တရုတ်စီးပွားရေးလုပ်ငန်းများ ခြေလှမ်းသွက်လာချိန်မှာ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံ ကုန်သည်၊ စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။
အိန္ဒိယစီးပွားရေးကုမ္ပဏီများ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး၊ ပညာရေးနဲ့ သတင်းအချက်အလက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးတွေကို မြှင့်တင်ဖို့ အိန္ဒိယနိုင်ငံက ခြေလှမ်းစတင်နေပြီး ရင်းနှီးမြှုပ်နှံမှုတွေ တိုးချဲ့လုပ်ချင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E Mr.Saurabh Kumar က အိန္ဒယစီးပွားရေးလုပ်ငန်းရှင်များရဲ့ ဆန္ဒကို ပြောကြားခဲ့ပါတယ်။
လျှပ်စစ်ထုတ်လုပ်၊ ဖြန့်ဖြူးရေးကဏ္ဍနဲ့ စက်မှုလယ်ယာကဏ္ဍအတွက် လယ်ယာသုံးစက်ပစ္စည်းများ တင်သွင်းရောင်းချခြင်း၊ ထုတ်လုပ်ခြင်းကဏ္ဍတွေမှာလည်း အိန္ဒိယစီးပွားရေးလုပ်ငန်းများက ရင်းနှီးမြှုပ်နှံလိုတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ဘဏ်လုပ်ငန်း၊ အိုင်တီနည်းပညာကဏ္ဍနဲ့ ဆက်သွယ်ရေးလုပ်ငန်းများကလည်း တစ်နိုင်ငံလုံးလွှမ်းခြုံလုံလောက်မှု မရှိခြင်းက အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များကို ဆွဲဆောင်မှုတစ်ခုဖြစ်စေတယ်လို့ ယခင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်က ပြောကြားထားပါတယ်။
http://www.industrialdirectory.com.mm/articles/item/1675-daewoo-city-bus-mini-bus.html
အိန္ဒိယသမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ် အပြီးမှာ အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်များက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံပြီး စီးပွားရေးလုပ်ကိုင်ဖို့ ပြင်ဆင်မှုများရှိနေတယ်လို့ စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံမှာ ဇန်နဝါရီလကုန်အထိ လုပ်ငန်း ၃ ခုနဲ့ ကန်ဒေါ်လာ ၇၆၃ သန်းကျော် ရင်းနှီးမြှုပ်နှံထားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းဒေါ်လာ ၇၉ ဘီလီယံခန့်မှာ အိန္ဒိယနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏဟာ ၁ ရာခိုင်နှုန်းခန့်သာ ရှိပါတယ်။
ဒါပေမယ့် အိန္ဒိယနိုင်ငံဟာ လက်ရှိအချိန်မှာတော့ စီးပွားရေးလုပ်ငန်းများတိုးချဲ့ဖို့ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ်အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် တာဝန်ရှိသူများ၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
7day daily
Myanmar Industry Directory