တယ်လီဖုန်းဘီလ်မှ အခွန်ငွေရရှိမှု မြင့်တက်လာ


28 February, 2018

တယ်လီဖုန်းဘီလ်က ကောက်ခံရရှိတဲ့ အခွန်ဟာ မနှစ်က ၆ လပတ်ထက် ကျပ်သန်းပေါင်း တသောင်းခွဲလောက် ပိုရထားတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။

တယ်လီဖုန်းဘီလ်ကနေ ဖြတ်တောက်ရရှိတဲ့ ကုန်သွယ်လုပ်ငန်းခွန်ဟာ ၄၉ ဒသမ ၅၉၃ ဘီလီယံ (ကျပ်သန်းပေါင်း ၅ သောင်းလောက်) ရရှိခဲ့ကြောင်း သိရပါသည်။

အရင်နှစ် ပထမ ၆ လပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၁၅ ဘီလီယံကျော် (ကျပ်သန်းပေါင်း တသောင်းခွဲကျော်) ပိုရကြောင်း သိရပါသည်။

တယ်လီဖုန်းဘီလ်ကနေ ဖြတ်တောက်ရရှိတဲ့ အခွန်သည် တစ်လကို ကျပ်သန်း ၉ ထောင် လောက်အထိ အများဆုံးရပြီး ပျမ်းမျှ တစ်လကို ကျပ်သန်း ၇ ထောင်လောက်ရနေတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် က ပြောခဲ့ပါသည်။

ဖုန်းဘီလ်ခွန်ကို ပြီးခဲ့တဲ့နှစ် ဧပြီလက စတင်ကောက်ခံခဲ့တာဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် အဖြစ် ၅ ရာခိုင်နှုန်း ကောက်ခံနေကြောင်း သိရပါသည်။

အခွန်တွေစကောက်တဲ့ ပထမဆုံးလမှာရတဲ့အခွန်တွေကို ပညာရေးကဏ္ဍအတွက် သုံးစွဲခဲ့ပြီး နောက်ပိုင်းမှာတော့ ရတဲ့ အခွန်အားလုံးကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေထဲကို ပေးနေကြောင်း သိရပါသည်။

ဝန်ကြီးဌာနအလိုက် ကောက်ခံနေတဲ့ အခွန် ၂၁ မျိုးမှာ ၁၅ မျိုးက လျာထားချက်ထက် ပိုပြီး ကောက်ခံရရှိခဲ့တယ်လို့ ဝန်ကြီးက ပြောခဲ့ပါသည်။

Taxation Read 683 times