အညာဒေသ ရေစကြိုနှင့်ဂန့်ဂေါမြို့နယ်တို့မှ စိုက်ပျိုးထွက်ရှိသော ဖရဲသီးများမှာ သင်္ကြန်ရက်နီးလာ၍ တရုတ်နိုင်ငံက ဝယ်လိုအားကောင်းပြီး အရောင်းမြင့်တက်နေကြောင်း သိရသည်။
ဖရဲသီးစိုက်ခင်းများအထိ ကွင်းဆင်း၍ ကုန်သည်ပွဲစားများက လိုက်လံဝယ်ယူနေ ကြောင်း၊ အသီး၏ အရွယ်အစားနှင့် အရည် အသွေးအလိုက်ပြည်တွင်းဈေးကွက်သို့လည်း ကောင်း၊ တရုတ်နိုင်ငံသို့လည်းကောင်း ပွဲစား များက တင်ပို့ရောင်းချနေကြောင်း ဒေသခံ ရောင်း/ဝယ်သူတစ်ဦးက ပြောခဲ့ပါသည်။
ရာသီဥတုကပူလာတော့ ဖရဲသီးစား သုံးမှုက မြင့်တက်လာတာကြောင်း၊ ပြည်တွင်းမှာလည်း ရာသီစာအဖြစ် တွင်ကျယ်စွာစားသုံးကြ၍ ပုဂံမှာလည်း သင်္ကြန်ကာလဘုရားဖူးများအတွက် ရာသီစာအဖြစ် ဝယ်ယူကြသည့်အတွက် မြင်းခြံ၊ ကျောက်ပန်းတောင်း၊ မိတ္ထီ လာ၊ ဝမ်းတွင်း၊ မကွေးနဲ့ နတ်မောက်မြို့နယ် တွေက အဝယ်လိုက်သလို မူဆယ်ကိုလည်း တင်ပို့နေရသည်ဟု ပွဲစားတစ်ဦးက ပြောပြခဲ့ပါသည်။
မဟာသင်္ကြန်ကာလဈေးကွက်ပိတ်မည် ဖြစ်၍ တရုတ်ကလည်း ဝယ်ယူမှုများကြောင်း၊ ဈေးကွက်တွင် ဖရဲသီးအနေအထားပေါ်မူ တည်ပြီး တစ်လုံးလျှင် ကျပ် ၁၅၀ဝ မှ ကျပ် ၂၅၀ဝ အထိ ရောင်းချနေရကြောင်း၊ မူဆယ် သို့ ပို့ဆောင်ရသည်မှာ တစ်နေ့လျှင် ၁၀ ဘီး ကား သုံးရာဝန်းကျင်ရှိကြောင်း၊ ဖရဲတစ်တန်လျှင် ယွမ်ငွေ ၂၅၀ဝ အထိ ပေါက်ဈေးရှိ ကြောင်း ပွဲစားများထံမှ သိရပါသည်။
အညာဒေသရေစကြို၊ ဆိပ်ဖြူနှင့် ပေါက်မြို့နယ်တို့အပြင် မိတ္ထီလာမြို့နယ်များ၌လည်း ဖရဲကို အဓိကစိုက်ပျိုးကြပြီး ယခုအခါ ဖရဲစိုက်တောင်သူများ ဝင်ငွေကောင်းလျက်ရှိသည်။
ဖရဲသီးက အရင်းအနှီးနည်းပြီး အနည်းဆုံးစိုက်ပျိုးတဲ့ တောင်သူတစ်ဦးကို ကျပ်သိန်း ၃၀ အထိ ဝင်ငွေရှိကြောင်း၊ အလယ်အလတ်စိုက်သော တောင်သူတစ်ဦးကို ကျပ်သိန်း ၅၀ ဝင်ငွေရှိပြီး ဈေးကွက်ကောင်းရင် ဖရဲသီးသည်ရင်းနှီးမြှုပ်နှံမှု၏ သုံးပုံတစ်ပုံမြတ်ပြီး ဈေးကွက်မကောင်းရင်တော့ တောင်သူတွေရှုံးကြောင်း၊ ယခုနှစ်ကတော့ ဖရဲစိုက်တောင်သူတွေအတွက် အမြတ်ရသောနှစ်ဖြစ်သည်ဟု ဒေသခံတောင်သူတစ်ဦးက ပြောခဲ့ပါသည်။
Myanmar Times