မြန်မာအပါအဝင် ဈေးကွက်တွေဆီ စတင် တင်ပို့နေတဲ့ အိန္ဒိယရေနံကုမ္ပဏီ IOCL


20 February, 2019

အိန္ဒိယနိုင်ငံပိုင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီဖြစ်တဲ့ Indian Oil Corporation Limited (IOCL) ကတော့ ယခုအခါ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ မလေးရှား၊ စင်ကာပူနဲ့ မြန်မာတို့ဆီ ယင်းရဲ့ ပို့ကုန်တွေကို စတင်တင်ပို့နေပြီ ဖြစ်ကြောင်းသိရပါတယ်။

IOCL အနေနဲ့ Paradip မြို့မှာရှိတဲ့ ယင်းရဲ့ ရေနံချက်စက်ရုံကနေတဆင့် ပို့ကုန်တွေကို အထက်ပါ ဈေးကွက်နိုင်ငံတွေဆီ တင်ပို့နေတာဖြစ်တယ်လို့လည်း သိရပါတယ်။ ယခု တင်ပို့တဲ့ ပို့ကုန်တွေထဲမှာတော့ ဓာတ်ဆီ၊ ဒီဇယ်၊ လေယာဉ်ဆီ စတဲ့ ထုတ်ကုန်တွေလဲ ပါဝင်ပါတယ်။

ကျွန်တော်တို့အနေနဲ့ ဒီထုတ်ကုန်တွေကို အရှေ့ဘက်စွန်းခြမ်း နိုင်ငံတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ တင်ပို့သွားနိုင်ဖို့ ကြိုးပမ်းနေပါတယ်၊ လာမယ့် ဘဏ္ဍာနှစ်မှာ ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ အသုံးချလုပ်သွားနိုင်ဖို့ ရည်မှန်းထားပါတယ် ဆိုပြီး IOCL က တာဝန်ရှိသူတစ်ဦးက ပြောသွားပါတယ်။ လက်ရှိမှာတော့ တင်ပို့နေတဲ့ ပို့ကုန်တွေဟာ IOCL ရဲ့ Paradip ရေနံချက်စက်ရုံ ထုတ်လုပ်မှုရဲ့ ၁၀ ရာခိုင်နှုန်းသာ ဖြစ်ကြောင်းလည်း သိရပါတယ်။

SFJ Journal

Export, Import Read 427 times