အိန္ဒိယဝယ်ယူမှုမြင့်တက်ခြင်းနှင့်အတူ ၂၇ နှစ်အတွင်းပဲမျိုးစုံပြည်ပတင်ပို့ခြင်းမှ စံချိန်တင်ဝင်ငွေတစ်ရပ်ကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ပမာဏအများဆုံးရရှိကြောင်းမြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းမှ သိရသည်။
ထို့ပြင်ပြည်ပသို့ပဲမျိုးစုံတင်ပို့မှုပမာဏသည်လည်းယခင်နှစ်ကထက်တန်ချိန်နှစ်သိန်းထိ ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဝင်ငွေသည်လည်းယခင်နှစ်ကထက်ဒေါ်လာသန်း ၁၈၀ ကျော်ပိုမိုရရှိခဲ့ကြောင်းသိရသည်။
သို့သော်ယခုနှစ်ဘဏ္ဍာနှစ်အတွင်းမြန်မာနိုင်ငံ၏ပဲမျိုးစုံအဓိကဝယ်လက်အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကျဆင်းနေခြင်းကြောင့်တင်ပို့မှုလျော့ကျမည်ကိုပဲကုန်သည်များစိုးရိမ်လျက်ရှိကြောင်းသိရသည်။
၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းပဲမျိုးစုံပြည်ပသို့တင်ပို့ခြင်းမှဝင်ငွေအမေရိကန်ဒေါ်လာ ၁ဒဿမ ၄ ဘီလီယံနီးပါးစံချိန်တင်ရရှိခဲ့ပြီး ၂၀၀၈-၀၉ ဘဏ္ဍာနှစ်ကပဲမျိုးစုံပြည်ပတင်ပို့မှုအများဆုံးစံချိန်ဖြစ်သည့် တန်ချိန် ၁ ဒသမ ၅ သန်းကျော်တင်ပို့နိုင်ခံစဉ်ကထက်ဒေါ်လာသန်း ၆၀၀ ကျော်များပြားနေခြင်းဖြစ်သည်။
၁၉၉၀ ပြည့်နှစ်မှစတင်၍ပြည်ပသို့ပဲမျိုးစုံတင်ပို့ခြင်းကိုကုန်သွယ်ရေးဦးစီးဌာနမှခွင့်ပြုခဲ့ပြီး ဈေးနှုန်းအမြင့်ဆုံး စံချိန်အဖြစ်၂၀၁၅ ခုနှစ်အတွင်းကမတ်ပဲတစ်တန်လျှင် ၂၆ သိန်းခန့်နှင့်ပဲစင်းငုံတစ်တန်လျှင် ကျပ် ၁၇ သိန်းကျော်မြင့်တက်ခဲ့သည်။
ပဲမျိုးစုံပြည်ပတင်ပို့ခြင်းမှ ၂၀၀၈-၀၉ ဘဏ္ဍာနှစ်တွင် တန်၁ ဒဿမ ၅ သန်းကျော်ဖြင့်ဝင်ငွေအမေရိကန်ဒေါ်လာသန်း ရှစ်ရာနီးပါး၊ ၂၀၀၉-၁၀ဘဏ္ဍာနှစ်တွင် တန် ၁ ဒဿမ၂၈ သန်းကျော်ဖြင့်ဝင်ငွေဒေါ်လာသန်း ၉၇၀ ကျော်၊ ၂၀၁၀-၁၁ဘဏ္ဍာနှစ်တွင် တန်ကိုးသိန်းခွဲကျော်ဖြင့် ဝင်ငွေဒေါ်လာသန်း ၉၃၀ ကျော်၊ ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် တန်၁ ဒဿမ ၄ သန်းကျော်ဖြင့်ဝင်ငွေဒေါ်လာ တစ်ဘီလီယံကျော်၊ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင်တန်၁ ဒသမ ၃ သန်းကျေ ်ာဖြင့်ဝင်ငွေေ ဒါ်လာသန် း ၉၄၀ ကျေ ်ာ၊ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင်တန်၁ ဒသမ ၅ သန်းနီးပါးဖြင့်ဝင်ငွေ ဒေါ်လာ၁ ဒသမ၂ ဘီလီ ယံ၊ ၂၀၁၅၁၆ ဘဏ္ဍာနှစ်တွင်တန်၁ ဒသမ ၂ သန် းကျေ ်ာဖြင့်ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျေ ်ာနှင့် ၂၀၁၆၁၇ ဘဏ္ဍာနှစ်တွင်တန်၁ ဒသမ ၄ သန် းကျေ ်ာဖြင့်ဝင်ငွေ ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံနီးပါးရရှိကြောင်းသိရသည်။
Source:thevoicemyanmar