အထည်ချုပ်ကဏ္ဍက သိသိသာသာကို တစ်နှစ်ထက် တစ်နှစ်အရမ်းတိုးတက်လာတယ်။ သည်ကဏ္ဍက တစ်ဖက်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းရတဲ့ အခြေအနေရှိတယ်။ နောက်တစ်ခု ကလည်း ချုပ်ပြီး အထည် တင်ပို့မှု ဆိုရင် လက်ရှိမှာ အမေရိကန် ဒေါ် လာ ၁.၃ ဘီလျံလောက် ရှိတယ်။ ကာလတူနဲ့ စာလို့ရှိရင် သန်း ၆ဝဝ လောက် ပိုတဲ့ အနေအထားမှာ ရှိ တယ်။ ဘာကြောင့် ပိုတာလည်း ဆိုတော့ တစ်ဖက်ကလည်း ဝယ် လိုအား ရှိတယ်။ သည်ဘက်က ပို ထုတ်လုပ်နိုင်တာလည်း ပါတယ်။ အမှာစာရတာပေါ့။ အမှာစာမရ ရင်တော့ ဘယ်လိုမှ ထုတ်လို့ မရ ဘူး။ သည်ကဏ္ဍကတော့ ရန်ကုန် တိုင်းအပြင် ကျန်တဲ့ ဒေသတွေ လည်း ရှိတာပေါ့။
မေး ။ ။ အခုနိုင်ငံရဲ့ စီးပွားရေး က စာရင်းဇယားတွေအရ တိုးနေ တယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ကျနေတယ်ဆိုပြီး ပြောကြတယ်။ အဲသည်အပေါ်မှာရော ဆရာ့အ နေနဲ့ ဘယ်လို မြင်လဲ။
ဖြေ ။ ။ ဒါကတော့ ဘာခေါ်မလဲဆိုရင် စီးပွားရေးတိုး တက်တယ် မတိုးတက်ဘူးဆိုတာ က ကိန်းဂဏန်းပေါ်မှာ အခြေခံပြီး ဆောင်ရွက်ကြတာပေါ့။ နိုင်ငံတ ကာက အဖွဲ့အစည်းတွေက သုံး သပ်တယ်ဆိုတာလည်း ကိန်း ဂ ဏန်းတွေပေါ်မှာ အခြေခံပြီး သုံး သပ်တာပေါ့။ ဒါကြောင့်မို့လည်း တိုးတက်မှုနှုန်းတွေ မြင့်တယ်ဆို တာမျိုးတွေ အဖြေထွက်လာတာ ပေါ့။ ဒါကတော့ လူတွေရဲ့ သူတို့ရဲ့ တိုင်းတာတဲ့indicator ပေါ်မှာပဲ မူ တည်တာပေါ့။ Indicator တွေအ ရ ဘယ်လို ဖြစ်နေတယ်ဆိုတာမျိုး တွေပေါ့။
မေး ။ ။ သြဂုတ်လကစပြီး ကုမ္ဗဏီဥပဒေအသစ်ကလည်း အ သက်ဝင်နေပြီဆိုတော့ ဒါနဲ့ ပတ် သက်ပြီး နိုင်ငံရဲ့ ကုန်သွယ်ရေး၊ စီး ပွားရေးတွေမှာ ဘာတွေ ပြောင်းလဲ လာနိုင်လဲ။
ဖြေ ။ ။ ကုမ္ဗဏီဥပဒေ အရဆိုရင် အတတ်ပညာနဲ့ အရင်း အနှီးတွေ ရလာအောင် ကုမ္ဗဏီဥပ ဒေအသစ်ကို ခုနပြောတဲ့ ၃၅ ရာ ခိုင်နှုန်းနဲ့ အောက်ကို နိုင်ငံသား ကုမ္ဗဏီလို့ သတ်မှတ်တာပေါ့။ ဆို လိုတဲ့ သဘောကတော့ သည်လို ၃၅ ရှိရင် ပါလာလို့ရှိရင် သူတို့ဘက် က အဲဒါနိုင်ငံသားကုမ္ဗဏီဖြစ်တဲ့အ တွက် နိုင်ငံသား အခွင့်အရေးရ သွားတာပေါ့။ အဲဒါဆိုရင် သူတို့ ဘက်က အရင်းအနှီးတွေလည်း ပို ဝင်လာမယ်။ နောက်တစ်ချက်က နည်းပညာတွေ၊ စီမံခန့်ခွဲတဲ့ နည်း ပညာတွေလည်း ရမယ်။ ဦးတို့ ဖွံ့ ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက် နိုင်ငံတ ကာနဲ့ နှိုင်းယှဉ်ရမယ့်ဟာတွေ အ များကြီး ရှိသေးတယ်။ အဲသည် တော့ ကောင်းတဲ့ ဘက်က ဆောင် ရွက်ထားတာပေါ့။
မေး ။ ။ တရားမဝင် ကုန်စည် စီးဆင်းမှုနဲ့ ပတ်သက်ပြီးတော့ ကော လက်ရှိမှာ ဘယ်လိုလဲ၊ အ ထူးသဖြင့် နယ်စပ်ပေါ့။
ဦးခင်မောင်လွင်။ ။ တရားမဝင် ကိစ္စကတော့ စီမံဘဏ္ဍာကနေ စခန်းနှစ်ခုဖွင့်ပြီး စစ်ဆေးနေတာ ပေါ့။ အဲဒါအပြင်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး /ပြည်နယ်တွေမှာ လည်း သူတို့ကိုယ်တိုင်ဦးစီးပြီး တော့ ဖမ်းဆီး ဆောင်ရွက်နေတာ တွေလည်း ရှိတယ်။ ကရင်ပြည် နယ်ဆိုရင် ဟိုတလောကပဲ ကွမ်းသီးတွေ တရားမဝင် ဝင်လာလို့ သူ တို့မှာ အခက်အခဲ ရှိတယ်ဆိုပြီး တမူးဘက်က တင်ပြတဲ့ ဟာတွေ ရှိ တယ်။ ဖမ်းမိတဲ့ ဟာမျိုးတွေလည်း ရှိတယ်။ အဲသည်တော့ အခု နောက်ပိုင်းမှာတော့ တရားမဝင် ကိစ္စမှာဆိုရင် ဝန်ကြီးဌာနတွေ အ ပြင် တိုင်းဒေသကြီး /ပြည်နယ်တွေ မှာ အထူးအဖွဲ့တွေ ဖွဲ့ပြီး ဆောင် ရွက်ပေးနေပါတယ်။
မော်ဒန်။ ။ အခု ပြည်တွင်း သကြား ကုန်သည်အချို့က ပြည်တွင်းမှာ သကြားတွေ ပုံနေပြီလို့ ပြောနေ ကြတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ ကောRe-export သကြားတင် သွင်းခွင့်ပြုထားတဲ့ အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ ။ ။ Re-export က နဂိုကတည်းက ပြည်တွင်းမှာ ချမရောင်းရဘူးလို့ ပြောထားပြီး သား။ ပြည်တွင်းမှာ ချရောင်းလို့ ရှိ ရင်လည်း အရေးယူတာပဲ။ ပြည် တွင်းမှာ တင်သွင်းပြီး ပြန်မပို့ဘူး ဆိုတာနဲ့ အရေးယူမှာပဲ။ အဲသည် တော့ ပြည်တွင်းမှာ ပုံနေတယ်ဆို တာက ပြည်တွင်းမှာ ပုံစရာမရှိ ဘူး။ ပြည်တွင်းမှာ ချရောင်းလို့ မရ ဘူး။ နောက်တစ်ခုက ပြည်တွင်းက လုပ်ငန်းရှင်တွေကိုလည်း ပြည် တွင်းမှာထုတ်လုပ်တဲ့ သကြားတွေ ကို တင်ပို့ခွင့် ပေးထားတယ်။ ဘာ လို့ဆို တစ်ဖက်နိုင်ငံမှာ ဈေး ကောင်းရတဲ့အတွက်ကြောင့် တင်ပို့ခွင့်ပေးထားတာ။ သူတို့ လည်း တင်ပို့နေတယ်။
လက်ရှိမှာဆိုလို့ရှိရင် ပြည် တွင်းသကြားတင်ပို့တာ သည်ကာ လမှာဆိုရင် တန်ချိန်သိန်း ၅၀,ဝဝဝ လောက်ရှိသွားပြီ။ Re-export က တော့ ဘယ်လောက်ပဲ ပို့ရသေးလဲ ဆိုရင် တန်ချိန် ၂၆၀,ဝဝဝ လောက် ပဲ ပို့ရသေးတယ်။ ပြည်တွင်းမှာ ထွက်ရှိတဲ့ သကြားကလည်း ပြည် တွင်းမှာ သုံးစွဲတယ်။ Export လည်း ခွင့်ပြုထားတယ်။ အခွင့်အ ရေးလည်း ပေးထားတယ်။ Re-export ခွင့်ပြုတယ်ဆိုတာက အ ကျိုးအမြတ်ရလို့ ခွင့်ပြုတာ။ အခွန် အခတွေ ရတယ်၊ ကုန်သည်တွေ လုပ်ငန်းရှင်တွေ အကျိုးအမြတ်ရ တယ်၊ အလုပ်သမားတွေ အလုပ်ရ တယ်။ အဲသည်လို တစ်ဖက်က အကျိုးရှိတဲ့အတွက် ခွင့်ပြုတာ ပေါ့။ ခွင့်ပြုတဲ့ အခါမှာလည်း စနစ် တကျ ခွင့်ပြုထားတာ ဖြစ်တယ်။
မေး ။ ။ အခု Re-export သ ကြားကို ဘယ်လောက်အထိ ခွင့်ပြု ပြီးပြီလဲ။
ဖြေ ။ ။ အကြမ်းဖျင်း ကတော့ တန်ချိန် ၅ဝဝ,ဝဝဝ ကျော် လောက် ခွင့်ပြုထားတာပေါ့။ လိုင် စင်ပေါ့။ ပြန်ပို့တာက ၂၆၀,ဝဝဝ လောက် ရှိတာပေါ့။ ဒါပေမဲ့ သူတို့ သွင်းချင်မှ သွင်းဦးမှာ၊ လိုင်စင်ခွင့် ပြုထားတာကို ပြောတာ။
မေး ။ ။ ဝန်ကြီးဌာနအနေနဲ့ သည်နှစ် ဘတ်ဂျက်အတွက် ဘာ စီမံကိန်းတွေ လုပ်ဖို့ရှိလဲ။
ဖြေ ။ ။ လက်ရှိမှာ ရေး ဆွဲထားတဲ့ Plan တွေ ရှိတာပေါ့။ MPT (Medium Term Program) ပေါ့။ အဲသည်ထပ်ချဲ့ထား တာတွေ ရှိတယ်။ ဒါတွေ ပေါင်းစပ် ပြီးတော့ လုပ်ရမယ့် လုပ်ငန်းတွေ ကို ဆက်ပြီးတော့ အကောင်အ ထည်ဖော်နေတာပေါ့။ သည် Plan တွေကလည်း ဝန်ကြီးဌာနတစ်ခုတည်း လုပ်ထားတာမဟုတ်ဘူး။ ပညာရှင်တွေ၊ အသင်းအဖွဲ့တွေ၊ ဝန်ကြီးဌာနတွေ၊ နိုင်ငံခြားပညာရှင်တွေနဲ့ ရေးဆွဲထားတာပေါ့။ သည်ဟာပေါ်မှာပဲ လုပ်ရမယ့် လုပ်ငန်းတွေ ဆက်လုပ်သွားမှာပါ။
မေး ။ ။ ဆရာ့အနေနဲ့ ဖြည့်စွက် ပြောကြားချင်တာများရှိရင် ပြောပေးပါ။
ဖြေ ။ ။ စီးပွားကူးသန်းအနေနဲ့ကတော့ ကုန်သွယ်မှုတိုးတက်ဖို့က အဓိကတာဝန်ပေါ့။ နောက်ပြီး ကုန်သွယ်မှုလိုငွေလျှော့ချဖို့၊ ကုန်သွယ်မှုလိုငွေတိုးတက်ဖို့ဆိုရင် ပို့ကုန်တိုးမြှင့်ဖို့။ ဒါတွေလုပ် ဆောင်ရတာပေါ့။ လက်ရှိမှာ ကုန်သွယ်မှုကလည်း တိုးတက်နေတယ်။ ပို့ကုန်တွေကလည်း ကာလတူနဲ့ယှဉ်ပြိုင် တိုးတက်နေတယ်။ အဲသည်လို အဓိကတာဝန်တွေအပြင် နိုင်ငံတော်ရဲ့ အဓိကတာဝန် ပေးချက်အရ အထူးစီးပွားရေးဇုန်ကိစ္စတွေ၊ နောက်ထပ် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမှာ Focal Ministry အဖြစ်ပါတယ်။ နောက်နယ်စပ်စီးပွားရေးဇုန်ကိစ္စမှာ Focal Ministry အဖြစ် တာဝန်ပေးထားတယ်။
ဒါတွေကတော့ ထပ်ပြီးတော့ လုပ်ဆောင်နေတာပေါ့။ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှာဆိုရင် ကုန်သည်တွေရဲ့ တကယ့်အခက်အခဲတွေကို တစ်ခုချင်းတစ်ခုချင်း ဖြေရှင်းပေးနေတာပေါ့။ အားလုံးအစအဆုံး ပြီးပြည့်စုံအောင် မဖြေရှင်းနိုင်သေးရင်တောင် တော်တော်များများကို ဖြေရှင်းပေးထားတဲ့ အနေအထားမှာ ရှိတယ်။ ကျေနပ်တဲ့အထိရောက်အောင် တဖြည်းဖြည်းနဲ့တော့ ဆောင်ရွက်ပေးနေတယ်။ ဥပဒေနဲ့တော့ ညီရမှာပေါ့။
Kumudra