၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်မှနောက်ဆုံးထုတ်ပြန်လိုက်သော စာရင်းများအရ အိန္ဒိယသည် ကမ္ဘာပေါ်တွင် စီးပွားရေးဆဌမမြောက် အင်အားအကြီးနိင်ငံဖြစ်လာပြီဖြစ်ပြီး ပြင်သစ်မှာမူ အဆင့် ၇ နေရာသို့ကျဆင်းသွားသည်။
အိန္ဒိယဧ။် စုစုပေါင်းပြည်တွင်းအသားတင်ကုန် ထုတ်လုပ်မှုတန်ဖိုး (GDP)သည် ပြီးခဲ့သည့်နှစ်ကုန်တွင် ဒေါ်လာ ၂.၅၉၇ ထရီလျံအထိရှိနေပြီး ပြင်သစ်မှာမူ ၂.၅၈၂ ထရီလျံ ရှိနေခဲ့သည်။
ဝန်ကြီးချုပ်နရင်ဒရာမိုဒီ အစိုးရဧ။်စီးပွားရေးမှာ လေးလပတ်များစွာနှေးကွေးနေခဲ့ပြီးနောက် ၂၀၁၇ ဇူလိုင်တွင် အိန္ဒိယစီးပွားရေးသည် အားကောင်းကောင်းဖြင့် ပြန်လည်ခုန်တက်လာခဲ့သည်။
လူဦးရေ ၁.၃၄ ဘီလျံခန့်နေထိုင်သောအိန္ဒိယနိင်ငံသည် ကမ္ဘာပေါ်တွင် လူဦးရေအများဆုံးနိင်ငံဖြစ်လာရန် အသင့်ဖြစ်နေပြီဖြစ်သည်။သို့သော် ပြင်သစ်နိင်ငံဧ။်လူဦးရေမှာမူ ၆၇ သန်းသာရှိနေသည်။
ထို့ကြောင့် အိန္ဒိယဧ။် လူတစ်ဦးချင်း GDP သည်ယင်းထက်အဆပေါင်း ၂၀ ကျော်သာနေသောပြင်သစ်နှင့် ဆက်လက်ကွာဟနေဦးမည်ဟု ကမ္ဘာ့ဘဏ်ဧ။် အချက်အလက်များတွင်ဖော်ပြခဲ့သည်။
၂၀၁၆ ခုနှစ်နှစ်ကုန်ပိုင်းက မိုဒီသည် နိင်ငံထဲတွင်လည်ပတ်နေသော တန်ဖိုးများသောငွေစက္ကူများကို ဖယ်ရှားရုပ်သိမ်းလိုက်ပြီး VAT စနစ်သစ်နှင့် လိုက်လျောညီထွေဖြစ်စေရန် ဝရုန်းသုံးကားပြဌာန်းမှုများလည်းဖြစ်ပွားခဲ့သောကြောင့် အိန္ဒိယနိင်ငံ၏ စီးပွားရေးမှာ နှေးကွေးခဲ့ရသည်ဟု ပြစ်တင်ခံခဲ့ရသည်။
ယင်းဖြစ်စဉ်များပြီးနောက် ယမန်နှစ်အတွင်းက အိန္ဒိယစီးပွားရေးအား ပြန်လည်တိုးတက်စေသော အဓိကအကြောင်းအရင်းများမှာ ကုန်ထုတ်လုပ်မှုနှင့် စားသုံးသူများဧ။် သုံးစွဲမှုများဖြစ်သည်။
အိန္ဒိယဧ။် GDP သည်ဆယ်စုနှစ်တစ်ခုအတွင်းမှာပင် နှစ်ဆမြင့်တက်လာခဲ့သည်။
တရုတ်ဧ။် စီးပွားရေးတိုးတက်မှုနှုန်းမှာ နှေးကွေးနေစဉ် အိန္ဒိယသည် အာရှထဲမှ အဓိကစီးပွားရေးအင်ဂျင်တစ်ခုဖြစ်လာနိင်သည်ဟုလည်း ခန့်မှန်းခံထားရသည်။
ပြည်တွင်းသုံးစွဲမှုနှင့် အခွန်စနစ်ပြုပြင်ပြောင်းလဲမှုတစ်ခုတို့ဧ။် တွန်းအားကြောင့် အိန္ဒိယဧ။် စီးပွားရေးသည် ယခုနှစ်အတွင်း ၇.၄ % တိုးတက်ပြီး ၂၀၁၉ ခုနှစ်တွင် ၇.၈% တိုးတက်မှုရှိလိမ့်မည်ဟု အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ကခန့်မှန်းထားသည်။ကမ္ဘာကြီးဧ။်ပျမ်းမျှတိုးတက်မှုနှုန်းထားမှာ ၃.၉% ဖြစ်သည်။
အိန္ဒိယသည် GDP ပမာဏဖြင့် ယခုနှစ်အတွင်း ပြင်သစ်ရော ဗြိတိန်ကိုပါ ကျော်တက်လိမ့်မည်ဖြစ်ပြီး ၂၀၃၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတတိယအင်အားအကြီးဆုံး နိင်ငံဖြစ်စေရန် အလားအလာကောင်းရှိနေသည်ဟု လန်ဒန်အခြေစိုက် စီးပွားရေးနှင့်ဘောဂဗေဒသုတေသနဌာနက ယမန်နှစ်တွင် ခန့်မှန်းခဲ့သည်။
၂၀၁၇ ခုနှစ် နှစ်ကုန်တွင် ဗြိတိန်သည် ကမ္ဘာပေါ်တွင်စီးပွားရေးပဉ္စမမြောက်အင်အားအကြီးဆုံးနိင်ငံဖြစ်နေဆဲဖြစ်ပြီး GDP ပမာဏမှာ ဒေါ်လာ ၂.၆၂၂ ထရီလျံဖြစ်သည်။
ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိင်ငံမှာ အမေရိကန်ဖြစ်ပြီး ယင်းနောက်တွင် တရုတ်၊ ဂျပန်၊ ဂျာမနီတို့မှာ အစဉ်လိုက်ရပ်တည်နေကြသည်။
Daily Eleven