စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မုံရွာ၊ ကလေး၊ စစ်ကိုင်း၊ ရွှေဘို၊ ကသာမြို့များသည် ရှေးဟောင်း အမွေအနှစ်များ၊ အထင်ကရနေရာများစွာ ရှိသဖြင့် ပြည်တွင်း/ပြည်ပ ခရီးသွားဝင်ရောက်မှုမှာ နှစ်စဉ်မြင့်တက် လျက်ရှိရာ (၂ဝ၁၆-၂ဝ၁၇)ဘဏ္ဍာနှစ်တွင် ပြည်ပခရီးသွား(၂၄၁၂၉)ဦး၊ ပြည်တွင်းခရီးသွား (၁ဝ၉၅၂၁)ဦး၊ စုစုပေါင်း (၁၃၃၆၅ဝ)ဦး ဝင်ရောက်ခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် ဖေဖော်ဝါရီလအထိ ပြည်တွင်းခရီးသွား (၁၂၇၇၉ဝ) ဦးနှင့်ပြည်ပခရီးသွား(၂၆ဝ၉၉)ဦးအထိ ဝင်ရောက်ခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်
၂ဝ၁၇ ခုနှစ်ထဲတွင် ဗန်းမောက်မြို့နယ်က ဇလုံတောင်ဘုရားက ပြည်တွင်းခရီးသွားတွေ ပိုပြီးစိတ်ဝင်တစားနဲ့ သွားကြတာကို တွေ့ရ၍ တစ်ဆက်တည်း အင်းတော်မြို့နယ်က မန်လည် ဆရာတော်ကြီး ရုပ်ကလပ်တော်ရှိတဲ့ မန်လည်ကျောင်းကိုလည်း ခရီးသွားတွေ ဝင်ရောက်မှုဟာ များလာကြောင်း မိသားစုလိုက်၊ အဖွဲ့လိုက် ခရီးသွားလို့ကောင်းတဲ့ နေရာတွေလည်း အများကြီးရှိပါသေးတယ်၊ လာမယ်နှစ်တွေမှာလည်း ပြည်တွင်း/ပြည်ပ ခရီးသွားတွေပိုပြီးတော့ တိုးတက်လာမယ့် အခြေအနေမှာ ရှိနေသည်ဟု စစ်ကိုင်းတိုင်း ဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
၂ဝ၁၇ ခုနှစ် ဧပြီလမှ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလအထိ မုံရွာဇုန်တွင် ပြည်ပခရီးသွား(၁၉၇၄၈)ဦး၊ ပြည်တွင်းခရီးသွား (၈၇၂၂၆)ဦး စုစုပေါင်း(၁ဝ၆၉၇၄)ဦး၊ ကလေးဇုန်တွင် ပြည်ပခရီးသွား(၄၄၂၆)ဦး၊ ပြည်တွင်း ခရီးသွား (၁၉၁၁၇)ဦး စုစုပေါင်း(၂၃၅၄၃)ဦး၊ စစ်ကိုင်းဇုန်တွင် ပြည်ပခရီးသွား(၁ဝ၉၅)ဦး၊ ပြည်တွင်းခရီးသွား (၁ဝ၇၇၁)ဦး စုစုပေါင်း(၁၁၈၆၆)ဦး၊ ရွှေဘိုဇုန်တွင် ပြည်ပခရီးသွား (၅၄၃)ဦး၊ ပြည်တွင်းခရီးသွား (၄၅၃ဝ)ဦး စုစုပေါင်း (၅ဝ၇၃)ဦး၊ ကသာဇုန်တွင် ပြည်ပခရီးသွား (၂၈၇)ဦး၊ ပြည်တွင်းခရီးသွား (၆၁၄၆)ဦး စုစုပေါင်း (၆၄၃၃)ဦး စုစုပေါင်း ပြည်တွင်း/ပြည်ပ ခရီးသွား (၁၅၃၈၈၉)ဦး ဝင်ရောက်ခဲ့ကြောင်း သိရပါသည်။
Source: MOI