အာရှဒေသမှ အိန္ဒိယစီးပွားရေး အမြန်ဆန်ဆုံး တိုးတက်နေ


05 November, 2018

အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယကတော့ စီးပွားရေး တိုးတက်မှုပိုင်းဆက်လက်အားကောင်းနေဆဲဖြစ်ပြီး ယခုနှစ် ၂၀၁၈ မှ ယင်းရဲ့ အမြင့်ဆုံးဂျီဒီပီ တိုးတက်မှုနှုန်းဟာ ၇ ဒသမ ၃ ရာခိုင်နှုန်းထိ ရှိမယ်လို့အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ် ADB ကခန့်မှန်းသွားခဲ့ပါတယ်။

အလားတူ အခြား အာရှနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ကလည်းပို့ကုန်လုပ်ငန်းတိုးတက်မှု၊ ပြည်တွင်း စားသုံးမှုနှုန်း မြင့်တက်မှု၊ FDIစီးဝင်မှု အားကောင်းမှု၊ စိုက်ပျိုးရေးကဏ္ဍ အားကောင်းမှုတို့ကြောင့်နိုင်ငံဂျီဒီပီ တိုးတက်မှုနှုန်း၇ ဒသမ ၁ ရာခိုင်နှုန်းထိ ရှိနိုင်မယ်လို့ယင်းရဲ့ ခန့်မှန်းချက်တွေအရ သိရပါတယ်။

လာအို၊ ဖိလစ်ပိုင် နဲ့ မြန်မာတို့ကတော့ တိုးတက်မှုနှုန်း ၆ ဒသမ ၈ရာခိုင်နှုန်းစီ ရှိနိုင်ပြီး ယခုနှစ်အတွင်း မြန်မာကတော့တိုးတက်မှုနှုန်းကတော့ မပြောင်းမလဲ ဆက်ရှိနေနိုင်တယ်လို့လည်း ADB ကခန့်မှန်းထားပါတယ်။

အာရှရဲ့ အကြီးဆုံး စီးပွားရေး အင်အားကြီးနိုင်ငံ တရုတ်ကတော့ယခုနှစ်အတွင်းဂျီဒီပီ တိုးတက်မှု ၆ ဒသမ ၆ ရာခိုင်နှုန်း ရှိမယ်လို့ သိရပြီး ယခင်နှစ်၂၀၁၇ က တိုးတက်မှုနှုန်း ၆ ဒသမ ၉ ရာခိုင်နှုန်းနဲ့ယှဉ်ရ င်လျော့ ကျသွားခဲ့ပါတယ်။

ADB ရဲ့ ခန့်မှန်းချက်အရ အာရှဒေသတစ်ခုလံုံးကတော့ ယခုနှစ် ၂၀၁၈ မှာတိုးတက်မှုနှုန်း ၆ ဒသမ ၀ ရာခိုင်နှုန်းကိုပြည့်မီနိုင်ဖွယ် ရှိတယ်လို့သိရပြီး ၂၀၁၉ အတွက် ခန့်မှန်းချက်အရတော့ တိုးတက်မှုနှုန်း အနည်းငယ်လျော့ကျပြီး ၅ ဒသမ၈ ရာခိုင်နှုန်း ရှိနိုင်တယ်လို့ သိရပါတယ်။

Strategy First Journal

 
Global News Read 597 times